Chapter (5-2) - 'ေရွာင္ရီေလး.. ကိုယ့္ကို ခြဲမသြားပါနဲ႔..'

5.8K 960 5
                                    

Chapter (5-2) – 'ေရွာင္ရီေလး.. ကိုယ့္ကို ခြဲမသြားပါနဲ႔..'

ထိုအခ်ိန္ မ်က္ႏွာခ်င္းဆိုင္ကေန ေတြ႕ရခဲသည့္ လိုင္စင္ျပားတပ္ထားသည့္ ကားတစ္စီးကို ရႊယ္ဇီရႊမ္ ေတြ႕လိုက္ရသည္။ ေဘးကဟြမ္ရီက ျပတင္းေပါက္ေဘးမွာကပ္ၿပီး အျပင္ဘက္က႐ႈခင္းကို ေငးၾကည့္ေနသည္။ ရႊယ္ဇီရႊမ္က လွ်ပ္စီးလက္သလို ျပတင္းေပါက္အျပင္ကို ေငးေနသည့္ေကာင္ေလးကို သူ႔ရင္ခြင္ထဲ ဆြဲသြင္းဖက္ထားၿပီး ေကာင္ေလး၏ ျဖဴႏုေသာမ်က္ႏွာကို သူ႔လက္ဝါးႀကီးႏွင့္ဖိကပ္ကာ ဖံုးကြယ္လိုက္သည္။

"ဘာျဖစ္လို႔လဲ.."

က်ိဳးယြင္ရွန္႔က လန္႔သြားၿပီး ေမးလုိက္ေပမယ့္ အေျဖမရေပ။ သူ႔ကိုဖက္ထားတာ တင္းက်ပ္လြန္းလို႔ သူ႔မွာ အသက္႐ွဴရၾကပ္ၿပီး ႐ုန္းၾကည့္ေပမယ့္ နည္းနည္းမွ လႈပ္မရေပ။

"မလႈပ္နဲ႔.."

ရႊယ္ဇီရႊမ္က တီးတိုးေျပာလိုက္သည္။ ရႊယ္ရန္က ဒီနားတစ္ဝိုက္ကို ေရာက္ေနတာပဲ။ ဒီဘဝမွာေတာ့ ရႊယ္ရန္က ဒီေကာင္ေလးကို လံုးဝေတြ႕ခြင့္မရွိေပ။ သူ ဒီေကာင္ေလးကို ေသခ်ာဖံုးကြယ္ထားရေပလိမ့္မည္။ ဒီေကာင္ေလးကို ရႊယ္ရန္ ေခၚေဆာင္သြားခြင့္ မျပဳႏိုင္ေတာ့ေပ။

နီးကပ္လာခ်ိန္ Xiao Wang က ဒီနံပါတ္ျပားကို သတိျပဳမိေတာ့ ဟြန္းတစ္ခ်က္တီးကာ ႏႈတ္ဆက္ေတာ့ တစ္ဖက္ကားကလည္း ဟြန္းတစ္ခ်က္ျပန္တီးလိုက္သည္။ ဟြန္းသံကိုၾကားေတာ့ ရႊယ္ဇီရႊမ္၏ႏွလံုးက ေပါက္ထြက္မတတ္ တဒိန္းဒိန္း လႈပ္ခါသြားေတာ့သည္။ ႏွလံုးခုန္သံျပင္းလြန္းလို႔ က်ိဳးယြင္ရွန္႔ပင္ ၾကားလိုက္ရသည္။

"ဘာျဖစ္လို႔လဲဟင္.."

သူေမးလိုက္ေပမယ့္ ရႊယ္ဇီရႊမ္၏လက္ေခ်ာင္းက သူ႔ႏႈတ္ခမ္းကိုဖိကပ္ကာ စကားမေျပာရန္ အခ်က္ျပလိုက္သည္။

"မလႈပ္နဲ႔.. စကားလည္းမေျပာနဲ႔.. ေရွာင္ရီေလး.. ကိုယ့္ကို ခြဲမသြားပါနဲ႔.."

