Chapter (5-1) - ထိန္းခ်ဳပ္ႏိုင္စြမ္း ေလ်ာ့နည္းသြားသည့္ system

6.1K 952 15
                                    

Chapter (5-1) - ထိန္းခ်ဳပ္ႏိုင္စြမ္း ေလ်ာ့နည္းသြားသည့္ system

အဝတ္လဲခန္းထဲထိုင္ေနစဥ္ က်ိဳးယြင္ရွန္႔က သူ႔လက္ေကာက္ဝတ္က AI နာရီကို စိုက္ၾကည့္ေနသည္။ အျပစ္ေပးမႈက ၁ နာရီၾကာတာျဖစ္လို႔ အခ်ိန္ေစ့သည္ကို ခုလို စိုက္ၾကည့္ေနတာျဖစ္သည္။

(AI နာရီ - က်ိဳးယြင္ရွန္႔၏ လက္ေကာက္ဝတ္ရွိ system ႏွင့္ခ်ိတ္ဆက္ထားေသာ နာရီျဖစ္ၿပီး က်ိဳးယြင္ရွန္႔ကလြဲၿပီး ဘယ္သူမွမျမင္ရေသာနာရီ)

က်ိဳးယြင္ရွန္႔၏ IQ က ထင္မွတ္မထားေလာက္ေအာင္ ျမင့္မားၿပီး တြက္ခ်က္မႈက တိက်လြန္းေသာေၾကာင့္ အျပစ္ေပးမႈက ဘယ္အခ်ိန္ကစလွ်င္ ဘယ္အခ်ိန္မွာၿပီးဆံုးမည္ကို သူ ေသခ်ာသိသည္။ ဒီအျပစ္ေပးမႈက ၁ နာရီဆိုေပမယ့္ ၂ စကၠန္႔ေလ်ာ့နည္းလာသည္ကို သိလိုက္ရသည္။ ဒီ ၂ စကၠန္႔ဆိုတဲ့အခ်ိန္က တိုေတာင္းတယ္ဆိုေပမယ့္ ဒီအခ်က္က system မွာ ျပႆနာတစ္ခုခုရွိေနတာကို ျပသေနသည္။ သူ ရြာကေနထြက္လာတုန္းက ပထမအဆင့္ အျပစ္ေပးမႈက ၁ စကၠန္႔ အခ်ိန္ေစာၿပီးခဲ့ၿပီး ခုလည္း ၂ စကၠန္႔ ေစာၿပီးခဲ့သည္။

ဒီလို အျပစ္ေပးခ်ိန္က ဘာေၾကာင့္ ကာလတိုေတာင္းသြားတာလဲ..။ ဘာေၾကာင့္ ခုလိုျဖစ္တာလဲ..။ System က Lord God ႏွင့္ အဆက္အသြယ္ျပတ္ေတာက္သြားလို႔ သူ႔အေပၚ ထိန္းခ်ဳပ္မႈက ေလ်ာ့ပါးသြားတာလား။ System ကို လည္ပတ္ဖို႔ လိုအပ္တဲ့စြမ္းအားေတြက သူ ကမာၻတစ္ခုမွာ mission ေအာင္ျမင္ၿပီးလို႔ Lord God ဆီျပန္ေရာက္တိုင္း ရခဲ့သည့္ power မ်ားသာျဖစ္သည္။ အခု Lord God ႏွင့္ အဆက္ျပတ္သြားရင္ ဒီ system ဆက္ run ဖို႔ power မရခဲ့ရင္ သူ Lord God ဆီ ျပန္မသြားႏိုင္ေတာ့ေပ။ Lord God က သူ႔ကိုေပးသည့္ power မ်ားကို ျဖတ္ခ်ပစ္ႏိုင္သည္။

