၉၄။

2.7K 351 10
                                    

❤စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး❤

အပိုင်း ၉၄။

" ယုဟန်....! အဲ့လို အပြုအမူမျိုး မလုပ်ရဘူးလို့ မှာထားတယ်လေ....''
အသက်ကြီးကြီး အမျိုးသားက ရှားယုဟန်ကို အေးစက်တဲ့အသံနဲ့ ပြောလာ၏။ ရှားယုဟန်ရဲ့ အပြုအမူက မဒမ်ရှန်းရဲ့ ဧည့်သည်အပေါ် ရိုင်းစိုင်နေဟန်ပြုနေ၍ ထိုလူကြီးက တားလိုက်ခြင်းပင်။

" မဒမ်ရှန်း.....ယုဟန်ရဲ့ အပြုအမူအတွက် ခွင့်လွှတ်ပေးပါ...''
ရှားကျွင်းက ရှန်းမိသားစုရဲ့ အာရုံစိုက်မှုကို ရဖို့ နှစ်ပေါင်းများစွာ ကြိုးစားခဲ့သည်။ တကယ်လို့ ရှန်းမိသားစုနဲ့သာ ဆွေမျိုးတော်စပ်ခဲ့ရင် သူတို့မိသားစု နာမည်က ဒီနိုင်ငံအတွင်းမှာ ဟိုလေးတကျော်ကျော်ဖြစ်သွားပြီး စီးပွားရေးပါ တိုးတက် လာလိမ့်မည်။ ဒါပေမယ့် သခင်ငယ်လေးတွေက လက်ထပ်ဖို့ ငြင်းဆန်နေတာကြောင့် သူ ရှေ့ဆက်တိုးလို့ မရဖြစ်နေသည်။

ရှန်းသခင်မကြီးက လက်ကို ဝေ့ယမ်းပြလိုက်ပြီး ထို့နောက် သူမရဲ့ အကြည့်က ရှန်းရီနဲ့ လုချင်းယီအပေါ်သာ ကျရောက်နေသည်။

" ရပါတယ်... တကယ်တမ်းတောင်းပန်ရမှာက ကျွန်မပါ....''
သူမရဲ့ အာရုံက ထို ဧည့်သည်ဆီကို ကျရောက်သွားပြီး.....

" ရှင် မြင်တဲ့အတိုင်းပဲ...၊ ကျွန်မတို့ရဲ့ ရီက သူသဘောကျတဲ့  မိန်းကလေးတစ်ယောက်ကို ခေါ်လာခဲ့တယ်.....အဲ့တာဆိုတော့ ကျွန်မတို့က သူ့သဘောကို အလေးအနက်ထားရမှာပေါ့..... စိတ်မကောင်းပါဘူး....ကျွန်မကို နားလည်ပေးမယ်လို့ ထင်ပါတယ်....''

ရှားကျွင်းက အရမ်းအံ့ သြ သွားပေမယ့် ဘာမှလည်း ပြန်မပြောလို၍ ခေါင်းပဲ ငြိမ့်လိုက်၏။ ဒီစကားက သူ့သမီးနဲ့ ရှန်းရီနဲ့ကို သဘောမတူမှန်း အသိသာကြီးမလား....

" ကိစ္စမရှိပါဘူး.....မိသားစုနှစ်ခုရဲ့ ဆက်ဆံရေးကိုလည်း အရင်အတိုင်းပဲ တည်မြဲချင်ပါသေးတယ်.....နောက်ပြီး ရှန်းမိသားစုကလည်း စီးပွားရေးကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်တို့နဲ့ တွဲလုပ်မယ်လို့ မျှော်လင့်ပါတယ်....''

သူက ဆိုဖာကနေ ထလိုက်တော့ အတွေးထဲမှာ မြောနေတဲ့ ရှားယုဟန်လည်း ရုတ်တရက် မတ်တပ်ရပ်လိုက်၏။

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၁)  ( ဘာသာပြန်- Zawgyi +Unicode)Where stories live. Discover now