ရႊယ္ဇီရႊမ္က ေကာင္ေလးကို တင္းက်ပ္စြာေပြ႕ကာ အ႐ူးအမူး ေမာဟိုက္စြာ တီးတိုးေတာင္းပန္လိုက္သည္။ သူ႔လက္ေတြက ေကာင္ေလး၏ ႏူးညံ့ေသာႏႈတ္ခမ္းႏွင့္ ပါးျပင္ကို ထိမိၿပီး ဒီေကာင္ေလးကို ဆံုး႐ံႈးလိုက္ရမွာကို ေသမလိုေၾကာက္ရြံ႕ကာ သူ႔တစ္ကိုယ္လံုး ေခၽြးျပန္လာေတာ့သည္။

ေလာကမွာ အနာက်င္ရဆံုးက ဘာလဲ..?

တစ္စံုတစ္ခုကို မပိုင္ဆိုင္ရေသးခင္ လက္လႊတ္ဆံုး႐ံႈးလိုက္ရတာမဟုတ္ဘဲ ကိုယ့္လက္ထဲဆုပ္ကိုင္မိၿပီးခ်ိန္မွ ဆံုး႐ံႈးလိုက္ရတာပဲျဖစ္သည္။ သူခံစားခဲ့ရသည့္ နာက်င္မႈေဝဒနာကို ျပန္သတိရလာၿပီး ဒီဟာကို ဒုတိယအႀကိမ္ သူ ထပ္မခံစားႏိုင္ေတာ့ေပ။

ကားကို မွန္အမည္းေတြကပ္ထားလို႔ အျပင္ကေန ကားထဲကို မျမင္ရဘူးဆိုေပမယ့္ တစ္ဖက္ကားက သူတို႔ကားႏွင့္နီးကပ္လာေလ ရႊယ္ဇီရႊမ္၏ တစ္ကိုယ္လံုးကအေၾကာေတြ ေတာင့္တင္းလာၿပီး ေခၽြးျပန္လာခဲ့သည္။ ကံေကာင္းစြာျဖင့္ တစ္ဖက္ကားက တုံ႔ျပန္ဟြန္းသံေပးေပမယ့္ မရပ္ဘဲ သူတို႔ကားေဘးက ျဖတ္ေက်ာ္သြားခဲ့သည္။ ရႊယ္ဇီရႊမ္က တစ္ဖက္ကားက အေဝးေျပးလမ္းမထက္ကို တက္သြားၿပီး ကားေနာက္ပိုင္းက မီးနီနီ ေပ်ာက္သြားသည္အထိ စိုက္ၾကည့္ေနမိသည္။ ထိုကားေပ်ာက္သြားေတာ့မွ ရင္ခြင္ထဲကေကာင္ေလးကို လႊတ္ေပးလုိက္ၿပီး ဆံပင္ေလးကို အသာဖြလိုက္သည္။

ရႊယ္ဇီရႊမ္ အရမ္းေၾကာက္သြားတာကို က်ိဳးယြင္ရွန္႔ သိလိုက္သည္။ ဒီလူငယ္က တစ္ကိုယ္လံုးတုန္ေနကာ အသက္႐ွဴလည္းတိုးၿပီး ႏွလံုးက ေပါက္ထြက္မတတ္ ခုန္ေနသည္။ ၿပီးေတာ့ သူ႔အသံက ထိတ္လန္႔မႈေၾကာင့္ တုန္ယင္အက္ကြဲကာ သူ႔မ်က္ႏွာကိုလည္း လက္ႏွင့္အုပ္ကာ ဖံုးကြယ္ထားသည္။ ရႊယ္ဇီရႊမ္ ဘယ္သူ႔ကိုေၾကာက္တာပါလိမ့္..။ သူ႔မ်က္ႏွာကို တစ္ေယာက္ေယာက္ျမင္သြားမွာ ေၾကာက္ေနတာလား..။

အေစာပိုင္းေလးမွာတင္ ရႊယ္ဇီရႊမ္က ႏူးညံ့သိမ္ေမြ႕တဲ့ပံုျပၿပီး သူ႔အတြက္ စဥ္းစားေပးသလိုလုပ္ေနၿပီး ခုေတာ့ စိတ္ရင္းက ေပၚလာေလၿပီ။ ဘာေၾကာင့္ တစ္ဖက္သားကို ေမွ်ာ္လင့္ခ်က္ေပးၿပီး ျပန္႐ိုက္ခ်ခ်င္ရတာလဲ။ သူေတာင္ ရႊယ္ဇီရႊမ္က တကယ္ေျပာင္းလဲသြားၿပီး ဒီဒုကၡတြင္းထဲကေန သူ႔ကို ကယ္တင္ေပးႏိုင္ေတာ့မည္ဟု ထင္ထားခဲ့မိသည္။ ဒါေပမယ့္ တကယ္ေတာ့ ရႊယ္ဇီရႊမ္က သူ႔ကို စိတ္ပ်က္ေစခဲ့သည္။

