Chapter - 54

27.2K 4.3K 683
                                    

#Unicode

" အ့ "

အားပြင်းလွန်းလှတဲ့ ကန်ချက်ကြောင့် ရန်အာကိုယ်တစ်ခုလုံး ကုတင်ပေါ်ကနေပြုတ်ကျသွားလေတယ် … ရှန်ဖန်းဂူက ကုတင်ပေါ်ကနေ အမြန်ဆင်းလာပြီး ရန်အာရဲ့အင်္ကျိကို စောင့်ဆွဲကာ ဒေါသအမျက်ချောင်းချောင်းထနေတဲ့ မျက်ဝန်းတစ်စုံက မီးလျှံများ တောက်လောင်နေသည့်အလား ရဲနေပြီး သူ့ရဲ့အသံက အေးဆက်ကာ သားရဲတစ်ကောင်း ဟိန်းဟောက်နေသည့်ပမာပင် …

" ရန်အာ … မင်း ဒီကို ဘယ်လိုရောက်နေတာလဲ "

ရှန်ဖန်းဂူဆွဲထားတာ အားပါလွန်း၍ ရန်အာကိုယ်လေး မြောက်ပါသွားပြီး အသက်ရှူရပ်မတတ်ပင် …

" အဟွတ် …

သ … သခင်လေးပဲ ညက ကျွန်တော်နဲ့ အိပ်ချင်တယ်ဆိုလို့ … "

' ခွပ် '

သူ့ရဲ့စကားတွေကိုအဆုံးတိုင်အောင်နားမထောင် ပါးပေါ်သို့ကျရောက်လာတဲ့လက်သီးချက်က ရန်အာပါးဆုန်ရိုး ကျိုးသွားလုမတတ်နာကျင်သွားကာ သူ့ရဲ့ကိုယ်တစ်ခုလုံး ကြမ်းပြင်ပေါ်သို့ ဘုတ်ခနဲ့ ပြုတ်ကျသွားလေတယ် …

ဖန်းဂူက အိပ်ထဲကသေနတ်ကို ဆွဲထုတ်ကာ ရန်အာနှဖူးထံချိန်ရွယ်တော့ သူ့တစ်ကိုယ်လုံး တုန်ရင်လျှက် အနောက်သို့ ဖြေးဖြေးခြင်းဆုတ်သွားပေမဲ့ နံကသူ့ကို တားစီးလိုက်တယ် …

" မင်း … သောက်ရေးမပါတာတွေ ပြောမနေပဲ ဘယ်လိုရောက်လာတာလဲဖြေ "

ဖန်းဂူ ပုံစံက အမှန်တစ်ကယ် ပြစ်လိုက်တော့မည့်ပုံ … ရန်အားက ဖန်းဂူအကြောင်းအသိဆုံးမို့ သူ့ဆိုင်လာနေကျဖောက်သည်တွေလို ရှည်ရှည်ဝေးဝေးပြောမနေတော့ပဲ လိုရင်းကိုသာ မှန်မှန်ကန်ကန်နဲ့ ပြောလိုက်လေတော့တယ်  …

" သခင်လေးမူးနေလို့ ကျွန်တော်အခန်းထဲလိုက်ပို့တာပါ …

သခင်လေး လူမှားပြီး ကျွန်တော့ကိုပြန်မလွှတ်လို့ အခန်းထဲမှာနေနေခဲ့တာပါ …

ကျွန်တော်တို့ ဘာမှမဖြစ်ခဲ့ကြပါဘူး  "

ထိုအခါမှ ဖန်းဂူ သူ့လက်ကို ပြန်ရုတ်သိမ်းလိုက်လေတယ် … ရန်အာက သူ့လက်အောက်ကလူတစ်ယောက်ဖြစ်သလို သူ့အကူအညီကြောင့် အောင်မြင်ခဲ့တဲ့ပွဲပေါင်းမနည်းဘူး … ချူးရှန်ပြီးရင် အလင်းလောကမှာ အားအကိုးရဆုံးလူဆိုရင်လဲမမှားဘူး … သူ့လက်ကိုသာ ပြန်မရုတ်သိမ်းမိရင် ရန်အာကို သူသတ်ပြီးနှင့်လောက်ပြီ …

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now