Part - 12 (Unicode)

9.9K 348 12
                                        


[Unicode]
"သမီးရေ အထွန်း ထတော့။ဘယ်အချိန် ရှိနေပြီလဲ
ကွယ် ထတော့ ထတော့....''

အခန်းအပြင်မှ မေမေ့ရဲ့အသံကြောင့်နိုးလာကာ
အိပ်ယာထဲမှ ထလာပြီး တံခါးဖွင့်ပေးလိုက်သည်။

"ဘာလဲ မေမေရာ.....သမီးအိပ်ချင်သေးတယ်''
"ဟဲ့ ဘယ်အချိန် ရှိနေပြီလဲ ကြည့်ဦး....ညနေလေးနာရီထိုးနေပြီ ညကပြန်လာတာ တော်တော်နောက်ကျလို့လား''
"အင်း ဟုတ်တယ်မေမေ နောက်ကျတယ်''

မေမေ့ကိုပြန်ဖြေရင်း အိပ်ယာပေါ်တွင် လှဲလိုက်ချိန်
အခန်းထဲသို့ မမဝင်လာကာ ချထားသောအထုပ်များကို ဝင်မွှေလေတော့သည်။

"အဲ့ဒါဆို ညည်းအလုပ်မသွားဘူးပေါ့''
"ဟုတ်တယ်မေမေရေ နည်းနည်းပင်ပန်းနေလို့''
"ညီမလေးအထွန်းလေးရေ...ဒါဘာလေးလဲဟေ...''

မမပြသည့်အထုပ်ကို လှမ်းကြည့်လိုက်သောအခါ
မမမြတ်ပေးထားသော ရေမွှေးအိတ်ဖြစ်နေသည်။
အိပ်ယာပေါ်မှ လူးလဲထကာ မမလက်ထဲမှ အထုပ်ကို
ဆွဲယူလိုက်သည်။

"မလုပ်နဲ့ မလုပ်နဲ့ ဒါတော့ မလုပ်နဲ့ မပေးနိုင်ဘူး''
"အမလေးဟယ်....ဖြစ်ပျက်နေလိုက်တာများ ငါက
ရော တောင်းနေလို့လား တကယ်ထဲမှ''
"မဟုတ်ပါဘူးမမကလဲ....ဒါကအထွန်းကြိုက်တဲ့
ပစ္စည်းမလို့ပါ မမသားလေးဖို့အတွက်ကလက်ဆောင်
ပါတယ် ဟိုအိတ် ဟိုအိတ်''
"နင်ဝယ်လာတာမှ ဟုတ်ရဲ့လား''
"ဟီးဟီး....ဥက္ကဌဝယ်ပေးလိုက်တာ''
"သမီးရယ် အားနာစရာကြီး''
"သမီးလဲ ပြောပါတယ် ဒါပေမဲ့ သူလဲဘယ်အချိန်ကထဲက ဝယ်လိုက်လဲကိုမသိဘူး။အိမ်ရောက်တော့မှ
သမီးကိုပေးတာ''
"အထွန်းတို့ကတော့နော် ပြောကိုမပြောချင်ဘူး။
မမမြတ်ကလေ အမေ့မြေးကို တော်တော်ချစ်ပုံရတယ်
သိလား... သူလာတဲ့နေ့ကဆိုရင် သားလေးက
သူ့လက်ပေါ်မှာ အငိုတိတ်သွားတာပဲ။ သားလေးကို
့သူ့မှာ ကြည့်နေတာများ ချစ်တတ်လိုက်တာဆိုတာ''
"မိန်းကလေးက ကလေးချစ်တတ်တယ်ထင်တယ်''
"အင်း ဟုတ်တယ် အမေ''
"အထွန်း ဒီမှာကြည့်စမ်း ဒီအကျီ ၤဆို ငါ့သားလေးနဲလိုက်မှာ။Sizeကလဲ အတော်ပဲ။မမမြတ်က အရွေး
တော်တယ်တော့....အမေ့ ဒီမှာကြည့်ပါဦး''

မမနဲ့မေမေ့ကို သူမအကြောင်းပြောပြချင်သော်လည်း
အထွန်းနှုတ်ဆိတ်နေလိုက်သည်။သူမပေးသော
ရေမွှေးအိတ်ထဲမှ ရေမွှေးနံ့လေးများထွက်နေသောအခါ သူမကို တွေ့ချင်လာသည်။ဖုန်းခေါ်လိုက်လျှင်
သူမ အလုပ်ရှုပ်နေမှာလဲ စိုးသည်။ဖုန်းကိုင်၍ ခေါ်
သင့်မခေါ်သင့် စဉ်းစားနေချိန်.......

သူမ သိေစ..... (Z+U)Where stories live. Discover now