သူ႔ပံုကို တျခားသူ သတိမျပဳေစခ်င္ရင္ ဘာေၾကာင့္ ပံုစံေျပာင္းေပးခဲ့ေသးတာလဲ။ အႏုပညာရွင္ေတြရဲ့စိတ္က သာမန္လူေတြနဲ႔ မတူဘူးဆိုတာ တကယ္ပဲကိုး။ ဒီရႊယ္ဇီရႊမ္ကို မႏွစ္သက္မႈက က်ိဳးယြင္ရွန္႔၏ရင္ထဲ ပိုတိုးပြားလာေတာ့သည္။

က်ိဳးယြင္ရွန္႔ ဘယ္လိုေတြးေနသည္ကို မသိဘဲ ရႊယ္ဇီရႊမ္က ခုေလးတင္ ေသေဘးကလြတ္ခဲ့သူလို သက္ျပင္းရွည္ႀကီးခ်ကာ ေကာင္ေလးကို လက္ႏွင့္ဖြဖြဖက္ထားလိုက္သည္။ ကားက ေရပန္းေရွ႕မွာ ရပ္လိုက္ေတာ့ ရႊယ္ဇီရႊမ္က ဟြမ္ရီကိုေဖးမကာ ကားထဲက လွ်င္ျမန္စြာထြက္လိုက္ၿပီး အိမ္ေရွ႕မွာ ႏႈတ္ဆက္ဖို႔ေစာင့္ေနသည့္ Xiao Zhou ကို လ်စ္လွ်ဴ႐ႈကာ အိမ္ေပၚကို တန္းတက္လာခဲ့သည္။

"သခင္ေလးရႊယ္က ဘာျဖစ္ခဲ့တာပါလိမ့္.. သူ႔အမူအယာက မသာမယာနဲ႔ ေဆးစစ္ခ်က္ရလဒ္ မေကာင္းလို႔မ်ားလား.."

Xiao Zhou က သံသယႏွင့္ ရပ္က်န္ရစ္ခဲ့သည္။

"ေဆးစစ္ခ်က္ရလဒ္က ေကာင္းတယ္.. သခင္ေလး ဘာေၾကာင့္ ခုလိုျဖစ္သြားသလဲဆိုတာ ငါလည္းမသိေတာ့ဘူး.. ကေန႔ သခင္မေလးက ေဆး႐ံုမွာ မူးလဲသြားေပမယ့္ သူက တစ္ခ်က္ေလးပဲ သြားၾကည့္ၿပီး ေတာသားပိန္းဥကို ဆံပင္ညႇပ္ေပးဖို႔၊ အဝတ္အစားဝယ္ေပးဖို႔ shopping ထြက္ခဲ့တယ္.. ဒါက တကယ္ ပံုမွန္မဟုတ္ဘူး.."

Xiao Wang က သူတို႔အလုပ္ရွင္ရဲ့ စိတ္ပိုင္းဆိုင္ရာ ျပႆနာ တစ္ခုခုျဖစ္ေနသည္ဟု ထင္ေနသည္။

"မင္းသာမေျပာရင္ ငါ သတိထားမိမွာမဟုတ္ဘူး.. သခင္ေလးက ခုလို ေတာသားေလးကို ျပင္ဆင္ဝတ္စားေပးလိုက္တာကို သခင္ႀကီးကို ေျပာျပရဲ့လား.. ဒီေကာင္ေလး ဒီမွာရွိတာကို ပတ္ဝန္းက်င္က သတိထားမိရင္ သခင္ႀကီး ျပႆနာတက္သြားႏိုင္တယ္ေနာ္.."

