.. ၁၄၇ ..
12.9K 1.4K 79
《Zawgyi》
အပိုင်း - ၁၄၇
[ရှည်လျားသော ညတာ - ၂]
ချန်းစီနျန်က သူမကို အိပ်ခန်းထဲသို့ ချီပွေ့လာသည်။ သူတို့ရဲ့ အဝတ်တွေနဲ့ ဖိနပ်တွေဟာ ကြမ်းပြင်ပေါ်မှာ ပြန့်ကျဲလျက်ရှိကာ ပြန်စီရီဖို့လည်း ဘယ်သူမှ စိတ်မဝင်စားနိုင်တော့။
ချင်းစုယွဲ့ရဲ့ ကျောပြင်က နူးညံ့သည့် အိပ်ရာနှင့် ထိတွေ့မိသွားသည့် တခဏမှာပဲ ရုတ်တရက် မီးတွေမှိတ်သွားလေ၏။
ချန်းစီနျန်ဟာ သူ့ရဲ့ စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းလှသည့် ရှပ်အင်္ကျီကို ချွတ်လိုက်တော့လျက် ခေါင်းကိုငုံ့ကာ သူမကို ထပ်နမ်းသည်။
နမ်းသည် ... ရစ်နှောင်သည် ..  ကျီစယ်သည် ...
ချင်းစုယွဲ့က အသက်ပင် မရှူနိုင်တော့ပေ။
"အရှိန် .... အရှိန်လျှော့ပါဦး"
ချန်းစီနျန် ကြားလိုက်ရတော့ သူမရဲ့နှုတ်ခမ်းပါးတွေထံမှ ဖယ်ခွာလျက် မေးစေ့ .. လည်တိုင် .. ညှပ်ရိုး .... တို့အား အမှတ်အသားတွေ ကျန်သည်အထိ နမ်းလိုက်လေသည်။
ချင်းစုယွဲ့က သက်တောင့်သက်သာမဖြစ်နေစွာ မော့ကြည့်သည်။ သူမမှာ အမောတကော ပြောဆိုနေရ၏။
သူတို့ဟာ အဝတ်တွေ ချွတ်ထားကြလျက် တစ်ဦးနှင့်တစ်ဦး တဲ့တိုး စိုက်ကြည့်နေကြသည်။ ခန္ဓာကိုယ်တွေပင် ထိတွေ့နေချေပြီ။
ချန်းစီနျန်ရဲ့ လက်ချောင်းတွေဟာ သူမရဲ့အသားအရည်ပေါ်၌ ဖြည်းဖြည်းချင်း လျှောက်သွားနေကာ နမ်းပြီးရင်း နမ်းနေသည်။
ချင်းစုယွဲ့မှာတော့ ဤနှိပ်စက်မှုကြောင့် တုန်ရီနေရတော့သည်။ သူမရဲ့ အထိမခံနိုင်သည့် ခန္ဓာကိုယ်က သူ့နှုတ်ခမ်းနှင့် လက်ချောင်းထိပ်မှ ပူနွေးမှုကို ခံစားနိုင်လေသည်။
သူမက ညည်းလျက် သူ့ထံမှ ဝေးရာသို့ ရှောင်ရှားတော့သည်။ သူကတော့ ချင်းစုယွဲ့အား အလွယ်တကူပဲ ပြန်ဆွဲထားနိုင်ကာ သူမရဲ့ မျက်ခုံးလေးတွေ ... နှာခေါင်းထိပ်ဖျားလေးတွေ .. နှုတ်ခမ်းတွေနှင့် နားရွက်ဖျားလေးတွေကိုပါ နမ်းလိုက်တော့၏။