.. ၁၅၄ ..
10.3K 1.1K 21
《Zawgyi》
အပိုင်း - ၁၅၄
[မတရားဘူးလို့ ခံစားနေရတာလား? - ၁]
ချင်းစုယွဲ့မှာ စကားမှားသွားမှန်း သိလိုက်ပြီးနောက် ချန်းစီနျန်ရဲ့ဘေးက လေထုက အေးစိမ့်သွားသည်ကို ခံစားလိုက်ရသည်။ ချင်းစုယွဲ့ကတော့ ချန်းစီနျန်ရဲ့မည်းမှောင်သွားတဲ့ မျက်နှာကို တွေ့တာနဲ့ သူ့ကို အပြေးအလွှား လိုက်ဖက်တော့လေကာ ချစ်စရာကောင်းအောင် လုပ်တော့၏။
"အချစ်ရယ် ... ဘေဘီ မှားသွားပါတယ်!"
ချန်းစီနျန်က သူမကို တွန်းမထုတ်ပေမယ့် ပြန်လည်းမဖက်ပေ။ သူက အေးတိအေးစက်ပြောသည်။
"ဘာအမှားလုပ်ခဲ့တာလဲ?"
ချင်းစုယွဲ့က သူမရဲ့လက်ရှိပုံစံကို ပြန်ထိန်းလိုက်သည်။
"ဘေဘီကလေ ဒုက္ခရောက်ရောက်ချင်း အချစ်ကို ပြောပြခဲ့သင့်တာပါ"
"ချင်းစုယွဲ့ ... ကိုယ်က ဒီတစ်ခုထဲ အတွက်ကြောင့်နဲ့ ဒေါသဖြစ်နေတာလို့ ထင်နေလား?"
ချင်းစုယွဲ့က ခေါင်းကိုငုံ့လိုက်ပြီး သူ့ရင်ခွင်ထဲမှာ တိုးဝှေ့နေ၏။
"သိတယ် .. သိပါတယ် .. ကိုက ဘေဘီထိခိုက်မိမှာ ကြောက်နေတာ .. ဒါပေမယ့် ဒီကိစ္စက ရုတ်တရက်ကြီး ဖြစ်သွားတော့ ဘေဘီလည်း ဘာလုပ်လို့လုပ်ရမှန်း မသိတော့ဘူးလေ ... ကို့ကို ဖုန်းဆက်ချင်ပေမယ့် ဘယ်လိုရှင်းပြရမလဲ မသိဘူး ... ဘေဘီ့ကို ဘယ်လိုရှင်းပြစေချင်တာလဲလို့....."
ချင်းစုယွဲ့မှာ ပြောရင်းပြောရင်းနှင့် အသံက တိုးဝင်လာ၏။
ချန်းစီနျန်ကတော့ သူမအသံကိုနားထောင်ရင်း ကူရာမဲ့စွာ ဆိုသည်။
"မတရားဘူးလို့ ခံစားနေရတာလား?"
ချင်းစုယွဲ့က ပြန်ချေပသည်။
"ခံစားရတာပေါ့! ဘာမှန်းသိတဲ့ လူတစ်ယောက်က ရုတ်တရက် ပေါ်လာပြီး မိန်းမလို့ခေါ်တာလေ ... သူက ဘေဘီ့ကို အသားတောင် ယူသွားသေးတယ်! ဘယ်လိုလုပ်ပြီး မတရားဘူးလို့ မခံစားမိပဲ နေရမှာလဲလို့?! ဘေဘီ့အစ်ကိုက အဲ့လူကို ရိုက်ပြီးသွားတာတောင် ဒေါသပြေနိုင်မှာ မဟုတ်ဘူး! အချစ်ကတောင် ဒီလိုမျိုးကြီး လူကြားထဲမှာ မခေါ်ခဲ့တာကို..... အဲ့လူက တကယ်ကြီး အခွင့်အရေး ယူသွားတယ်!"