Chapter (5-4) - "အျခားသူေတြ မင္းကို ထိခိုက္ေအာင္လုပ္တာခြင့္မျပဳဘူး.."

5.7K 943 10
                                    

Chapter (5-4) – "အျခားသူေတြ မင္းကို ထိခိုက္ေအာင္လုပ္တာကို အစ္ကိုႀကီး ခြင့္မျပဳဘူး.."

က်ိဳးယြင္ရွန္႔သည္ ဖြင့္ဟဝန္ခံစကားႏွင့္တူသည့္ ရႊယ္ဇီရႊမ္၏စကားကို ၾကားလိုက္ရၿပီးေနာက္ လက္ဖမိုးမ်ားကို နမ္းလိုက္တာခံလိုက္ရေတာ့ တုန္လႈပ္သြားသည္။ ဒီရႊယ္ဇီရႊမ္က သူ႔ႏွလံုးသားကို လိုခ်င္႐ံုသာမက သူ႔ခႏၶာကိုယ္ကိုလည္း လိုခ်င္တာလားဟု လွ်ိဳ႕ဝွက္ေတြးလိုက္မိသည္။

ဒီဟာက ဘာျဖစ္ျဖစ္ သူ႔ကိုမထိခိုက္ေစပါ။ ဒီရႊယ္အိမ္ေတာ္က ထြက္ခြင့္ရၿပီး system ရဲ့ထိန္းခ်ဳပ္မႈေအာက္က လြတ္သြားရင္ သူက ေကာင္းကင္မွာဝဲပ်ံေနတဲ့ ငွက္လို၊ သမုဒၵရာထဲကငါးလို လြတ္လပ္ေအာင္ လုပ္ႏိုင္ပါလိမ့္မည္။ ဒါက game တစ္ခုလိုပဲ ဘယ္သူႏိုင္မယ္၊ ဘယ္သူ႐ံႈးမယ္ဆိုတာ ေျပာလို႔မရေသးေပ။

က်ိဳးယြင္ရွန္႔က သူ႔သ႐ုပ္ေဆာင္စြမ္းရည္ကို အျပည့္ထုတ္သံုးလိုက္သည္။ သူက ရႊယ္ဇီရႊမ္၏လက္ထဲက လက္ေလးတစ္စံုကို ဆြဲယူကာ ပါးျပင္က ရွက္ေသြးျဖန္းေနၿပီး မ်က္လႊာခ်ကာ ရွက္ရဲဝဲသည့္မ်က္ဝန္းေလးမ်ားကို ဖံုးကြယ္ခ်င္ေယာင္ေဆာင္လိုက္သည္။ တကယ္ေတာ့ ရႊယ္ဇီရႊမ္၏ဒီေနရာက ဘယ္လိုလြတ္ေအာင္ေျပးရမလဲဆိုတာ တြက္ခ်က္ေနသည္။

ရႊယ္ဇီရႊမ္၏စိတ္ထဲ ခ်စ္စိတ္တို႔ႏွင့္ျပည့္သြားၿပီး ေကာင္ေလးကို တင္းတင္းဆြဲဖက္ကာ အသက္ျပင္းျပင္း႐ွဴလိုက္သည္။ ဒီေကာင္ေလး၏ ေႏြးေထြးေပ်ာ့ေျပာင္းေသာ အထိအေတြ႕အရ ဒါက အိပ္မက္မဟုတ္ဘဲ တကယ္ဆိုတာ သိလိုက္သည္။ ႏွစ္ရာခ်ီ ဆင္းရဲဒုကၡ၊ နာက်င္မႈကို ခံစားခဲ့ရၿပီး ျပန္လည္ေမြးဖြားလာၿပီးေနာက္ ခ်စ္ရသူကို ျပန္ဆံုရေတာ့ တစ္မိနစ္၊ တစ္စကၠန္႔ေတာင္ သူ မေစာင့္ဆိုင္းခ်င္ေတာ့ပါ။

"ေရွာင္ရီ.. ေရွာင္ရီ.."