ဒီႏွလံုးအစားထိုးမယ့္ကိစၥက လူသတ္မႈျဖစ္လို႔ Xiao Zhou က စိတ္လႈပ္ရွားေနသည္။ ဒီပတ္ဝန္းက်င္ကအိမ္ေတြက ရႊယ္အိမ္ေတာ္၏ စီးပြားၿပိဳင္ဖက္ေတြျဖစ္လို႔ ဒီအိမ္ေတာ္၏လႈပ္ရွားမႈကို အၿမဲေထာက္လွမ္းေနၾကသည္။ တကယ္လို႔ ရႊယ္က်င္းရီႏွင့္ ႐ုပ္တူသည့္ ေကာင္ေလးတစ္ေယာက္ကို ေတြ႕သြားရင္ ေသခ်ာေပါက္ သံသယဝင္ႏိုင္သည္။

"သခင္ႀကီးရႊယ္ မသိေသးဘူး.. သူတို႔ ဒီည ေသခ်ာေပါက္ ျပႆနာတက္ၾကလိမ့္မယ္.."

Xiao Wang က ေျပာလိုက္သည္။

ရႊယ္ဇီရႊမ္က ေကာင္ေလးကို သူ႔အိပ္ခန္းထဲေခၚသြားၿပီး ျပတင္းေပါက္လိုက္ကာေတြကို ဆြဲေစ့ကာ မီးဖြင့္လိုက္သည္။ ၿပီးေတာ့ ခုတင္ေအာက္က ခရီးေဆာင္ေသတၱာႀကီးကို ထုတ္လိုက္သည္။

"အစ္ကိုႀကီး.. ဘာလုပ္မလို႔လဲ.."

က်ိဳးယြင္ရွန္႔က ရႊယ္ဇီရႊမ္ကိုငံု႔ၾကည့္ကာ ေမးလိုက္သည္။

ရႊယ္ဇီရႊမ္က ဗီ႐ိုကိုဖြင့္ကာ အဝတ္အစားမ်ားကိုယူကာ ခရီးေဆာင္အိတ္ထဲ ပစ္ထည့္ရင္း ေျပာလိုက္သည္။

"ပစၥည္းေတြသိမ္းၿပီး ဒီကထြက္မယ္.. အစ္ကိုႀကီးနဲ႔အတူ လိုက္ခဲ့ရမယ္.."

လမ္းမွာ ရႊယ္ရန္၏ကားကိုေတြ႕လိုက္ရမွ ဒီအိမ္မွာေနရတာ ဘယ္ေလာက္အႏၱရာယ္ႀကီးတာကို သူ သတိျပဳမိလိုက္သည္။

"အစ္ကိုႀကီးက ဘာေၾကာင့္ အိမ္က ႐ုတ္တရက္ ထြက္သြားခ်င္ရတာလဲ.."

က်ိဳးယြင္ရွန္႔က သိေပမယ့္ မသိဟန္ေဆာင္ကာ ေမးလိုက္သည္။ ဒီလူငယ္၏အမူအယာကို သူအရင္က မေတြ႕ခဲ့ဖူးေပ။ သူ႔ကို ရႊယ္အိမ္ေတာ္အျပင္ဘက္မွာ အက်ယ္ခ်ဳပ္ထားၿပီး ရႊယ္က်င္းရီသက္သာတာနဲ႔ တစ္ၿပိဳင္နက္ သူ႔ကို ေဆး႐ံုကိုတန္းေခၚသြားၿပီး ႏွလံုးအစားထိုးလုပ္ခ်င္ေနတာ မဟုတ္လား။ ဒီလူငယ္က ၾကင္နာခ်င္ေယာင္ေဆာင္ေနေပမယ့္ သူက ရႊယ္က်င္းရီေဘးကေန ခြာခဲ့ရတာနဲ႔ သူ႔စိတ္အေျခအေနက ပိုဆိုးဝါးလာခဲ့သည္ဟု ေတြးေနသည္။

"ငါက မင္းကို လူတခ်ိဳ႕မျမင္ေအာင္ ဝွက္ထားခ်င္လို႔ပါ.." ဆိုသည့္စကားကို ဖြင့္ေျပာလို႔မရသည့္အတြက္ ရႊယ္ဇီရႊမ္က ေကာင္ေလး၏ပါးျပင္ကို လက္ဝါးႏွစ္ဖက္ႏွင့္ အုပ္ညႇပ္ကိုင္ထားၿပီး ႏူးည့ံစြာၾကည့္ကာ ေျပာလုိက္သည္။

"ေရွာင္ရီ.. အစ္ကိုႀကီးက မင္းကို ကာကြယ္ေပးခ်င္လို႔ပါ.. အစ္ကိုႀကီးကို ယံုပါ.. ဒီေနရာက ေကာင္းတဲ့ေနရာမဟုတ္ဘူး.."