တနည္းအားျဖင့္ေျပာရရင္ Lord God က သူ႔လႈပ္ရွားမႈေတြကို ထိန္းခ်ဳပ္တာအားနည္းသြားသည့္ သေဘာျဖစ္သည္။ သူက အာကာသထဲက Lord God ဆီ ျပန္မသြားႏိုင္ရင္ ဆိုးဝါးသည့္ ဗီလိန္ system ထဲက မစ္ရွင္ေတြကို ဆက္လုပ္စရာမလိုေတာ့ေပ။ ဒါဆိုရင္ သူ႔ရဲ့တကယ့္ကမာၻကို ျပန္မသြားႏိုင္ေတာ့ဘဲ ပံုရိပ္ေယာင္ကမာၻႀကီးထဲ ထာဝရေနထိုင္ရေပေတာ့မည္။

ျဖစ္ႏိုင္ေခ်အားလံုးကို စဥ္းစားၿပီးေတာ့ က်ိဳးယြင္ရွန္႔က အေကာင္းဘက္က ေတြးလိုက္သည္။ တကယ့္ကမာၻေလာကကို ျပန္မသြားရလည္း ဘာျဖစ္လဲ..။ ခုေနရာမွာလည္း သူက နာက်င္ႏိုင္သလို ထိေတြ႕ခံစားႏိုင္တာပဲ။ ထိန္းခ်ဳပ္မႈကင္းသည့္ လြတ္လပ္သည့္ဘဝမွာ ေနထိုင္ရတာက ပိုေကာင္းပါသည္။

သူျပန္သြားရသည္ျဖစ္ေစ၊ ျပန္မသြားရသည္ျဖစ္ေစ၊ ဘာမွမျဖစ္ေပ။ က်ိဳးယြင္ရွန္႔က ေက်နပ္စြာၿပံဳးကာ လက္ကနာရီရွိသည့္ေနရာကို ပြတ္လိုက္သည္။ အိမ္ေရာက္မွ ဒီနာရီကို ဘယ္ေနရာမွာ မွားေနသလဲ ေသခ်ာစစ္ေဆးရန္ ဆံုးျဖတ္လိုက္သည္။

System ၏လံုၿခံဳေရးစနစ္ ဒုတိယလႊာထဲသို႔ သူ႔ဝိညာဥ္စြမ္းအားကို ထည့္သြင္းလိုက္သည္။ ဒုတိယလႊာက်ိဳးေပါက္ၿပီး System ၏ တတိယလႊာထဲ ေရာက္သြားရင္ Lord God နဲ႔ system ဘာျပႆနာေတြ ႀကံဳေနရသလဲဆိုတာ သူေသခ်ာသိႏိုင္သည္။ ဒါဆို ဒီ control system ကို သူ ေသခ်ာကိုင္တြယ္ႏိုင္လိမ့္မည္။

က်ိဳးယြင္ရွန္႔က နဖူးကေခၽြးေတြကို ဖယ္ရွားလိုက္ၿပီး ဝတ္ဆင္ထားသည့္ မိန္းကေလးဆန္ဆန္အဝတ္မ်ားကို ခၽြတ္ကာ ေယာက္်ားေလးဝတ္စံုကို ကိုယ္ေပၚဝတ္လိုက္သည္။

ရႊယ္ဇီရႊမ္က အခု သူ႔ကို ဆံပင္ညႇပ္ဆိုင္ေခၚသြားၿပီး ဆံပင္ကို ခပ္တိုတို ကိုက္ညႇပ္ခိုင္းသည့္အျပင္ ေယာက္်ားေလးအဝတ္အစားဆိုင္ကို ေခၚလာၿပီး ဝယ္ျခမ္းေပးေနတာ သူ ပ်င္းေနလို႔ျဖစ္မည္။ သူသာ ခုလို ေယာက္်ားေလးပံုစံအတိုင္း ဝတ္စားၿပီး ရႊယ္အိမ္ေတာ္ကိုျပန္သြားရင္ အိမ္ေတာ္ပတ္ဝန္းက်င္ကလူေတြက သူက ေယာက္်ားေလးျဖစ္တယ္ဆိုတာ အားလံုး သတိျပဳမိလိမ့္မည္။