ရႊယ္ဇီရႊမ္က ေကာင္ေလး၏လည္တိုင္မွာ မ်က္ႏွာအပ္ကာ ေကာင္ေလး၏ရနံ႔ကို ႐ွဴ႐ိႈက္ရင္း ထပ္တလဲလဲေခၚေနမိသည္။

ပထမေတာ့ က်ိဳးယြင္ရွန္႔က ျပန္ထူးေပမယ့္ ဆက္တိုက္ေခၚေနေတာ့ ဒီလူငယ္ ႐ူးသြားၿပီဟု ေတြးေနမိသည္။

တုန္ယင္ေနသည့္စိတ္ကို ၿငိမ္ေအာင္ 10 မိနစ္ေလာက္ အခ်ိန္ယူလိုက္ရသည္။ တကယ္ေတာ့ ရႊယ္ဇီရႊယ္ ျပန္လည္ေမြးဖြားလာၿပီး ေကာင္ေလးကိုေတြ႕ရေပမယ့္ ဒီဟာက အိပ္မက္တစ္ခုလိုထင္ကာ သူ႔ကိုယ္သူ တိမ္ေတြေပၚလမ္းေလွ်ာက္ေနရသလို ခံစားေနရသည္။ သူက ေကာင္ေလး၏ ေသးသြယ္ေသာခါးကိုဖက္ကာ ပါးျပင္ကိုေမႊးၾကဴၿပီး ဒီဟာကတကယ္ဆိုတာ အထပ္ထပ္ သက္ေသထူၿပီးေတာ့မွ စိတ္ေအးသြားၿပီး လႊတ္ေပးလိုက္သည္။

"အစ္ကိုႀကီးေျပာတဲ့စကားကို နားမလည္ရင္ေတာင္ အစ္ကိုႀကီးက မင္းကို ဘယ္ေတာ့မွ ထိခိုက္ေအာင္မလုပ္သလို တျခားလူေတြ ထိခိုက္ေအာင္လုပ္တာလည္း ခြင့္မျပဳဘူးဆိုတာ မွတ္ထားရင္ရၿပီ.."

ဒီလိုေျပာၿပီး ရွက္ရဲဝဲဝဲႏွင့္ မ်က္ဝန္းခ်င္းဆိုင္မၾကည့္ဝံ့ေသာ ေကာင္ေလး၏ေခါင္းကို ခ်စ္စႏိုးပြတ္ကာ ၿပံဳးၿပီး ေျပာလိုက္သည္။

က်ိဳးယြင္ရွန္႔က ရင္ထဲမွာ အထင္ေသးေနေပမယ့္ ေက်းဇူးတင္ဟန္ ေဖာ္ျပလိုက္သည္။ ပစၥည္းမ်ားကို ထုတ္ပိုးၿပီးေနာက္ ရႊယ္ဇီရႊမ္က ဟြမ္ရီ၏အခန္းထဲဝင္ၿပီး စာရြက္စာတမ္းမ်ားကို သြားသိမ္းလိုက္သည္။ မိန္းမဆန္သည့္အဝတ္အစားေတြကိုေတာ့ ခ်န္ထားလိုက္သည္။ ဒါေတြကို က်င္းရီပဲဝတ္ပါေစ။ သူဝယ္ေပးသည့္ ေယာက္်ားေလးအဝတ္မ်ားကို ဒီအိမ္ကိုလာမပို႔ေစဘဲ ၿမိဳ႕ထဲကတိုက္ခန္းကို လာပို႔ဖို႔ ဆိုင္ကိုအေၾကာင္းၾကားလိုက္သည္။

"ေကာင္းၿပီ.. ဘာပစၥည္း ေမ့က်န္ေသးလဲ.. တစ္ခ်က္စစ္ၾကည့္ပါဦး.."

ရႊယ္ဇီရႊမ္က ညင္သာစြာေျပာၿပီး ခရီးေဆာင္ေသတၱာကို ပိတ္လိုက္သည္။

"ကၽြန္ေတာ္ ဒါကို ယူခဲ့လို႔ရမလား.."