"ဒီအိမ္ကလူေတြအားလံုး ငါအပါအဝင္ ဘယ္သူမွ မေကာင္းၾကဘူး.." ဆိုသည့္စကားကို ဆက္မေျပာဘဲ ၿမိဳသိပ္ကာ ေန႔စဥ္သံုးပစၥည္းေတြကို ခရီးေဆာင္အိတ္ထဲ ဆက္ထည့္လိုက္သည္။

=======================

Chapter (5-2) – 'ရှောင်ရီလေး.. ကိုယ့်ကို ခွဲမသွားပါနဲ့..'

ထိုအချိန် မျက်နှာချင်းဆိုင်ကနေ တွေ့ရခဲသည့် လိုင်စင်ပြားတပ်ထားသည့် ကားတစ်စီးကို ရွှယ်ဇီရွှမ် တွေ့လိုက်ရသည်။ ဘေးကဟွမ်ရီက ပြတင်းပေါက်ဘေးမှာကပ်ပြီး အပြင်ဘက်ကရှုခင်းကို ငေးကြည့်နေသည်။ ရွှယ်ဇီရွှမ်က လျှပ်စီးလက်သလို ပြတင်းပေါက်အပြင်ကို ငေးနေသည့်ကောင်လေးကို သူ့ရင်ခွင်ထဲ ဆွဲသွင်းဖက်ထားပြီး ကောင်လေး၏ ဖြူနုသောမျက်နှာကို သူ့လက်ဝါးကြီးနှင့်ဖိကပ်ကာ ဖုံးကွယ်လိုက်သည်။

"ဘာဖြစ်လို့လဲ.."

ကျိုးယွင်ရှန့်က လန့်သွားပြီး မေးလိုက်ပေမယ့် အဖြေမရပေ။ သူ့ကိုဖက်ထားတာ တင်းကျပ်လွန်းလို့ သူ့မှာ အသက်ရှူရကြပ်ပြီး ရုန်းကြည့်ပေမယ့် နည်းနည်းမှ လှုပ်မရပေ။

"မလှုပ်နဲ့.."

ရွှယ်ဇီရွှမ်က တီးတိုးပြောလိုက်သည်။ ရွှယ်ရန်က ဒီနားတစ်ဝိုက်ကို ရောက်နေတာပဲ။ ဒီဘဝမှာတော့ ရွှယ်ရန်က ဒီကောင်လေးကို လုံးဝတွေ့ခွင့်မရှိပေ။ သူ ဒီကောင်လေးကို သေချာဖုံးကွယ်ထားရပေလိမ့်မည်။ ဒီကောင်လေးကို ရွှယ်ရန် ခေါ်ဆောင်သွားခွင့် မပြုနိုင်တော့ပေ။

နီးကပ်လာချိန် Xiao Wang က ဒီနံပါတ်ပြားကို သတိပြုမိတော့ ဟွန်းတစ်ချက်တီးကာ နှုတ်ဆက်တော့ တစ်ဖက်ကားကလည်း ဟွန်းတစ်ချက်ပြန်တီးလိုက်သည်။ ဟွန်းသံကိုကြားတော့ ရွှယ်ဇီရွှမ်၏နှလုံးက ပေါက်ထွက်မတတ် တဒိန်းဒိန်း လှုပ်ခါသွားတော့သည်။ နှလုံးခုန်သံပြင်းလွန်းလို့ ကျိုးယွင်ရှန့်ပင် ကြားလိုက်ရသည်။

"ဘာဖြစ်လို့လဲဟင်.."

သူမေးလိုက်ပေမယ့် ရွှယ်ဇီရွှမ်၏လက်ချောင်းက သူ့နှုတ်ခမ်းကိုဖိကပ်ကာ စကားမပြောရန် အချက်ပြလိုက်သည်။

"မလှုပ်နဲ့.. စကားလည်းမပြောနဲ့.. ရှောင်ရီလေး.. ကိုယ့်ကို ခွဲမသွားပါနဲ့.."

