အခန်း ၈၄ + ၈၅

5.7K 470 49
                                    

အိုး မင်းမရိုးသားဘူးလား?

+

ငါက မင်းအတွက် ဘယ်သူလဲ?


လုသည် လူအများကြီးနဲ့ အပြင်မထွက်တတ်သော လူဖြစ်ပြီး ပါတီပွဲကိုလာခဲ့သည်မှာ ပွဲဖျက်ဖို့သာဖြစ်၏ ။

ငြိမ်ငြိမ်ထိုင်နေရုံနှင့် မလုံလောက်။ လူသတ်တော့မည့်အတိုင်း ခက်ထန်မာကျောသည့် ပုံစံဖြင့်နေ၏ ။

သူ့ဘေးနားမှာ မိန်းမအနည်းငယ်သာ ဝန်းရံနေကြသည်။

ကောလဟလတစ်ခုရှိခဲ့သည်။

လုကို ရရုံနှင့် ရုပ်ရှင်လောကရဲ့ ဘုရင်မဖြစ်သွားလိမ့်မည်ဆိုတာပင်။

ဘာပဲဖြစ်ဖြစ် လုပုံစံကြောင့် တော်ရုံပမွှားမင်းသမီးများ အနားမကပ်ရဲကြဘဲ နာမည်ကြီးမင်းသမီးတွေသာ ကပ်ရဲကြသည်။

ထို ရဲတင်း​သော မင်းသမီးများထဲ လင်ရှင်းရီတစ်ယောက်က လုကို သီချင်းအတူဆိုဖို့ ဖိတ်တဲ့အထိ ပိုအရဲတင်းဆုံးဖြစ်၏ ။

အဲဒီနောက်ပိုင်း တိတိဆိတ်နေတဲ့လုဟာ လင်ရှီးရီကို ဝုန်းဒိုင်းထပြီး ပွဲကြမ်းလိုက်လေရာ သူမမျက်လုံးတွေ နီရဲလာပြီး ကေတီဗွီအခန်းထဲကနေ ပြေးထွက်သွားတော့သည်။

ဓာတ်လှေကားတံခါးပွင့်သွားပြီး လက်ထောက်ဟာ လုနောက်ကနေ လိုက်လမ်းလျောက်ဖို့ လုကိုစောင့်ရင်း ဘေးမှာရပ်နေခဲ့သည်။

ဟော်တယ်ခန်းကို ပြန်လာကြတဲ့အခါ လက်ထောက်က အစောပိုင်းတုန်းက သူ့ဆရာ ရေကန်ထဲခုန်ချခဲ့တာကို မှတ်မိသွားပြီး အအေးပတ်ကာ ရုပ်ရှင်မရိုက်နိုင်မှာ ကြောက်တာကြောင့် ဂျင်းလက်ဖက်ရည်ကို အခန်းထဲ အော်ဒါမှာခဲ့သည်။

ဟော်တယ်ဝန်ထမ်းဆီကနေ ရလာတဲ့အခါ လုဆီသယ်သွားပြီး တံခါးခေါက်သည်။

မိနစ်အနည်းငယ်အတွင်း "ဝင်လာ" ဟု အထဲက​နေ ပြန်ပြောမှ ဝင်သွားသည်။

ဆေးလိပ်နံ့တွေရနေသည်။

ပြတင်းပေါက်နားမှာ ရပ်နေတဲ့လု ​ဆေးလိပ်သောက်နေတာကို မြင်သွားသည်။

သူ ပြတင်းပေါက်ကိုကြည့်ပြီး အသံတိတ် ထိုင်လိုက်သည်။

အစောပိုင်းကလို ဒေါသတွေ ထွက်မနေပေ။

ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးကိုအိမ်ပြန်ခေါ်ပါမယ် |ဘာသာပြန်| H.I.A.T.U.SWhere stories live. Discover now