က်ိဳးယြင္ရွန္႔က စားပြဲေပၚက Laptop ကိုညႊန္ျပၿပီး ေမးလိုက္သည္။ အခု သူ႔နာမည္ကလြဲၿပီး သူ႔မွာ ပိုက္ဆံတစ္ျပားမွမရွိေပ။ ကြန္ပ်ဴတာတစ္လံုးႏွင့္ဆိုရင္ အြန္လိုင္းေပၚမွာ အလုပ္လုပ္ၿပီး သူမ်ားေတြစိတ္ကူးယဥ္လို႔ မရေလာက္သည့္ ဓနဥစၥာကို သူ ရွာေဖြလို႔ရႏိုင္သည္။

"ရတာေပါ့.."

ရႊယ္ဇီရႊမ္က Laptop ကို အိတ္ထဲထည့္ကာ ႏွစ္ဦးသား ေသတၱာတစ္လံုးႏွင့္ အိမ္ေအာက္ကို ဆင္းလာခဲ့သည္။
သခင္ေလးရႊယ္က ခရီးေဆာင္အိတ္ကို တစ္ဖက္ဆြဲကာ တစ္ဖက္က ေတာသားေလးကိုလက္ဆြဲၿပီး ဆင္းလာတာျမင္ရေတာ့ Xiao Wang နဲ႔ Xiao Zhou တုိ႔ အံ့အားသင့္ကာ ဘယ္သြားမလို႔လဲဟု လွ်င္ျမန္စြာေမးလိုက္သည္။

ရႊယ္ဇီရႊမ္က ျပန္မေျဖဘဲ ကားေသာ့ကိုယူကာ ကိုယ္တိုင္ ကားသြားထုတ္လိုက္သည္။ သူက Xiao Wang ကို ကားေမာင္းဖို႔ ေခၚမသြားေပ။

က်ိဳးယြင္ရွန္႔က အိမ္ေရွ႕က ခရီးေဆာင္ေသတၱာေပၚမွာထိုင္ေစာင့္ေနရင္း ညေကာင္းကင္က ၾကယ္ေရာင္ႏွင့္ ညခ်မ္းျမက္နံ႔ကို ခံစားလို႔ေနသည္။ ပတ္ဝန္းက်င္တစ္ခုလံုး ၿငိမ္သက္ကာ ေအးခ်မ္းလို႔ေနသည္။ က်ိဳးယြင္ရွန္႔စိတ္က ရႊင္လန္းတက္ၾကြလို႔ေနသည္။ ရႊယ္အိမ္ေတာ္ကထြက္လာၿပီး system ရဲ့ထိန္းခ်ဳပ္မႈကို ဖယ္ရွားႏိုင္မယ့္နည္းကိုရွာၿပီးရင္ သူ ခရီးစတင္ႏိုင္ေလၿပီ။ ရႊယ္အိမ္က မေကာင္းဆိုးဝါးေတြကို ကလဲ့စားေခ်ဖို႔ ေသခ်ာၾကံစည္ႏိုင္လိမ့္မည္။ ရႊယ္က်င္းရီကေတာ့ သူ႔ဘာသာ ျဖည္းျဖည္းခ်င္း ေသဆံုးပါေစ။

သူ႔စိတ္ထဲက ေရွ႕ဆက္လုပ္မည့္အစီအစဥ္ကို ေတြးၿပီး စိတ္ခံစားခ်က္ ျမင့္တက္လာလို႔ system က သတိထားမိသြားသည္။ စက္႐ုပ္ဆန္သည့္အသံက ဦးေႏွာက္ထဲေပၚလာေတာ့သည္။

"Host က ပံုရိပ္ေယာင္ကမာၻကဇာတ္လမ္းကို ဖ်က္ဆီးပစ္ဖို႔လုပ္ေနတယ္.. Lord God ရဲ့ဖ်က္ဆီးေရးစနစ္ကို အသက္သြင္းဖို႔ မိနစ္ 30 အခ်ိန္ရပါမယ္.. ဒီမိနစ္ 30 မွာ ျပန္ျပင္ဆင္ပါ.. ျပင္ဆင္မႈမလုပ္ရင္ Host ရဲ့စိတ္ဝိညာဥ္ကို ဖ်က္ဆီးပစ္ရပါလိမ့္မယ္.."