ရွှယ်ဇီရွှမ်က ကောင်လေးကို တင်းကျပ်စွာပွေ့ကာ အရူးအမူး မောဟိုက်စွာ တီးတိုးတောင်းပန်လိုက်သည်။ သူ့လက်တွေက ကောင်လေး၏ နူးညံ့သောနှုတ်ခမ်းနှင့် ပါးပြင်ကို ထိမိပြီး ဒီကောင်လေးကို ဆုံးရှုံးလိုက်ရမှာကို သေမလိုကြောက်ရွံ့ကာ သူ့တစ်ကိုယ်လုံး ချွေးပြန်လာတော့သည်။

လောကမှာ အနာကျင်ရဆုံးက ဘာလဲ..?

တစ်စုံတစ်ခုကို မပိုင်ဆိုင်ရသေးခင် လက်လွှတ်ဆုံးရှုံးလိုက်ရတာမဟုတ်ဘဲ ကိုယ့်လက်ထဲဆုပ်ကိုင်မိပြီးချိန်မှ ဆုံးရှုံးလိုက်ရတာပဲဖြစ်သည်။ သူခံစားခဲ့ရသည့် နာကျင်မှုဝေဒနာကို ပြန်သတိရလာပြီး ဒီဟာကို ဒုတိယအကြိမ် သူ ထပ်မခံစားနိုင်တော့ပေ။

ကားကို မှန်အမည်းတွေကပ်ထားလို့ အပြင်ကနေ ကားထဲကို မမြင်ရဘူးဆိုပေမယ့် တစ်ဖက်ကားက သူတို့ကားနှင့်နီးကပ်လာလေ ရွှယ်ဇီရွှမ်၏ တစ်ကိုယ်လုံးကအကြောတွေ တောင့်တင်းလာပြီး ချွေးပြန်လာခဲ့သည်။ ကံကောင်းစွာဖြင့် တစ်ဖက်ကားက တုံ့ပြန်ဟွန်းသံပေးပေမယ့် မရပ်ဘဲ သူတို့ကားဘေးက ဖြတ်ကျော်သွားခဲ့သည်။ ရွှယ်ဇီရွှမ်က တစ်ဖက်ကားက အဝေးပြေးလမ်းမထက်ကို တက်သွားပြီး ကားနောက်ပိုင်းက မီးနီနီ ပျောက်သွားသည်အထိ စိုက်ကြည့်နေမိသည်။ ထိုကားပျောက်သွားတော့မှ ရင်ခွင်ထဲကကောင်လေးကို လွှတ်ပေးလိုက်ပြီး ဆံပင်လေးကို အသာဖွလိုက်သည်။

ရွှယ်ဇီရွှမ် အရမ်းကြောက်သွားတာကို ကျိုးယွင်ရှန့် သိလိုက်သည်။ ဒီလူငယ်က တစ်ကိုယ်လုံးတုန်နေကာ အသက်ရှူလည်းတိုးပြီး နှလုံးက ပေါက်ထွက်မတတ် ခုန်နေသည်။ ပြီးတော့ သူ့အသံက ထိတ်လန့်မှုကြောင့် တုန်ယင်အက်ကွဲကာ သူ့မျက်နှာကိုလည်း လက်နှင့်အုပ်ကာ ဖုံးကွယ်ထားသည်။ ရွှယ်ဇီရွှမ် ဘယ်သူ့ကိုကြောက်တာပါလိမ့်..။ သူ့မျက်နှာကို တစ်ယောက်ယောက်မြင်သွားမှာ ကြောက်နေတာလား..။

အစောပိုင်းလေးမှာတင် ရွှယ်ဇီရွှမ်က နူးညံ့သိမ်မွေ့တဲ့ပုံပြပြီး သူ့အတွက် စဉ်းစားပေးသလိုလုပ်နေပြီး ခုတော့ စိတ်ရင်းက ပေါ်လာလေပြီ။ ဘာကြောင့် တစ်ဖက်သားကို မျှော်လင့်ချက်ပေးပြီး ပြန်ရိုက်ချချင်ရတာလဲ။ သူတောင် ရွှယ်ဇီရွှမ်က တကယ်ပြောင်းလဲသွားပြီး ဒီဒုက္ခတွင်းထဲကနေ သူ့ကို ကယ်တင်ပေးနိုင်တော့မည်ဟု ထင်ထားခဲ့မိသည်။ ဒါပေမယ့် တကယ်တော့ ရွှယ်ဇီရွှမ်က သူ့ကို စိတ်ပျက်စေခဲ့သည်။

