Chapter - 56 ( S1 End 💕 )

39.4K 4.8K 891
                                    

#Unicode

ဘယ်လောက်ပင် အင်အားကြီးမားသူဖြစ်လင့်ကစား သူ့ရဲ့အမှားသေးသေးလေးကနေ ဟိုးအောက်ဆုံးထိကို ဆွဲချသွားတတ်ကြတယ် …

လူ့သဘာဝ အပင်မြင့်လေ လေတိုက်လေဆိုသလို အင်အားကြီးတဲ့လူတစ်ယောက်ရဲ့ပျော့ကွက်ကိုတွေ့ပြီဆိုလျှင် ပျက်စီးသွားတဲ့ထိ နင်းချေကြလိမ့်မယ် …

လပြည့်ညဆိုတာ အမြဲရှိမနေတတ်သလို လကွယ်ညတွေဟာလဲ အမြဲရှိမနေဘူး … လူတစ်ယောက်ရဲ့ အောင်မြင်မှုကလဲ တည်မြဲမှုမရှိသလို ကျရှုံးသွားလျှင်လဲ ပြန်ပြီးအောင်မြင်မလာနိုင်ဘူးလို့ မပြောနိုင်ဘူး …

အချစ်တွေ အမုန်းတွေနဲ့ရှုတ်တွေးနေတဲ့ ဒီလောကကြီးထဲမှာ မိသားစုအမုန်းတရားတွေပြည့်နှပ်နေတဲ့ ပေါင်းစပ်လို့မဖြစ်နိုင်တဲ့ လူ ၂ ယောက်ရဲ့ကံတရာအား ဖန်ဆင်းပေးလိုက်တာကို ဘယ်သူ့ကိုအပြစ်တင်သင့်လဲ  …

သဘာဝရဲ့ပေါင်းစပ်မှုကနေဖြစ်တည်လာတဲ့ မိတ်စုံတွဲရဲ့ ရင်နင့်စရာဖြစ်ရပ်လေးကို ကောင်းကင်ပေါ်က နေမင်းကြီးက ငြှိုးငယ်စွာကြည့်နေတယ် …

ဖြတ်သန်းပြေးလွှားနေတဲ့ ငှက်ငယ်လေးတွေက ဆွေးမြေ့တဲ့သံစဉ်တွေကို သီကြူးဟစ်အော်နေကြတယ် …

တိမ်ဆိုင်တိမ်ခဲတွေက ဝမ်းနည်းစွာ အုံ့မှုန်းနေခဲ့တယ် … သဘာဝပတ်ဝန်းကျင်ကြီးက ဝမ်းနည်းမှုကို ဖော်ပြသည့်အနေနဲ့ ခနမျှ ငိုကြွေးကာ နေလေတယ်  …

မုန်တိုင်းပြီးသွားတော့ ပင်လယ်ပြင်ရဲ့လှိုင်းလုံးတွေဟာ ငြိမ်သက်သွားသလိုမျိုး အရာအားလုံးက ပင်လယ်ရေပြာပြာအောက်၌ တည်ငြိမ်ကာနစ်မြုတ်သွားလေတယ် …

တစ်ခနအကြာမှာတော့ ငြိမ်သက်သွားတဲ့ပင်လယ်ပြင်ပေါ်၌ ရဟက်ယဉ်များ ကယ်ဆယ်ရေးသင်္ဘောများ ရောက်လာကြပြီး သင်္ဘောပေါ်မှာပါလာတဲ့ နဂါးရဲ့အဖွဲ့ဝင်တွေကို ဖမ်းစီးကာ ရေအောက်၌ နှစ်မြုတ်နေတဲ့ လူတွေကို ကယ်ဆယ်ဖို့ ဆင်းသွားကြလေတယ် …

အားလုံးပေါင်း ပျောက်ဆုံးသွားတဲ့လူက ၄ ယောက်ဖြစ်ပြီး သူတို့က ကျန်းရှုယွမ် , ပိုင်မင်းယွီ , ရှန်ဖန်းဂူနဲ့ လင်းချီတို့ဖြစ်ကြတယ် …

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now