System ရဲ့စကားအဆံုး စတင္ေရတြက္သံကို ၾကားလိုက္ရသည္။ System ကို ေလ့လာသိရွိမိသေလာက္ မိနစ္ 30 ၾကာၿပီးရင္ system က သူ႔ဘာသာ ဖ်က္ဆီးပစ္ၿပီး သူနဲ႔ခ်ိတ္ဆက္ထားသည့္ Host ရဲ့စိတ္ဝိညာဥ္ကို ဖ်က္ဆီးတာျဖစ္မည္ဟု က်ိဳးယြင္ရွန္႔ တြက္ဆလိုက္သည္။


====================

Chapter (5-4) – "အခြားသူတွေ မင်းကို ထိခိုက်အောင်လုပ်တာကို အစ်ကိုကြီး ခွင့်မပြုဘူး.."

ကျိုးယွင်ရှန့်သည် ဖွင့်ဟဝန်ခံစကားနှင့်တူသည့် ရွှယ်ဇီရွှမ်၏စကားကို ကြားလိုက်ရပြီးနောက် လက်ဖမိုးများကို နမ်းလိုက်တာခံလိုက်ရတော့ တုန်လှုပ်သွားသည်။ ဒီရွှယ်ဇီရွှမ်က သူ့နှလုံးသားကို လိုချင်ရုံသာမက သူ့ခန္ဓာကိုယ်ကိုလည်း လိုချင်တာလားဟု လျှို့ဝှက်တွေးလိုက်မိသည်။

ဒီဟာက ဘာဖြစ်ဖြစ် သူ့ကိုမထိခိုက်စေပါ။ ဒီရွှယ်အိမ်တော်က ထွက်ခွင့်ရပြီး system ရဲ့ထိန်းချုပ်မှုအောက်က လွတ်သွားရင် သူက ကောင်းကင်မှာဝဲပျံနေတဲ့ ငှက်လို၊ သမုဒ္ဒရာထဲကငါးလို လွတ်လပ်အောင် လုပ်နိုင်ပါလိမ့်မည်။ ဒါက game တစ်ခုလိုပဲ ဘယ်သူနိုင်မယ်၊ ဘယ်သူရှုံးမယ်ဆိုတာ ပြောလို့မရသေးပေ။

ကျိုးယွင်ရှန့်က သူ့သရုပ်ဆောင်စွမ်းရည်ကို အပြည့်ထုတ်သုံးလိုက်သည်။ သူက ရွှယ်ဇီရွှမ်၏လက်ထဲက လက်လေးတစ်စုံကို ဆွဲယူကာ ပါးပြင်က ရှက်သွေးဖြန်းနေပြီး မျက်လွှာချကာ ရှက်ရဲဝဲသည့်မျက်ဝန်းလေးများကို ဖုံးကွယ်ချင်ယောင်ဆောင်လိုက်သည်။ တကယ်တော့ ရွှယ်ဇီရွှမ်၏ဒီနေရာက ဘယ်လိုလွတ်အောင်ပြေးရမလဲဆိုတာ တွက်ချက်နေသည်။

ရွှယ်ဇီရွှမ်၏စိတ်ထဲ ချစ်စိတ်တို့နှင့်ပြည့်သွားပြီး ကောင်လေးကို တင်းတင်းဆွဲဖက်ကာ အသက်ပြင်းပြင်းရှူလိုက်သည်။ ဒီကောင်လေး၏ နွေးထွေးပျော့ပြောင်းသော အထိအတွေ့အရ ဒါက အိပ်မက်မဟုတ်ဘဲ တကယ်ဆိုတာ သိလိုက်သည်။ နှစ်ရာချီ ဆင်းရဲဒုက္ခ၊ နာကျင်မှုကို ခံစားခဲ့ရပြီး ပြန်လည်မွေးဖွားလာပြီးနောက် ချစ်ရသူကို ပြန်ဆုံရတော့ တစ်မိနစ်၊ တစ်စက္ကန့်တောင် သူ မစောင့်ဆိုင်းချင်တော့ပါ။

"ရှောင်ရီ.. ရှောင်ရီ.."