သူ့ပုံကို တခြားသူ သတိမပြုစေချင်ရင် ဘာကြောင့် ပုံစံပြောင်းပေးခဲ့သေးတာလဲ။ အနုပညာရှင်တွေရဲ့စိတ်က သာမန်လူတွေနဲ့ မတူဘူးဆိုတာ တကယ်ပဲကိုး။ ဒီရွှယ်ဇီရွှမ်ကို မနှစ်သက်မှုက ကျိုးယွင်ရှန့်၏ရင်ထဲ ပိုတိုးပွားလာတော့သည်။

ကျိုးယွင်ရှန့် ဘယ်လိုတွေးနေသည်ကို မသိဘဲ ရွှယ်ဇီရွှမ်က ခုလေးတင် သေဘေးကလွတ်ခဲ့သူလို သက်ပြင်းရှည်ကြီးချကာ ကောင်လေးကို လက်နှင့်ဖွဖွဖက်ထားလိုက်သည်။ ကားက ရေပန်းရှေ့မှာ ရပ်လိုက်တော့ ရွှယ်ဇီရွှမ်က ဟွမ်ရီကိုဖေးမကာ ကားထဲက လျှင်မြန်စွာထွက်လိုက်ပြီး အိမ်ရှေ့မှာ နှုတ်ဆက်ဖို့စောင့်နေသည့် Xiao Zhou ကို လျစ်လျှူရှုကာ အိမ်ပေါ်ကို တန်းတက်လာခဲ့သည်။

"သခင်လေးရွှယ်က ဘာဖြစ်ခဲ့တာပါလိမ့်.. သူ့အမူအယာက မသာမယာနဲ့ ဆေးစစ်ချက်ရလဒ် မကောင်းလို့များလား.."

Xiao Zhou က သံသယနှင့် ရပ်ကျန်ရစ်ခဲ့သည်။

"ဆေးစစ်ချက်ရလဒ်က ကောင်းတယ်.. သခင်လေး ဘာကြောင့် ခုလိုဖြစ်သွားသလဲဆိုတာ ငါလည်းမသိတော့ဘူး.. ကနေ့ သခင်မလေးက ဆေးရုံမှာ မူးလဲသွားပေမယ့် သူက တစ်ချက်လေးပဲ သွားကြည့်ပြီး တောသားပိန်းဥကို ဆံပင်ညှပ်ပေးဖို့၊ အဝတ်အစားဝယ်ပေးဖို့ shopping ထွက်ခဲ့တယ်.. ဒါက တကယ် ပုံမှန်မဟုတ်ဘူး.."

Xiao Wang က သူတို့အလုပ်ရှင်ရဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာ တစ်ခုခုဖြစ်နေသည်ဟု ထင်နေသည်။

"မင်းသာမပြောရင် ငါ သတိထားမိမှာမဟုတ်ဘူး.. သခင်လေးက ခုလို တောသားလေးကို ပြင်ဆင်ဝတ်စားပေးလိုက်တာကို သခင်ကြီးကို ပြောပြရဲ့လား.. ဒီကောင်လေး ဒီမှာရှိတာကို ပတ်ဝန်းကျင်က သတိထားမိရင် သခင်ကြီး ပြဿနာတက်သွားနိုင်တယ်နော်.."

ဒီနှလုံးအစားထိုးမယ့်ကိစ္စက လူသတ်မှုဖြစ်လို့ Xiao Zhou က စိတ်လှုပ်ရှားနေသည်။ ဒီပတ်ဝန်းကျင်ကအိမ်တွေက ရွှယ်အိမ်တော်၏ စီးပွားပြိုင်ဖက်တွေဖြစ်လို့ ဒီအိမ်တော်၏လှုပ်ရှားမှုကို အမြဲထောက်လှမ်းနေကြသည်။ တကယ်လို့ ရွှယ်ကျင်းရီနှင့် ရုပ်တူသည့် ကောင်လေးတစ်ယောက်ကို တွေ့သွားရင် သေချာပေါက် သံသယဝင်နိုင်သည်။

"သခင်ကြီးရွှယ် မသိသေးဘူး.. သူတို့ ဒီည သေချာပေါက် ပြဿနာတက်ကြလိမ့်မယ်.."

