💜 S3 EP - 1 💜

115K 8.8K 328
                                    

Zawgyi...
>>>>>>>>

ဂျပန်နိုင်ငံရဲ့လှပတဲ့ကမ်းခြေတစ်ခုတွင် လတ်ဆတ်တဲ့လေကိုခံစားရင်း ဖြေးညင်းစွာလျှောက်လှမ်းလာတဲ့ ကောင်လေးတစ်ယောက်ရှိသည် .... သို့သော် ကောင်လေးဆိုတဲ့အမြင်ဟာ မသိတဲ့သူစိမ်းလူတွေအတွက် ထိုလူကိုကောင်လေးတစ်ယောက်လိုသတ်မှတ်လိုက်မည်ဖြစ်သော်လည်း တကယ်တမ်း ထိုလူသည် အသက် 28 နှစ်ရှိ ရင့်ကျက်တဲ့ လူကြီးတစ်ယောက်ဖြစ်နေခဲ့သည် ။

အရပ် 5'10 ရှိ .. အဖြူရောင်ဂျင်းဘောင်းဘီရှည် နဲ့ အဖြူရောင်ခေါင်းစွပ် Hoodie အပြင် အပေါ်ကုတ်အနက်ရှည်ကိုဝတ်ကာ လည်ပင်းတွင် အကောင်းစားမော်ဒယ်မြင့်ကင်မရာတစ်လုံးကိုင်ကာ သဘာဝရဲ့အလှတရားတွေကိုရိုက်ကူးနေတဲ့ လူတစ်ယောက်ဟာ အေးချမ်းပြီး လှပဖွယ်အတိ ။

ဖြူဝင်းပြီးလှပတဲ့အသားရည်နှင့်
နှဖူးနားထိခပ်အုပ်အုပ်လေးကျဆင်းနေသည့် နက်မှောင်တဲ့ဆံပင်ကိုဂျယ်နှင့်ပုံသွင်းထားပြီး မျက်လုံးတန်းလေးကထင်ပေါ်လို့နေသည် ။ မျက်ဆံကြည်ပြာရောင်လေး အပြင် အနည်းငယ်မှေးကျဉ်းတဲ့မျက်ဝန်းလေး အထက်မျက်တောင်ရှည်လေးတွေဟာ ကြည့်မိသူတိုင်းညှို့လိုက်သည့်အလားလှပလွန်းသည် ။ ဖြောင့်ဆင်းတဲ့နှာတံရှည်လေးနဲ့ ပါးလျှပ်တဲ့နှုတ်ခမ်းပါးနီတာရဲလေးသည်လဲ ပြုံးရယ်လိုက်တိုင်းပေါ်လာတဲ့ သွားတတ်လေးနဲ့ပါးချိုင့်လေးနဲ့အတူ ချောမောလှပနေသည် ။

အသက် ၂၈ ရှိ ယောက်ကျားပျိုတစ်ဦးကို လှပတယ်လို့သုံးရသည်မှာ နားကလောမှာမှန်သော်လည်း ထိုအမျိုးကောင်းသားအတွက်တော့ ဒါသည် ပုံမှန်သုံးနှုန်းနေကြစကားစုလေးတစ်စုဖြစ်လာခဲ့သည် ။

* ဒီနေရာလေးက အေးချမ်းပြီးလှလိုက်တာ .. *

နှိုင်းသုတ သည် ဘဝကို လွတ်လပ်စွာဖြတ်သန်းပြီး တောင်ပျံတစ်စုံနဲ့ငှက်ကလေးတွေလို လေနှင်ရာကိုပျံသန်းနေသူတစ်ယောက်လိုပင် ။

မိသားစု .... နှိုင်းသုတ ဟာ အဖေနှစ်ယောက်ကမွေးထားတဲ့သားတစ်ယောက်အပြင် အမွှာအကိုတစ်ယောက်လဲရှိသည် .. ။

မြန်မာနိုင်ငံရဲ့စီးပွားရေးဈေးကွက်ရော နိုင်ငံတချို့ရဲ့စီးပွားရေးတွေမှာပါ အရေးပါအရာရောက်တဲ့ အဖေနဲ့အကိုဟာ စီးပွားဥစ္စာနဲ့ပက်သတ်ရင် ထိပ်သီးနေရာတွင်ရပ်တည်နေသည် ။

ကိုကိုရဲ့ကလေးငယ် S3 [ Completed ]Where stories live. Discover now