ရွှယ်ဇီရွှမ်က ကောင်လေး၏လည်တိုင်မှာ မျက်နှာအပ်ကာ ကောင်လေး၏ရနံ့ကို ရှူရှိုက်ရင်း ထပ်တလဲလဲခေါ်နေမိသည်။

ပထမတော့ ကျိုးယွင်ရှန့်က ပြန်ထူးပေမယ့် ဆက်တိုက်ခေါ်နေတော့ ဒီလူငယ် ရူးသွားပြီဟု တွေးနေမိသည်။

တုန်ယင်နေသည့်စိတ်ကို ငြိမ်အောင် 10 မိနစ်လောက် အချိန်ယူလိုက်ရသည်။ တကယ်တော့ ရွှယ်ဇီရွှယ် ပြန်လည်မွေးဖွားလာပြီး ကောင်လေးကိုတွေ့ရပေမယ့် ဒီဟာက အိပ်မက်တစ်ခုလိုထင်ကာ သူ့ကိုယ်သူ တိမ်တွေပေါ်လမ်းလျှောက်နေရသလို ခံစားနေရသည်။ သူက ကောင်လေး၏ သေးသွယ်သောခါးကိုဖက်ကာ ပါးပြင်ကိုမွှေးကြူပြီး ဒီဟာကတကယ်ဆိုတာ အထပ်ထပ် သက်သေထူပြီးတော့မှ စိတ်အေးသွားပြီး လွှတ်ပေးလိုက်သည်။

"အစ်ကိုကြီးပြောတဲ့စကားကို နားမလည်ရင်တောင် အစ်ကိုကြီးက မင်းကို ဘယ်တော့မှ ထိခိုက်အောင်မလုပ်သလို တခြားလူတွေ ထိခိုက်အောင်လုပ်တာလည်း ခွင့်မပြုဘူးဆိုတာ မှတ်ထားရင်ရပြီ.."

ဒီလိုပြောပြီး ရှက်ရဲဝဲဝဲနှင့် မျက်ဝန်းချင်းဆိုင်မကြည့်ဝံ့သော ကောင်လေး၏ခေါင်းကို ချစ်စနိုးပွတ်ကာ ပြုံးပြီး ပြောလိုက်သည်။

ကျိုးယွင်ရှန့်က ရင်ထဲမှာ အထင်သေးနေပေမယ့် ကျေးဇူးတင်ဟန် ဖော်ပြလိုက်သည်။ ပစ္စည်းများကို ထုတ်ပိုးပြီးနောက် ရွှယ်ဇီရွှမ်က ဟွမ်ရီ၏အခန်းထဲဝင်ပြီး စာရွက်စာတမ်းများကို သွားသိမ်းလိုက်သည်။ မိန်းမဆန်သည့်အဝတ်အစားတွေကိုတော့ ချန်ထားလိုက်သည်။ ဒါတွေကို ကျင်းရီပဲဝတ်ပါစေ။ သူဝယ်ပေးသည့် ယောက်ျားလေးအဝတ်များကို ဒီအိမ်ကိုလာမပို့စေဘဲ မြို့ထဲကတိုက်ခန်းကို လာပို့ဖို့ ဆိုင်ကိုအကြောင်းကြားလိုက်သည်။

"ကောင်းပြီ.. ဘာပစ္စည်း မေ့ကျန်သေးလဲ.. တစ်ချက်စစ်ကြည့်ပါဦး.."

ရွှယ်ဇီရွှမ်က ညင်သာစွာပြောပြီး ခရီးဆောင်သေတ္တာကို ပိတ်လိုက်သည်။

"ကျွန်တော် ဒါကို ယူခဲ့လို့ရမလား.."

ကျိုးယွင်ရှန့်က စားပွဲပေါ်က Laptop ကိုညွှန်ပြပြီး မေးလိုက်သည်။ အခု သူ့နာမည်ကလွဲပြီး သူ့မှာ ပိုက်ဆံတစ်ပြားမှမရှိပေ။ ကွန်ပျူတာတစ်လုံးနှင့်ဆိုရင် အွန်လိုင်းပေါ်မှာ အလုပ်လုပ်ပြီး သူများတွေစိတ်ကူးယဉ်လို့ မရလောက်သည့် ဓနဥစ္စာကို သူ ရှာဖွေလို့ရနိုင်သည်။

"ရတာပေါ့.."

