အပိုင်း-၄ (Unicode)

12.5K 1.4K 37
                                    

"လွှမ်းကိုမခေါ်သွားပါနဲ့။မေမေရေ!!"

သံကုန်ခြစ်ပြီးအော်ငိုနေတဲ့ ကလေးငယ်ကို အမျိုးသမီးတစ်ယောက်က ကောက်ပွေ့လိုက်လေသည်။ ဝတစ်ပြီးလုံးကစ်နေတဲ့ထိုကလေးလေးသည် ထိုအမျိုးသမီးရင်ခွင်ထဲမှ အတင်းကန်ကျောက်ပြီး ရုန်းထွက်နေလေသည်။

"သားငယ်လေး။တိတ်တိတ်..။လွှမ်းကပြန်လာမှာနော်။နော်။ဟုတ်တယ်မဟုတ်လား။"

၀ိုင်းစက်နေတဲ့မျက်ဝန်းလေးတွေထဲက အရည်ကြည်တွေသည် ငွေ့ရည်ဖွဲ့သွားလေသည်။ အောက်က ပိန်ပိန်သေးသေးနှင့် ကလေးလေးကို ငုံ့ကြည့်လိုက်ရင်း အသံသေးသေးလေးတစ်ခုကထွက်ပေါ်လာလေသည်။

"ပြန်လာမှာလား။"

အဖြေတစ်ခုခုအစား ပြန်ရလိုက်သည်က ခပ်ဝေးဝေးကိုထွက်ပြီး ပျောက်ကွယ်သွားတဲ့ကျောပြင်တစ်ခုသာ။ သံကုန်ခြစ်ပြီးအော်ဟစ်လိုက်မိသည်။

"လွှမ်း!"

"ဟေ့..။မာန်..။ထ...။"

ပုခုံးကိုခပ်ကြမ်းကြမ်းလူပ်နိူးခံလိုက်ရတာမို့ ထက်မာန်ဦး ဖျတ်ခနဲအိပ်ရာက လန့်နိုးသွားလေသည်။ ထက်မာန်ဦးကိုအပေါ်စီးကနေ ငုံ့မိုးကြည့်နေသူသည် လွှမ်း..။ စူထော်နေတဲ့နူတ်ခမ်းချွန်ချွန်လေးတွေသည် ခပ်ကော့ကော့လေး ဖြစ်သွားလေသည်။ မျက်လုံးနှစ်လုံး ပွင့်သည်နှင့် လွှမ်းကိုမြင်လိုက်ရတဲ့ မနတ်ခင်းသည် ညကမက်ခဲ့သော အိမ်မက်ဆိုးကို ခြေဖျတ်ပေးလိုက်သည့်နှယ်။

"အွန်း.."

တအွန်းအွန်းနှင့် ညည်းညူရင်း ထက်မာန်ဦး အိပ်ယာကိုကုတ်ကတ်ထားမိသည်။ လွှမ်းရှိနေပြီဆိုတာ သိလိုက်တော့ စိတ်ချလက်ချနှင့်ပြန်အိပ်ဖို့ပြင်သည်။ ခေါင်းအုံးကိုမျက်နှာအပ်ထားလိုက်မိသည်။

"ဘယ်အချိန်ရှိနေပြီလဲ။ထကြည့်စမ်းပါ!"

လွှမ်းအသံကပိုပြီး ကျယ်လာသည်။ ဘယ်အချိန်ရှိပြီလဲ အချိန်တွေ နာရီတွေ မသိတော့ပါ။ ထက်မာန်ဦး ခေါင်းထဲ ကိုက်ခဲပြီး မလူပ်ချင်တာဘဲသိတော့သည်။ ဝေလွှမ်းကတကယ့်ကို တဗျစ်တောက်တောက်နဲ့ဆူပူနေတဲ့မိန်းမကြီးလို့ဘဲ။ အပျိုကြီးဖြစ်တဲ့ကြီးငယ်ထက်တောင် ဆိုးဦးမယ်။ 

AFFECTION-နှောင်ကြိုး(နှောင်ကြိုး)Where stories live. Discover now