၉၂။

2.8K 338 4
                                    


❤စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး❤

အပိုင်း ၉၂။

" အာ....ရှန်းရီ.. ...၊ အဲ့လို မလုပ်ရဘူးလေ.....ကျွန်မ အချိန်တွေအများကြီး ပြင်ဆင်ထားရတာ..... ''

ရှန်းရီက သူမကို ချစ်စိတ်ဖြင့်  လိုက်နမ်းနေလို့ သူမငြင်းဆန်နေခြင်းပင်။

သူမက ကြိုးကြိုးစားစားနဲ့ သင်ယူပြီး ပြင်ဆင်ထားရတာလေ.....အခြေအနေတွေလွန်ကုန်ရင် အကုန် သဲထဲရေသွန်ဖြစ်ကုန်တော့မှာပဲ။

" ကိုယ် မင်းအတွက် တစ်ခုခုပြင်ဆင်ထားတယ်...''
သူက သူမလက်ကို ကိုင်ဆွဲကာ ဧည့်ခန်းဆီကို ခေါ်လာ၏။ ထို့နောက် စားပွဲပေါ်မှာ ကတီပါ ဘူးလေးတစ်လုံးကို တွေ့လိုက်ရသည်။ သူမက ရှန်းရီကို ကြည့်လိုက်ပြီး ဘူးလေးကို ဖွင့်ကြည့်တော့ ဆွဲကြိုးလေးတစ်ကုံး ဖြစ်နေသည်။

လော်ကတ်မှာက ကြယ်လေးပဲ....နေဦး..၊ ဒါက ဓူဝံကြယ်မလား...?

ကြယ်လေးမှာက စိန်တွေ စီခြယ်ထားလေသည်။

ဓူဝံကြယ်လို တောက်ပနေတာပဲ....!

" ရှန်းရီ....ဒါက အရမ်းလှတယ်....''
သူမ တိုးတိုးလေး ပြောလိုက်၏။

ရှန်းရီက ဆွဲကြိုးလေးကို ဗူးထဲကနေ ထုတ်လိုက်ပြီး သူမရဲ့ လည်တိုင်မှာ ဆင်မြန်းပေး၏။

" ဒါက မင်းအတွက် ကိုယ့်ရဲ့ ချစ်သက်လက်ဆောင်လေ.....မင်း ဒါကို မြတ်နိုးလိမ့်မယ်လို့ မျှော်လင့်ပါတယ်....''

' ကိုယ် မင်းကို မြတ်နိုးသလိုပေါ့....'
အဲ့ဒီစကားလေးက သူ့အတွေးထဲမှာ ပေါ်လာ၏။

" ဘာလို့ ဒါကို ပေးတာလဲ ...?''

" မကြိုက်ဖူးလား.. .?''

" အရမ်းကြိုက်ပါတယ်... ဒါပေမယ့် ဘာလို့ ဓူဝံကြယ်လေးလဲ....?''

ဓူဝံကြယ်လေးက သူ့အတွက် အရမ်းအဓိပ္ပါယ်ရှိလို့များလား......?

" ဘာလို့လဲဆိုတော့ မင်းက ဓူဝံကြယ်လေးလိုပဲ
ကိုယ့်ဘဝကို လမ်းပြပေးတယ်လေ.. .....
လူတွေက ဓူဝံကြယ်ကို ကြည့်ပြီး လိုရာခရီးကို ရောက်အောင်သွားကြတယ်....မင်းလည်း ဓူဝံကြယ်လေးလိုပဲ.....လမ်းပျောက်နေတဲ့ ကိုယ့်ကို မှန်ကန်တဲ့ လမ်းကြောင်းပေါ်ရောက်အောင် ပို့ပေးနိုင်ခဲ့တယ်....''

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၁)  ( ဘာသာပြန်- Zawgyi +Unicode)Where stories live. Discover now