ရွှယ်ဇီရွှမ်က Laptop ကို အိတ်ထဲထည့်ကာ နှစ်ဦးသား သေတ္တာတစ်လုံးနှင့် အိမ်အောက်ကို ဆင်းလာခဲ့သည်။
သခင်လေးရွှယ်က ခရီးဆောင်အိတ်ကို တစ်ဖက်ဆွဲကာ တစ်ဖက်က တောသားလေးကိုလက်ဆွဲပြီး ဆင်းလာတာမြင်ရတော့ Xiao Wang နဲ့ Xiao Zhou တို့ အံ့အားသင့်ကာ ဘယ်သွားမလို့လဲဟု လျှင်မြန်စွာမေးလိုက်သည်။

ရွှယ်ဇီရွှမ်က ပြန်မဖြေဘဲ ကားသော့ကိုယူကာ ကိုယ်တိုင် ကားသွားထုတ်လိုက်သည်။ သူက Xiao Wang ကို ကားမောင်းဖို့ ခေါ်မသွားပေ။

ကျိုးယွင်ရှန့်က အိမ်ရှေ့က ခရီးဆောင်သေတ္တာပေါ်မှာထိုင်စောင့်နေရင်း ညကောင်းကင်က ကြယ်ရောင်နှင့် ညချမ်းမြက်နံ့ကို ခံစားလို့နေသည်။ ပတ်ဝန်းကျင်တစ်ခုလုံး ငြိမ်သက်ကာ အေးချမ်းလို့နေသည်။ ကျိုးယွင်ရှန့်စိတ်က ရွှင်လန်းတက်ကြွလို့နေသည်။ ရွှယ်အိမ်တော်ကထွက်လာပြီး system ရဲ့ထိန်းချုပ်မှုကို ဖယ်ရှားနိုင်မယ့်နည်းကိုရှာပြီးရင် သူ ခရီးစတင်နိုင်လေပြီ။ ရွှယ်အိမ်က မကောင်းဆိုးဝါးတွေကို ကလဲ့စားချေဖို့ သေချာကြံစည်နိုင်လိမ့်မည်။ ရွှယ်ကျင်းရီကတော့ သူ့ဘာသာ ဖြည်းဖြည်းချင်း သေဆုံးပါစေ။

သူ့စိတ်ထဲက ရှေ့ဆက်လုပ်မည့်အစီအစဉ်ကို တွေးပြီး စိတ်ခံစားချက် မြင့်တက်လာလို့ system က သတိထားမိသွားသည်။ စက်ရုပ်ဆန်သည့်အသံက ဦးနှောက်ထဲပေါ်လာတော့သည်။

"Host က ပုံရိပ်ယောင်ကမ္ဘာကဇာတ်လမ်းကို ဖျက်ဆီးပစ်ဖို့လုပ်နေတယ်.. Lord God ရဲ့ဖျက်ဆီးရေးစနစ်ကို အသက်သွင်းဖို့ မိနစ် 30 အချိန်ရပါမယ်.. ဒီမိနစ် 30 မှာ ပြန်ပြင်ဆင်ပါ.. ပြင်ဆင်မှုမလုပ်ရင် Host ရဲ့စိတ်ဝိညာဉ်ကို ဖျက်ဆီးပစ်ရပါလိမ့်မယ်.."

System ရဲ့စကားအဆုံး စတင်ရေတွက်သံကို ကြားလိုက်ရသည်။ System ကို လေ့လာသိရှိမိသလောက် မိနစ် 30 ကြာပြီးရင် system က သူ့ဘာသာ ဖျက်ဆီးပစ်ပြီး သူနဲ့ချိတ်ဆက်ထားသည့် Host ရဲ့စိတ်ဝိညာဉ်ကို ဖျက်ဆီးတာဖြစ်မည်ဟု ကျိုးယွင်ရှန့် တွက်ဆလိုက်သည်။


====================


ရွှယ်ဇီရွမ် (Completed) (MM Translation)Where stories live. Discover now