Chapter - 65

31.7K 4.7K 1.4K
                                    

#Unicode

မင်းယွီအိပ်ယာကနိုးထလာတော့ ခေါင်းတွေမူးနောက်နေတယ် … ညကအဖြစ်အပျက်တွေ ဘာတစ်ခုမှ သတိမရတော့ဘူး … ပြန်စဉ်းစားနေမဲ့အစား လန်းဆန်းသွားအောင် ရေချိုးချင်လာတယ် …

စိတ်ကမကြည်သေး၍ ခုချိန်ထိဘယ်ရောက်နေမှန်းသတိမရသေးဘူး … ကုတင်ပေါ်ကထလာပြီး ရေချိုးခန်းလို့ထင်ရတဲ့ အခန်းထံလျှောက်လာလိုက်တယ် … သို့ပေမဲ့ အခန်းတံခါးက မင်းယွီတွန်းလိုက်ယုံနဲ့ အလိုလိုပွင့်သွားလေတယ် …

မင်းယွီအိပ်မှုန်ဆုံဖွားနဲ့ ကိုယ်ပေါ်ကအဝတ်တွေကိုတစ်လွှာချင်းဆွဲချွတ်နေမိတယ် … ဘောင်းဘီကိုချွန်ဖို့ ခါးပတ်ဖြည်ပြီးတဲ့အချိန်မှာ သူ့မျက်လုံးတွေပွင့်လာတယ် …

အခန်းကအဖြူရောင်မို့ တောက်ပြောင်နေတဲ့အပြင် လင်းလပ်နေပြီး မျက်လုံးများပင်ကြိမ်းသွားမိတယ် …  သူ့ရှေ့တည့်တည့်က ရေကန်ထဲအကြည့်ရောက်သွားတဲ့အခါ မင်းယွီသရဲတွေ့သည့်အလား လန့်ပြီး အော်လိုက်လေတော့တယ် …

" အား "

ဖန်းဂူက ရေကန်ထဲကနေထလာတော့ သူ့ကိုယ်ပေါ်မှာ ရေဆက်တွေတွဲခိုလျှက် … တောင့်တင်းနေတဲ့ဝမ်းဗိုက်ကြွက်သားတွေပေါ်ကနေစီးဆင်းသွားကာ ဆွဲဆောင်မှုရှိလှတယ် …

မှင်သေကာကြည့်နေမိတဲ့မင်းယွီအသိပြန်မဝင်လာသေး … ဖန်းဂူသူ့ရှေတည့်တည့်ရောက်လာမှ မျက်ဝန်းလေးတွေက လှုပ်ရှားလာလေတယ် … ပြီးနောက် ဖန်းဂူ သူ့ဘေးနားမှာတင်ထားတဲ့ အဖြူရောင်သပတ်ကိုဆွဲယူပြီး သူ့ရဲ့အောက်ပိုင်းကိုဖုံးကွယ်လိုက်လေတယ် …

ထိုအခါမှ မင်းယွီလက်တွေက သူ့ရဲ့ကိုယ်ကရင်သားတွေကိုဖုံးဖိလျှက် မျက်လုံးကိုတင်းတင်းလေးပိတ်ထားလိုက်မိတယ် … အရှေ့ကလူရဲ့ ဆွဲဆောင်မှုရှိလှတဲ့အရာတွေကိုလဲမကြည့်နိုင်တော့ဘူး … ခုချိန်မှာသူ့ရဲ့အပေါ်ပိုင်းကအဝတ်ကင်းမဲ့နေပြီး သာမန်လူတစ်ယောက်ရဲ့ရင်သားထက်ကြီးနေတဲ့ အရာအား လက်နဲ့အတင်းဖိကာဖုံးကွယ်နေမိတယ် …

ခုချိန်ထိ လုယီလေးကနို့မပျက်သေးတော့ မင်းယွီရင်သားတွေကလဲတောင့်ခဲနေဆဲ … ထိုအရာကိုမြင်သွားမည်ဆိုးလွန်း၍ ပြေးထွက်ရန်ပင်မေ့လျော့သွားကာ ကြမ်းပြင်ပေါ်ထိုင်ချလိုက်ပြီး ဒူးနှစ်ဖက်နဲ့ ကာကွယ်လိုက်လေတယ် …

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now