.. ၁၅၀ ..
12.1K 1.3K 24
《Zawgyi》
အပိုင်း - ၁၅၀
[ချန်းကတော်ကို ပြန်လည်ကြိုဆိုပါတယ် - ၁]
အခု ချန်းစီနျန်က မင်္ဂလာပွဲအတွက် စီစဉ်ရအုန်းမည်ဖြစ်သဖြင့် သူက ချင်းစုယွဲ့အား Aမြို့သို့ ပြန်လိုက်ပို့ပြီး အကြာကြီး မနေနိုင်ပဲ
ရှန်ကျင်းမြို့သို့ ကတိုက်ကရိုက် ပြန်သွားရလေသည်။
ချင်းစုယွဲ့က ပုံမှန်အတိုင်း အလုပ်သွား၏။ သို့သော်လည်း သူမရဲ့လုပ်ဖော်ကိုင်ဖက်တွေ၏ အကြည့်စူးစူးတွေကိုတော့ သူမ ခံစားမိရနိုင်သည်။ သူမကို လာလာစနောက်ကြတဲ့သူတွေလည်း အများကြီးပင်။
သူတို့ လက်ထပ်ကြတော့မယ်ဆိုတာကို သိနေကြတဲ့ မီဒီယာတွေမှာလည်း ချင်းစုယွဲ့ကို အင်တာဗျူးဖို့အတွက် လာရောက်ချိန်းဆိုကြလေ၏။ ချင်းစုယွဲ့ကတော့ ၎င်းတို့ကို လွယ်လွယ်ကူကူပင် ငြင်းပယ်လိုက်သည်သာ။
ချင်းစုယွဲ့က ချန်းစီနျန်ကို ဖုန်းဆက်ပြီး တမင်သက်သက် ရယ်မောလိုက်လေသည်။
"ဥက္ကဌချန်းကို ကျေးဇူးအများကြီးတင်ပါတယ်ရှင် .. ရှင်က တကယ်ကြီး ကျွန်မကို နောက်ထပ် နာမည်ကြီးသွားအောင် လုပ်ပေးလိုက်တာပါပဲ"
ထိုအတွက်ကြောင့်မလို့ သူမဟာ အလုပ်ရှုပ်နေရပြီး သူမကို ငွေကြေးလှူဒါန်းပွဲတွေ ပျော်ပွဲရွှင်ပွဲတွေ ပြိုင်ပွဲတွေကို စီစဉ်တင်ဆက်ပေးဖို့ လာရောက် ဖိတ်ကြားမှုတဲ့သူတွေ မရေမတွက်နိုင်အောင် ရှိနေလေ၏။
ချန်းစီနျန်က သူ့လက်ထဲက ဘောပင်ကို လှည့်ရင်း ပြုံးလိုက်သည်။
"အင်း ရပါတယ် ချန်းကတော်ရဲ့"
ချင်းစုယွဲ့မှာ ပြောစရာစကား မရှိတော့။
သူ့ကို ချီးကျူးလို့ကိုမရဘူး!
ပျော်စရာကောင်းတဲ့ နေ့ရက်တွေဟာ တိုတောင်းလှပါ၏။ တစ်နေ့မှာတော့ မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့လေသည်။
အဲဒီနေ့က ချင်းစုယွဲ့က အပြင်မှာ ဆင်းရဲနွမ်းပါးတဲ့ ကလေးငယ်တွေကို ကူညီစောင့်ရှောက်ဖို့အတွက် လှူဒါန်းသည့် ပွဲအခမ်းအနားတစ်ခုအတွက် တင်ဆက်ပေးနေရလေသည်။ ထိုပွဲပြီးချိန်မှာ ချန်းစီနျန်နှင့် ချင်းကွမ်းချန်တို့ နှစ်ယောက်လုံးက သူမကို ဖုန်းတွေ မြောက်များစွာ ခေါ်ဆိုထားကြသည်ကို တွေ့လိုက်ရ၏။