၉၇။
2.5K 306 3
❤စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး❤
အပိုင်း ၉၇။
နောက်ပြီး တစ်ယောက်ယောက်....  ဟုတ်တယ်  ...တစ်ယောက်ယောက်က မလှမ်းမကမ်းကနေ စိုက်ကြည့်နေသလိုပင်.....ထို့နောက် သူမလိုက်ကြည့်သော်လည်း မတွေ့ရတော့။
ထို့နောက် သူမနဲ့ ရွှီက ခန်းမနားက လသာဆောင်မှာ ရှိနေတုန်း ရှောင်လန်နဲ့ဆုံတော့.....
" နင်က ချင်းချင်းရဲ့ ဘော်ဒီဂတ်လား...? "
ရှောင်လန်က ရွှီကို စ၏။
ရှောင်လန်က ချင်းယီကို သူမရဲ့ ဘေ ဘီလေးတွေနဲ့ ကစားနေတာကို တွေ့ကတည်းက ချင်းချင်းလို့ နာမည်ပြောင်းခေါ်ခဲ့သည်။ ချင်းယီက သူမရဲ့ အချစ်ဆုံး သူငယ်ချင်းလို ခံစားရသည်လေ။
ချင်းယီရဲ့ အပြုံးတွေက အရမ်းတောက်ပပြီး သူမက ခွေးလေးတွေနဲ့ ကစားရတာကို အရမ်းကြိုက်၏။
" ကျွန်တော်....? ဘော်ဒီဂတ်...?''
ထို့နောက် ရွှီကပဲ....
" ကျွန်တော်က အစ်ကို့ကို ကူညီနေတာပါနော်....နောက်ပြီး ဒီမှာ ကျွန်တော်က  ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ကြီး ဆိုတာလည်း သတိရဦး...''
ရွှီက အင်္ကျီကော်လံကိုကိုင်ကာ ပုခုံးတွန့်ပြလာ၏။
" ကောင်မလေး မရှိတာက လွဲရင်ပေါ့...''
ရှောင်လန်က အဓိကအချက်ကို ထောက်ပြလာသည်။
ချင်းယီက မခံချင်ဘဲ....
" အာ ....ဒီစုန်းမလေးတော့...! ကျွန်တော့်မှာ ချစ်သူရှိပါတယ်.......
.........အနာဂတ်မှာ.......''
" နင်နဲ့အတူအိပ်ချင်တဲ့ မိန်းမတွေပဲ နင့်ဘေးမှာများနေတာမလား...?....တစ်ယောက်လောက် ဆွဲစားလိုက်ပေါ့... ''
ရှောင်လန်က ပြန်ပြောပြန်၏။
" ရှောင်လန်ရယ်....ကျွန်မ ဒီမှာရှိနေတဲ့ဟာ...ဘာတွေပြောနေတာလဲ....?''
တကယ်ပဲ....ဒီလူ​တွေတော့...! သူမကိုကျတော့ နူးညံ့ သိမ်မွေ့တဲ့ မိန်းကလေးဖြစ်အောင် ပြု ပြင်ပေးကြတယ်....သူတို့ကိုယ်တိုင်က ဘာစကားတွေပြောနေမှန်းမသိ။
စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၁)  ( ဘာသာပြန်- Zawgyi +Unicode)Where stories live. Discover now