Arc(2.8)

9.5K 1.6K 14
                                    

Unicode

Arc(2.8) - Saint Magus

နေကဝေးလံလှသည့်တောင်ထိပ်မှ နေ၍တစ်ဖြည်းဖြည်းမြင့်တက်လာ သည်နှင့်အမျှကောင်းကင်မှာပထမဆုံး အလင်းဖျော့ဖျော့လေးသာရှိသေးသည်။

ထီလွန်မြို့ကိုလွှမ်းခြုံထားသည့်မြူများ သည်လည်းတစ်ဖြည်းဖြည်းဖြင့်ပါး လာခဲ့ပြီးအောက်မှာရှိနေသည့်အိမ်လေး များကိုအတန်းလိုက်လေးမြင်လာရ၏။

ထီလွန်မြို့အတွင်းရှိအများပြည်သူပိုင် ရင်ပြင်အတွင်းမှာလူပေါင်း(၁၀၀၀၀) ကျော်ကိုနေရာချထားလေသည်။နေ့က အပြည့်အဝမထွန်းလင်းသေးသော် လည်းမှော်ဝတ်စုံဝတ်ဆင်ထားသည့် အမျိုးသားအမျိုးသမီးငယ်လေးတော် တော်များများကတော့ကွင်းပြင်ထဲတွင် စုရုံးနေကြပြီဖြစ်သည်။

အကယ်၍သာကောင်းကင်ပေါ်မှကြည့် မယ်ဆိုရင်ကိတ်မုန့်တစ်လုံးရဲ့အပေါ်မှာ ဖြူးထားတဲ့ရောင်စုံသကြားမှုန်လေးတွေ လိုမျိုးဖြစ်နေမှာဖြစ်သည်။

အဲလ်ဗစ်ကလီလျိုအားသူ့ပုခုံးပေါ်သို့ တိုက်ရိုက်တင်ထားလိုက်ပြီးရင်ပြင်ရဲ့ ထောင့်တစ်နေရာတွင်ရပ်နေရင်းဖြင့် အပ်တောင်မဝင်နိုင်လောက်သည့်အလား များပြားလှသည့်လူများကိုကြည့်နေ လိုက်သည်။

လီလျိုကသူ့အမြှီးလေးကိုအဲလ်ဗစ်ရဲ့ လည်ပင်းတစ်ဝိုက်မှာပတ်ထားပြီး ပတ်ဝန်းကျင်ကိုကြည့်လိုက်ခေါင်းလေး ငုံ့ပြီးသူ့ခြေသည်းလေးများကိုလျှက်လိုက် လုပ်နေမိသည်အားမရပ်တန့်နိုင်ပေ။

ထိုနေရာမှာလူများလွန်းလို့တစ်ဦးနှင့် တစ်ဦးတောင်ကျပ်ပိတ်သိပ်နေပြီး တကယ့်ကမ္ဘာမှာဆိုရင်ဒီလိုမြင်ကွင်း မျိုးကသူအိမ်ပြန်တဲ့အချိန်နွေဦးပွဲတော် မှာသာတွေ့ခဲ့ဘူးသည်။ထိုအချိန်တုန်း ကသူ့မှာသူ့စာများကိုလတ်စသတ်ခါနီး တွင်ဆရာကသူ့အားကျောင်းမှာနေစေ ပြီးလေးငါးကြိမ်လောက်ညွှန်ကြားမှု တွေလုပ်ပြီးမှသာကျောင်းကထွက် သွားခွင့်ပြုခဲ့သည်။

အဲ့ဒီတုန်းကရထားလက်မှတ်ဝယ်လို့ မရလုနီးပါးပင်ဖြစ်ခဲ့ရပြီးရထားဘူတာ သို့ရောက်ပြန်တော့လည်းအဲ့ဒီနေရာက အရမ်းကိုလူထူထပ်သောကြောင့်ရထား ပေါ်သို့တက်လို့မရနိုင်ဖြစ်နေခဲ့ရသည်။ သူရထားပေါ်သို့ရောက်တဲ့အခါကျတော့ လည်းလူအုပ်ကြောင့်သူ့မှာမလှုပ်နိုင်မရှား နိုင်ဖြစ်ခဲ့ရပြန်သည်။အဲ့ဒါကကြောက်စ ရာကောင်းလှတဲ့ခံစားချက်ကြီးဖြစ်ပြီး သူ့ဘဝမှာနောက်တစ်ခါထပ်ပြီးမခံစား ခြင်တော့သည့်အတွေ့အကြုံလည်း ဖြစ်သည်။

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now