သူက ႐ုတ္တရက္ေပၚလာၿပီး ႐ုတ္တရက္ေပ်ာက္သြားခဲ့ရင္ ရႊယ္အိမ္ေတာ္၏ရန္သူေတြက စိတ္ဝင္စားလာၾကလိမ့္မည္။ သူတို႔သာ အေသးစိတ္စံုစမ္းရင္ ရႊယ္က်င္းရီ၏ ႏွလံုးခြဲစိတ္မႈမွာ အစားထိုးဖို႔ ဟြမ္ရီဆိုတဲ့ သူ႔ကိုသတ္ၿပီး ႏွလံုးထုတ္ယူလိုက္သည့္ကိစၥ ေပၚသြားေပလိမ့္မည္။ လူသတ္မႈအေၾကာင္းေပၚရင္ ရႊယ္အိမ္ေတာ္အေနျဖင့္ ေသခ်ာေပါက္ ျပႆနာတက္လိမ့္မည္။

ရႊယ္ဇီရႊမ္ေတာင္ ဒီလိုျပႆနာတက္မွာမမႈဘဲ သူ႔ကို ျပင္ဆင္ေပးမွေတာ့ သူက ဘာေၾကာင့္ မဝတ္ရဲရမွာလဲ။ ရႊယ္အိမ္ေတာ္ ျပႆနာတက္ေလေလ သူ႔အတြက္ ပိုေကာင္းေလျဖစ္သည္။

အဝတ္အစားလဲၿပီး အခန္းထဲကထြက္လာခ်ိန္မွာ သူ၏ ေခ်ာမြတ္ကာ လွပလတ္ဆတ္သည့္ အသားအေရ၊ နံနက္ခင္းေရာင္ျခည္ကဲ့သို႔ ေတာက္ပကာ တစ္ဖက္သားကို အၾကည့္မလႊဲႏိုင္ေအာင္ ဆြဲေဆာင္ႏိုင္သည့္ လူေခ်ာေလးပံုရိပ္က store ဆိုင္ထဲက အေရာင္းစာေရးမေလးမ်ား၏ မ်က္ဝန္းကို ဆြဲေဆာင္ႏိုင္ၿပီး ဝိုင္းအံုကာ ခ်ီးက်ဴးစကားဆုိၾကသည္။

"ေရြးထားတဲ့အဝတ္ေတြအားလံုးကို ထည့္ေပးပါ.. ေက်းဇူးတင္ပါတယ္.."

အေရာင္းစာေရးမေလးေတြ၏ အငမ္းမရ မ်က္ဝန္းေတြကိုေတြ႕ေတာ့ ရႊယ္ဇီရႊမ္၏မ်က္လံုးေတြက နက္ေမွာင္သြားၿပီး Black Card ကိုကမ္းေပးကာ ေျပာလုိက္သည္။ သူက ကတ္ေၾကးတစ္လက္ေတာင္းကာ ဟြမ္ရီဝတ္ထားေသာဝတ္စံု၏ ကဒ္ျပားကို ညႇပ္ပစ္ကာ ေျပာလိုက္သည္။

"ဒီဟာကို ဆက္ဝတ္ထားလိုက္.. ခၽြတ္စရာမလိုဘူး.. မင္းနဲ႔ အရမ္းလိုက္တယ္.."

သူ႔အမူအယာက မေျပာင္းလဲေပမယ့္ သူ႔ေလသံႏွင့္အၾကည့္ေတြက ႏူးညံ့ကာ ၾကည့္ေကာင္းလို႔ေနသည္။ က်ိဳးယြင္ရွန္႔က သူ႔ကိုၾကည့္ကာ ေခါင္းညိတ္လိုက္သည္။

ေငြရွင္းၿပီးေတာ့ ရႊယ္ဇီရႊမ္က ဘယ္လက္မွာ shopping အိတ္မ်ားကိုဆြဲကာ ညာဘက္လက္က ေကာင္ေလးကိုတြဲကာ shopping mall ထဲကထြက္လာသည္။ Xiao Wang က ေနာက္မွ အထုပ္ပိုးမ်ားစြာကိုသယ္ကာ လိုက္လာခဲ့သည္။