Xiao Wang က ပြောလိုက်သည်။

ရွှယ်ဇီရွှမ်က ကောင်လေးကို သူ့အိပ်ခန်းထဲခေါ်သွားပြီး ပြတင်းပေါက်လိုက်ကာတွေကို ဆွဲစေ့ကာ မီးဖွင့်လိုက်သည်။ ပြီးတော့ ခုတင်အောက်က ခရီးဆောင်သေတ္တာကြီးကို ထုတ်လိုက်သည်။

"အစ်ကိုကြီး.. ဘာလုပ်မလို့လဲ.."

ကျိုးယွင်ရှန့်က ရွှယ်ဇီရွှမ်ကိုငုံ့ကြည့်ကာ မေးလိုက်သည်။

ရွှယ်ဇီရွှမ်က ဗီရိုကိုဖွင့်ကာ အဝတ်အစားများကိုယူကာ ခရီးဆောင်အိတ်ထဲ ပစ်ထည့်ရင်း ပြောလိုက်သည်။

"ပစ္စည်းတွေသိမ်းပြီး ဒီကထွက်မယ်.. အစ်ကိုကြီးနဲ့အတူ လိုက်ခဲ့ရမယ်.."

လမ်းမှာ ရွှယ်ရန်၏ကားကိုတွေ့လိုက်ရမှ ဒီအိမ်မှာနေရတာ ဘယ်လောက်အန္တရာယ်ကြီးတာကို သူ သတိပြုမိလိုက်သည်။

"အစ်ကိုကြီးက ဘာကြောင့် အိမ်က ရုတ်တရက် ထွက်သွားချင်ရတာလဲ.."

ကျိုးယွင်ရှန့်က သိပေမယ့် မသိဟန်ဆောင်ကာ မေးလိုက်သည်။ ဒီလူငယ်၏အမူအယာကို သူအရင်က မတွေ့ခဲ့ဖူးပေ။ သူ့ကို ရွှယ်အိမ်တော်အပြင်ဘက်မှာ အကျယ်ချုပ်ထားပြီး ရွှယ်ကျင်းရီသက်သာတာနဲ့ တစ်ပြိုင်နက် သူ့ကို ဆေးရုံကိုတန်းခေါ်သွားပြီး နှလုံးအစားထိုးလုပ်ချင်နေတာ မဟုတ်လား။ ဒီလူငယ်က ကြင်နာချင်ယောင်ဆောင်နေပေမယ့် သူက ရွှယ်ကျင်းရီဘေးကနေ ခွာခဲ့ရတာနဲ့ သူ့စိတ်အခြေအနေက ပိုဆိုးဝါးလာခဲ့သည်ဟု တွေးနေသည်။

"ငါက မင်းကို လူတချို့မမြင်အောင် ဝှက်ထားချင်လို့ပါ.." ဆိုသည့်စကားကို ဖွင့်ပြောလို့မရသည့်အတွက် ရွှယ်ဇီရွှမ်က ကောင်လေး၏ပါးပြင်ကို လက်ဝါးနှစ်ဖက်နှင့် အုပ်ညှပ်ကိုင်ထားပြီး နူးညံ့စွာကြည့်ကာ ပြောလိုက်သည်။

"ရှောင်ရီ.. အစ်ကိုကြီးက မင်းကို ကာကွယ်ပေးချင်လို့ပါ.. အစ်ကိုကြီးကို ယုံပါ.. ဒီနေရာက ကောင်းတဲ့နေရာမဟုတ်ဘူး.."

"ဒီအိမ်ကလူတွေအားလုံး ငါအပါအဝင် ဘယ်သူမှ မကောင်းကြဘူး.." ဆိုသည့်စကားကို ဆက်မပြောဘဲ မြိုသိပ်ကာ နေ့စဉ်သုံးပစ္စည်းတွေကို ခရီးဆောင်အိတ်ထဲ ဆက်ထည့်လိုက်သည်။

=======================


ရွှယ်ဇီရွမ် (Completed) (MM Translation)Where stories live. Discover now