၉၁။

2.8K 336 0
                                    

❤စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး❤

အပိုင်း ၉၁။

ရှန်းရွှီက သူ့အစ်ကိုကို အကြာကြီး စိုက်ကြည့်နေ၏။ ထို့နောက် သူ့နှုတ်ခမ်းက စတင်ကွေးညွတ်လာကာ သူ့ ကိုယ်သူ မထိန်းနိုင်၍ ကြမ်းပြင်ပေါ် လဲကျကာ စတင် အော်ရီပါတော့သည်။ သူ ဒီလောက် ရယ်နေတာတောင် သူ့အစ်ကိုက အေးစက်စွာနဲ့ စိုက်ကြည့်နေတုန်း.....

" ဘာ ရယ်စရာပါလို့လဲ.. ?''

" အစ်ကို....ဘယ်လိုဖြစ်သွားတာလဲ...?''

ရှန်းရွှီ ရယ်လွန်းလို့ မျက်ရည်တွေပါ ကျလာ၏။

အရင်တုန်းက ပုံစံနဲ့ အခုလို ယှဉ်တွဲပီး မြင်မိတော့ မရယ်ပဲ မနေနိုင်တော့ပြီ။ သူက မိန်းကလေးတစ်ယောက် အတွက်နဲ့ အဲ့လောက်တောင် ဖြစ်ပျက်နေတာလား...? လုချင်းယီက သူ့အစ်ကိုကို ချက်ပြုတ်တဲ့ စကေးနဲ့ ချုပ်လိုက်တာများလား...?

' အာ...ဖြစ်နိုင်တယ်...၊ သူကိုယ်တိုင်ကလည်း အစားအသောက်ကို ကြိုက်တဲ့သူဖြစ်တယ်ဆိုတော့ အဲ့လို အစားအသောက်ကောင်းတွေ ချက်ပြုတ်နိုင်တဲ့ မိန်းကလေးကို ချစ်မိမှာပဲ...'

" မင်းကလေ...အရူးလဲမဟုတ်ဘဲနဲ့ မင်းပါးစပ်က ထွက်တဲ့ စကားလုံးတွေက ဘာလို့ ပလောင်းပလဲ ဆန်ရတာလဲ...?''

" တွေ့လား... ? အဲ့လို ရိုင်းပြီး ရက်စက်တဲ့ စကားလုံးတွေ ထွက်နေတဲ့ အစ်ကို့ကို မိန်းကလေးလုက ဘာလို့ လက်ထပ်လဲဆိုပြီး မယုံကြည်နိုင်ဖြစ်နေတာ..''

" သူမက ငါ့ကို ချစ်လို့ပေါ့...''

ထို့နောက် ရှန်းရီရဲ့ မျက်လုံးက သူ့ချစ်ဇနီးလေးဆီ ရောက်သွား၏။

" သူမက အခု... ငါနဲ့နေနေတယ်လေ...အဲ့ဒီအဓိပ္ပါယ်ကို မင်း...အခုထိ နားမလည်သေးဘူးလား ....? "

" ဒီလိုမိန်းကလေးမျိုးကို တစ်ခါမှ မတွေ့ဖူးဘူး....
တွေ့လား...? အစ်ကို့အတွက် ဘယ်လောက်ထိ ကြိုးစားနေလဲဆိုတာ...''

ရှန်းရွှီလည်း မနက်ဖြန်မှာ ကျရောက်မယ့် ပွဲအတွက် အရမ်း စိတ်လှုပ်ရှားနေမိသည်။ သူ့အစ်ကိုက မနက်ဖြန်မှာ အဖွားနဲ့ မိတ်ဆက်ပေးမယ်လို့ ဖုန်းဆက်ထားသည်တဲ့လေ......
မိသားစုနှစ်ခုကြားက ပြဿ      နာတွေတော့ ကြီးထွားကုန်တော့မှာပဲ......
အဲ့ဒီကိစ္စက သူ့ကို အတော် ခေါင်းကိုက်စေသည်။ သူ့အဖေနဲ့အဖွားကလည်း လက်ခံလား..လက်မခံလားမသိ။ ဘယ်လိုပဲဖြစ်ဖြစ် သူကတော့ သူ့အစ်ကို ကူညီရမည်လေ....

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၁)  ( ဘာသာပြန်- Zawgyi +Unicode)Where stories live. Discover now