ရႊယ္အိမ္ေတာ္မွာ ေကာင္ေလးကိုသတ္ၿပီး ႏွလံုးထုတ္ယူမႈလုပ္မွာကို သိသူက အိမ္ေတာ္ထိန္းဖူဘိုႏွင့္ လူယံုေတာ္တခ်ိဳ႕ပဲသိၾကသည္။ မာလီ၊ ဥယ်ာဥ္မွဴး၊ အိမ္ေဖာ္အမ်ားစုကို သတင္းမေပါက္ၾကားေစရန္ ႀကိဳတင္၍ အလုပ္ထုတ္ထားၿပီးျဖစ္သည္။ သူတို႔အားလံုးက ဒီႏွလံုးအစားထိုးမႈကို လုပ္ဖို႔ ေစာင့္ဆိုင္းေနၾကသည္။

သူနာျပဳ Xiao Deng က ဆန္ျပဳတ္ကို ေဆး႐ံုသြားပို႔ေနလို႔ အိမ္မွာ သူနာျပဳလက္ေထာက္ Xiao Zhou တစ္ေယာက္တည္း က်န္ရစ္ခဲ့သည္။ ဒါေၾကာင့္ ဧည့္ခန္းမွာပဲ မီးထြန္းထားၿပီး တစ္အိမ္လံုးကို မီးမွိတ္ထားလို႔ ေဘးပတ္လည္က အိမ္ေတာ္ေတြနဲ႔စာရင္ ရႊယ္အိမ္ေတာ္က ေအးစက္စက္ႏွင့္ အထီးက်န္ေနသလိုပင္။

ကားက ၿခံဝင္းထဲကလမ္းထဲ ခ်ိဳးေကြ႕ဝင္လိုက္သည္ႏွင့္ မီးေရာင္ကင္းမဲ့သည့္ ရႊယ္အိမ္ေတာ္ႀကီးက ရႊယ္ဇီရႊမ္၏အတိတ္ျဖစ္ရပ္ကို ျပန္သတိရလာေစသည္။ သူ႔ဘဝမွာ ဂီတအျပင္ ေရာင္စံုျဖာကမာၻေျမႀကီးႏွင့္ ဆြတ္ပ်ံ႕ၾကည္ႏူးဖြယ္ ခ်စ္ျခင္းတရားတို႔ရွိသည္ကို သူပိုသိလာခဲ့သည္။ သူ႔မ်က္လံုးကို မွိတ္လိုက္တာနဲ႔ ေသြးစြန္းသည့္ဓားကိုကိုင္ထားသည့္ ရႊယ္က်င္းရီက သူ႔ေရွ႕မွာေပၚလာၿပီး ေသြးညႇီနံ႔တို႔ ေထာင္းေထာင္းထေနသလို ခံစားလုိက္ရသည္။ ရႊယ္ဇီရႊမ္က ေခါင္းခါလိုက္ၿပီး စိတ္မခ်မ္းေျမ့စရာ မွတ္ဥာဏ္ေတြထဲက ႐ုန္းထြက္လိုက္သည္။

=============================

Chapter (5-1) - ထိန်းချုပ်နိုင်စွမ်း လျော့နည်းသွားသည့် system

အဝတ်လဲခန်းထဲထိုင်နေစဉ် ကျိုးယွင်ရှန့်က သူ့လက်ကောက်ဝတ်က AI နာရီကို စိုက်ကြည့်နေသည်။ အပြစ်ပေးမှုက ၁ နာရီကြာတာဖြစ်လို့ အချိန်စေ့သည်ကို ခုလို စိုက်ကြည့်နေတာဖြစ်သည်။

(AI နာရီ - ကျိုးယွင်ရှန့်၏ လက်ကောက်ဝတ်ရှိ system နှင့်ချိတ်ဆက်ထားသော နာရီဖြစ်ပြီး ကျိုးယွင်ရှန့်ကလွဲပြီး ဘယ်သူမှမမြင်ရသောနာရီ)

