အပိုင်း-၆ (Unicode)

11K 1.2K 125
                                    


"မင်းသက်သာသွားပြီလား!"

ခေါင်းပေါ်ကိုဘုတ်ခနဲကျလာတဲ့ စာအုပ်ကြောင့် ထက်မာန်ဦး နောက်သို့လှည့်ကြည့်လိုက်သည်။ ထင်တဲ့အတိုင်း စိုင်းဝေယံ။ ထက်မာန်ဦး ကို စနောက်ချင်တိုင်း နောက်ပြီးရင် ဒင်းက လျှာထုတ်ပြီးပြောင်ပြမယ်။ အစအနောက်ကလည်း ကြမ်းသလားမမေးနဲ့။

"မင်းနှမပေးလင်က ဒီမှာအရှင်လတ်လတ်ကြီးငုတ်တုတ်ရှိနေတာလေ။ မမြင်ဘူးလား!"

ထက်မာန်ဦး ပါးစပ်ထဲက အယုတ္တ အနတ္တစကားလုံးတွေက ထွက်လာတော့သည်။ လူကို မရိုင်းရိုင်းအောင်လာလုပ်နေကြတယ်။

"မင်းဟာကလည်း..ဝေလွှမ်းအစ်မကိုလည်း ကြံတယ်။ ငါ့ညီမလည်း မချန်ဘူး။"

စိုင်းဝေယံ မှာညီမရှိတယ်ဆိုတာ ကြားလိုက်တဲ့အချိန်ကစပြီး ရုပ်တောင် မမြင်ဖူးတဲ့ သူ့ညီမကို ထက်မာန်ဦး တောက်လျှောက်ပစ်မှားလေတော့သည်။ ဝေလွှမ်းအစ်မကတော့ ထက်မာန်ဦးရဲ့ ငယ်ငယ်ကတည်းက အချစ်ဦးကလေး။

"ငါကနှစ်ယောက်လုံး ယူပစ်မှာ။ ဟား။ဟား။"

မျက်နှာကို အပေါ်မော့ပြီး လူယုတ်မာရယ်သံကိုပင် ထက်မာန်ဦးက ပြုမူလိုက်သေးသည်။

"လက်သီးဘဲရမယ်။ဟျောင့်။"

စိုင်းဝေယံနှင့် သူတပြန်ကိုယ်တပြန် စကားနိုင်လုနေရင်းနှင့် အရှိန်ပါပြီး စိုင်းဝေယံက ထက်မာန်ဦးကို ဆောင့်တွန်းလိုက်လေသည်။ခုံက အကာအရံမပါတာမို့ အနောက်ကို ပက်လက်လှန်လဲကျမှာကြောက်တဲ့စိတ်နဲ့ လှမ်းပြီးထောက်မိထောက်ရာထောက်လိုက်တာ လွှမ်းရဲ့ ပေါင်ခြံကြားဖြစ်နေတော့သည်။

"ဟာ..ဟေ့ကောင်..။မင်း..။"

စိုင်းဝေယံက အော်ကြီးဟစ်ကျယ်နှင့် ထပြီးအော်တော့သည်။ ထက်မာန်ဦး ရုတ်တရက်မို့ လက်ကိုပြန်မရုတ်မိ။ ဒီအခြေအနေကို ဟာသလုပ်ဖို့ကြိုးစားလိုက်ပေမယ့် ထက်မာန်ဦးရဲ့လက်ကိုမမှိတ်မသုန်နှင့် စိုက်ကြည့်နေတဲ့ လွှမ်းရဲ့အကြည့်တွေကို အမြင်မှာတော့ ထက်မာန်ဦး ထိတ်ခနဲ လန့်သွားလေသည်။ ချက်ချင်းဘဲ လက်ကို ပြန်ရုတ်လိုက်မိလေသည်။

AFFECTION-နှောင်ကြိုး(နှောင်ကြိုး)Where stories live. Discover now