💜 S3 EP - 2 💜

82.7K 8.5K 543
                                    

အေးချမ်းလှတဲ့ ဂျပန်နိုင်ငံရဲ့လှပတဲ့ပင်လယ်ကြီးကိုမျက်နှာမူထားတဲ့ ကောင်လေးတစ်ယောက်သည် ထိုအလှပတွေခံစားလို့မရလောက်အောင် သူ့ရင်ထဲမှာ မအေးချမ်းနိုင်ပဲ ပို၍ပင်ပူလောင်လို့နေသည် ။

အခုချိန်မှာ သူ့အတွက်အရာအားလုံးမှာ အဓိပ္ပါယ်မရှိ အနာဂတ်မရှိ အစွန်းကုန်ပြောရရင် သူ့အသက်ရှိနေရခြင်းကိုပင် အဓိပ္ပါယ်မရှိတဲ့လူတစ်ယောက်လိုသဘောထားသည် ။

Christopher ( or ) Demon ဆိုတဲ့ကောင်လေး အသက် 23 နှစ်ရှိသော်လည်း လက်ရှိမှာ သူခံစားနေရတဲ့ ဝေဒနာသည် သူ့အသက်နဲ့မျှမလိုက်ဖက်စွာ ။

အရပ် 6'4 ရှိပြီး တောင့်တင်းတဲ့bodyကြွက်သားတွေနဲ့ခန့်ငြားတဲ့အသွင်ကိုပိုင်ဆိုင်ထားပြီး .. ဘယ်ဘက်ရင်အုံတခြမ်းလုံးအပြင် ဘယ်ဘက်ကျောပြင်တစ်လုံးအထက် ဘယ်ဘက်လက်တစ်ချောင်းလုံးမှာ ရဲရင့်တဲ့အသွင်ဆောင်ကျဉ်းတဲ့ ကြောက်စရာကောင်းတဲ့တတ်တူးထိုးထားသေးသည် ။

အခုခေတ်လူငယ်တွေကြားမှာခေတ်စားနေတဲ့ နက်မှောင်ပြီး လည်ဂုတ်ထိရှည်​နေတဲ့ဆံပင်ကို မသေသပ်စွာ ဖွာလန်ကျဲနေသည်မှာ ကြည့်ရဆိုးမနေပဲ ပင်လယ်ပြင်ရဲ့တိုက်ခိုက်လာတဲ့လေနဲ့အတူဝဲကာနေသည် ။

ပင်လယ်ဘက်ကိုကြည့်နေတဲ့ထိုလူငယ်ရဲ့ပုံစံမှာ အလိုမကျတဲ့ပုံစံမျိုးနက်မှောက်တဲ့မျက်ခုံးတို့ကိုစုကာကျုံ့ထားပေမယ့် .. သူ၏အဝါရောင်မျက်ဆံနဲ့အကြည့်တွေက အရမ်းဝမ်းနည်းစွာ အားကိုးရာမဲ့လူတစ်ယောက်လိုပင် ။

နိုင်ငံခြားသားဆိုပေမယ့် တခြားလူတွေနဲ့မတူ တမူထူးခြားစွာ အသားညိုညို V ပုံစံမျက်နှာထားရှိပြီး ဖြောင်းတန်းတဲ့နှာတံဟာအနည်းငယ်ချွန်နေသေးသည် ဒါ့အပြင် မထူမပါး နှုတ်ခမ်းသားတစ်စုံမှာ ကိုက်ခဲထားတဲ့ စီးကရက်ကြောင့် သွေးအနီရောင်မဖြစ်ပဲ ပြာချင်ချင်ဖြစ်နေတော့သည် ။

သူ့ပုံစံဟာ တလောကလုံးကိုအရွဲ့တိုက်သည့်ပုံစံမျိုးဖြစ်နေပေမယ့် All black ဝတ်စုံအနက်ရောင်ကို လူကြီးဆန်ဆန်ဝတ်စားထားသည်က သူရဲ့အရွဲ့တိုက်ချင်နေသည့်မျက်နှာနှင့်လုံးဝကိုဆန့်ကျင်ဘက်ပင် ။

ကိုကိုရဲ့ကလေးငယ် S3 [ Completed ]Where stories live. Discover now