ကျိုးယွင်ရှန့်၏ IQ က ထင်မှတ်မထားလောက်အောင် မြင့်မားပြီး တွက်ချက်မှုက တိကျလွန်းသောကြောင့် အပြစ်ပေးမှုက ဘယ်အချိန်ကစလျှင် ဘယ်အချိန်မှာပြီးဆုံးမည်ကို သူ သေချာသိသည်။ ဒီအပြစ်ပေးမှုက ၁ နာရီဆိုပေမယ့် ၂ စက္ကန့်လျော့နည်းလာသည်ကို သိလိုက်ရသည်။ ဒီ ၂ စက္ကန့်ဆိုတဲ့အချိန်က တိုတောင်းတယ်ဆိုပေမယ့် ဒီအချက်က system မှာ ပြဿနာတစ်ခုခုရှိနေတာကို ပြသနေသည်။ သူ ရွာကနေထွက်လာတုန်းက ပထမအဆင့် အပြစ်ပေးမှုက ၁ စက္ကန့် အချိန်စောပြီးခဲ့ပြီး ခုလည်း ၂ စက္ကန့် စောပြီးခဲ့သည်။

ဒီလို အပြစ်ပေးချိန်က ဘာကြောင့် ကာလတိုတောင်းသွားတာလဲ..။ ဘာကြောင့် ခုလိုဖြစ်တာလဲ..။ System က Lord God နှင့် အဆက်အသွယ်ပြတ်တောက်သွားလို့ သူ့အပေါ် ထိန်းချုပ်မှုက လျော့ပါးသွားတာလား။ System ကို လည်ပတ်ဖို့ လိုအပ်တဲ့စွမ်းအားတွေက သူ ကမ္ဘာတစ်ခုမှာ mission အောင်မြင်ပြီးလို့ Lord God ဆီပြန်ရောက်တိုင်း ရခဲ့သည့် power များသာဖြစ်သည်။ အခု Lord God နှင့် အဆက်ပြတ်သွားရင် ဒီ system ဆက် run ဖို့ power မရခဲ့ရင် သူ Lord God ဆီ ပြန်မသွားနိုင်တော့ပေ။ Lord God က သူ့ကိုပေးသည့် power များကို ဖြတ်ချပစ်နိုင်သည်။

တနည်းအားဖြင့်ပြောရရင် Lord God က သူ့လှုပ်ရှားမှုတွေကို ထိန်းချုပ်တာအားနည်းသွားသည့် သဘောဖြစ်သည်။ သူက အာကာသထဲက Lord God ဆီ ပြန်မသွားနိုင်ရင် ဆိုးဝါးသည့် ဗီလိန် system ထဲက မစ်ရှင်တွေကို ဆက်လုပ်စရာမလိုတော့ပေ။ ဒါဆိုရင် သူ့ရဲ့တကယ့်ကမ္ဘာကို ပြန်မသွားနိုင်တော့ဘဲ ပုံရိပ်ယောင်ကမ္ဘာကြီးထဲ ထာဝရနေထိုင်ရပေတော့မည်။

ဖြစ်နိုင်ချေအားလုံးကို စဉ်းစားပြီးတော့ ကျိုးယွင်ရှန့်က အကောင်းဘက်က တွေးလိုက်သည်။ တကယ့်ကမ္ဘာလောကကို ပြန်မသွားရလည်း ဘာဖြစ်လဲ..။ ခုနေရာမှာလည်း သူက နာကျင်နိုင်သလို ထိတွေ့ခံစားနိုင်တာပဲ။ ထိန်းချုပ်မှုကင်းသည့် လွတ်လပ်သည့်ဘဝမှာ နေထိုင်ရတာက ပိုကောင်းပါသည်။

သူပြန်သွားရသည်ဖြစ်စေ၊ ပြန်မသွားရသည်ဖြစ်စေ၊ ဘာမှမဖြစ်ပေ။ ကျိုးယွင်ရှန့်က ကျေနပ်စွာပြုံးကာ လက်ကနာရီရှိသည့်နေရာကို ပွတ်လိုက်သည်။ အိမ်ရောက်မှ ဒီနာရီကို ဘယ်နေရာမှာ မှားနေသလဲ သေချာစစ်ဆေးရန် ဆုံးဖြတ်လိုက်သည်။

System ၏လုံခြုံရေးစနစ် ဒုတိယလွှာထဲသို့ သူ့ဝိညာဉ်စွမ်းအားကို ထည့်သွင်းလိုက်သည်။ ဒုတိယလွှာကျိုးပေါက်ပြီး System ၏ တတိယလွှာထဲ ရောက်သွားရင် Lord God နဲ့ system ဘာပြဿနာတွေ ကြုံနေရသလဲဆိုတာ သူသေချာသိနိုင်သည်။ ဒါဆို ဒီ control system ကို သူ သေချာကိုင်တွယ်နိုင်လိမ့်မည်။

ကျိုးယွင်ရှန့်က နဖူးကချွေးတွေကို ဖယ်ရှားလိုက်ပြီး ဝတ်ဆင်ထားသည့် မိန်းကလေးဆန်ဆန်အဝတ်များကို ချွတ်ကာ ယောက်ျားလေးဝတ်စုံကို ကိုယ်ပေါ်ဝတ်လိုက်သည်။

ရွှယ်ဇီရွှမ်က အခု သူ့ကို ဆံပင်ညှပ်ဆိုင်ခေါ်သွားပြီး ဆံပင်ကို ခပ်တိုတို ကိုက်ညှပ်ခိုင်းသည့်အပြင် ယောက်ျားလေးအဝတ်အစားဆိုင်ကို ခေါ်လာပြီး ဝယ်ခြမ်းပေးနေတာ သူ ပျင်းနေလို့ဖြစ်မည်။ သူသာ ခုလို ယောက်ျားလေးပုံစံအတိုင်း ဝတ်စားပြီး ရွှယ်အိမ်တော်ကိုပြန်သွားရင် အိမ်တော်ပတ်ဝန်းကျင်ကလူတွေက သူက ယောက်ျားလေးဖြစ်တယ်ဆိုတာ အားလုံး သတိပြုမိလိမ့်မည်။

သူက ရုတ်တရက်ပေါ်လာပြီး ရုတ်တရက်ပျောက်သွားခဲ့ရင် ရွှယ်အိမ်တော်၏ရန်သူတွေက စိတ်ဝင်စားလာကြလိမ့်မည်။ သူတို့သာ အသေးစိတ်စုံစမ်းရင် ရွှယ်ကျင်းရီ၏ နှလုံးခွဲစိတ်မှုမှာ အစားထိုးဖို့ ဟွမ်ရီဆိုတဲ့ သူ့ကိုသတ်ပြီး နှလုံးထုတ်ယူလိုက်သည့်ကိစ္စ ပေါ်သွားပေလိမ့်မည်။ လူသတ်မှုအကြောင်းပေါ်ရင် ရွှယ်အိမ်တော်အနေဖြင့် သေချာပေါက် ပြဿနာတက်လိမ့်မည်။

ရွှယ်ဇီရွှမ်တောင် ဒီလိုပြဿနာတက်မှာမမှုဘဲ သူ့ကို ပြင်ဆင်ပေးမှတော့ သူက ဘာကြောင့် မဝတ်ရဲရမှာလဲ။ ရွှယ်အိမ်တော် ပြဿနာတက်လေလေ သူ့အတွက် ပိုကောင်းလေဖြစ်သည်။

အဝတ်အစားလဲပြီး အခန်းထဲကထွက်လာချိန်မှာ သူ၏ ချောမွတ်ကာ လှပလတ်ဆတ်သည့် အသားအရေ၊ နံနက်ခင်းရောင်ခြည်ကဲ့သို့ တောက်ပကာ တစ်ဖက်သားကို အကြည့်မလွှဲနိုင်အောင် ဆွဲဆောင်နိုင်သည့် လူချောလေးပုံရိပ်က store ဆိုင်ထဲက အရောင်းစာရေးမလေးများ၏ မျက်ဝန်းကို ဆွဲဆောင်နိုင်ပြီး ဝိုင်းအုံကာ ချီးကျူးစကားဆိုကြသည်။

"ရွေးထားတဲ့အဝတ်တွေအားလုံးကို ထည့်ပေးပါ.. ကျေးဇူးတင်ပါတယ်.."

အရောင်းစာရေးမလေးတွေ၏ အငမ်းမရ မျက်ဝန်းတွေကိုတွေ့တော့ ရွှယ်ဇီရွှမ်၏မျက်လုံးတွေက နက်မှောင်သွားပြီး Black Card ကိုကမ်းပေးကာ ပြောလိုက်သည်။ သူက ကတ်ကြေးတစ်လက်တောင်းကာ ဟွမ်ရီဝတ်ထားသောဝတ်စုံ၏ ကဒ်ပြားကို ညှပ်ပစ်ကာ ပြောလိုက်သည်။

"ဒီဟာကို ဆက်ဝတ်ထားလိုက်.. ချွတ်စရာမလိုဘူး.. မင်းနဲ့ အရမ်းလိုက်တယ်.."

သူ့အမူအယာက မပြောင်းလဲပေမယ့် သူ့လေသံနှင့်အကြည့်တွေက နူးညံ့ကာ ကြည့်ကောင်းလို့နေသည်။ ကျိုးယွင်ရှန့်က သူ့ကိုကြည့်ကာ ခေါင်းညိတ်လိုက်သည်။

ငွေရှင်းပြီးတော့ ရွှယ်ဇီရွှမ်က ဘယ်လက်မှာ shopping အိတ်များကိုဆွဲကာ ညာဘက်လက်က ကောင်လေးကိုတွဲကာ shopping mall ထဲကထွက်လာသည်။ Xiao Wang က နောက်မှ အထုပ်ပိုးများစွာကိုသယ်ကာ လိုက်လာခဲ့သည်။

ရွှယ်အိမ်တော်မှာ ကောင်လေးကိုသတ်ပြီး နှလုံးထုတ်ယူမှုလုပ်မှာကို သိသူက အိမ်တော်ထိန်းဖူဘိုနှင့် လူယုံတော်တချို့ပဲသိကြသည်။ မာလီ၊ ဥယျာဉ်မှူး၊ အိမ်ဖော်အများစုကို သတင်းမပေါက်ကြားစေရန် ကြိုတင်၍ အလုပ်ထုတ်ထားပြီးဖြစ်သည်။ သူတို့အားလုံးက ဒီနှလုံးအစားထိုးမှုကို လုပ်ဖို့ စောင့်ဆိုင်းနေကြသည်။

သူနာပြု Xiao Deng က ဆန်ပြုတ်ကို ဆေးရုံသွားပို့နေလို့ အိမ်မှာ သူနာပြုလက်ထောက် Xiao Zhou တစ်ယောက်တည်း ကျန်ရစ်ခဲ့သည်။ ဒါကြောင့် ဧည့်ခန်းမှာပဲ မီးထွန်းထားပြီး တစ်အိမ်လုံးကို မီးမှိတ်ထားလို့ ဘေးပတ်လည်က အိမ်တော်တွေနဲ့စာရင် ရွှယ်အိမ်တော်က အေးစက်စက်နှင့် အထီးကျန်နေသလိုပင်။

ကားက ခြံဝင်းထဲကလမ်းထဲ ချိုးကွေ့ဝင်လိုက်သည်နှင့် မီးရောင်ကင်းမဲ့သည့် ရွှယ်အိမ်တော်ကြီးက ရွှယ်ဇီရွှမ်၏အတိတ်ဖြစ်ရပ်ကို ပြန်သတိရလာစေသည်။ သူ့ဘဝမှာ ဂီတအပြင် ရောင်စုံဖြာကမ္ဘာမြေကြီးနှင့် ဆွတ်ပျံ့ကြည်နူးဖွယ် ချစ်ခြင်းတရားတို့ရှိသည်ကို သူပိုသိလာခဲ့သည်။ သူ့မျက်လုံးကို မှိတ်လိုက်တာနဲ့ သွေးစွန်းသည့်ဓားကိုကိုင်ထားသည့် ရွှယ်ကျင်းရီက သူ့ရှေ့မှာပေါ်လာပြီး သွေးညှီနံ့တို့ ထောင်းထောင်းထနေသလို ခံစားလိုက်ရသည်။ ရွှယ်ဇီရွှမ်က ခေါင်းခါလိုက်ပြီး စိတ်မချမ်းမြေ့စရာ မှတ်ဉာဏ်တွေထဲက ရုန်းထွက်လိုက်သည်။

=============================


ရွှယ်ဇီရွမ် (Completed) (MM Translation)Where stories live. Discover now