.. ၁၅၅ ..
10.5K 1.1K 85
《Zawgyi》
အပိုင်း - ၁၅၅
[မတရားဘူးလို့ ခံစားနေရတာလား? - ၂]
အခုက တော်တော်လေး နောက်ကျနေချေပြီ။ ချင်းစုယွဲ့က ချန်းစီနျန်ကို အပြင်သို့ ပြန်လိုက်ပို့၏။ တံခါးဝမှာတော့ သူက မေးလာလေသည်။
"ကိုယ့်ကို တကယ်ကြီး နေခွင့်ပေးဖို့ အစီအစဉ် မရှိဘူးလား?"
သူ ဘာတွေးနေသည်ကို ချင်းစုယွဲ့က ဘယ်လိုလုပ်ပြီး မသိပဲ နေလိမ့်မည်နည်း? သူမက ပြုံးလျက် တမင်တကာ ပြောလိုက်သည်။
"ဥက္ကဌချန်းရှင့် ... ရှင်လည်း ရှန်ကျင်းမြို့မှာ နေတာပဲဟာကို အိမ်ပြန်ဖို့ နာရီဝက်တောင် မကြာပဲနဲ့"
"နာရီဝက်က အရမ်းကြာလွန်းတယ်"
ချင်းစုယွဲ့က ကျီစယ်သည်။
"ကိုက ဘေဘီ့အိမ်နားမှာ အိမ်တစ်လုံး ဝယ်လိုက်ရင်ရော ဘယ်လိုလဲ? Aမြို့မှာတုန်းကလိုလေ"
ဒါပေမယ့် ချန်းစီနျန်က ဤသို့ပြောလေသည်။
"ကိုယ် မတတ်နိုင်ပါဘူး .. ခုတလော ကိုယ့်ဇနီးကို လက်ထပ်ဖို့အတွက် ပိုက်ဆံခြွေတာနေရတယ်"
ချင်းစုယွဲ့က စနောက်လိုက်လေ၏။
"ဟယ် ရှင်က သူ့ကို လက်ထပ်ဖို့ မတတ်နိုင်ဘူးလား? အဲ့တာဆို သူ့ကို လက်မထပ်တော့ဘူးပေါ့?"
"ဘာလို့ လက်မထပ်ပဲနေရမှာလဲ! ကိုယ်က ခြိုးခြံချွေတာပြီး စစ်စစ်စီစီ နေထိုင်ရမယ် ဆိုရင်တောင်မှ ကိုယ့်ဇနီးကို လက်ထပ်မှာပဲ"
"ဟွန်း"
ချင်းစုယွဲ့က တခစ်ခစ် ရယ်လေသည်။
"ကိုယ်တို့ လက်ထပ်ပြီးသွားတဲ့ အခါကျရင်တော့ ကိုယ်က မင်းရှိတဲ့နေရာမှာ နေဖို့အတွက် အကြောင်းပြချက် ခိုင်ခိုင်လုံလုံ ရှိသွားမှာပါ"
ချန်းစီနျန်က ထိုသို့ပြောလိုက်ရင်းမှ ရှေ့သို့တိုးကာ သူမကို ပွေ့ဖက်လိုက်လေသည်။ သူက သူမရဲ့နှုတ်ခမ်းပါးလေးတွေအား ဖျတ်ခနဲ ငုံ့နမ်းလိုက်သည်။ ထို့နောက်မှ သူမကို ဖြေလွှတ်ပေးလျက် ဆိုသည်။
"နောက်တစ်ခါကျရင်တော့ ကိုယ် မင်းဆီက အတိုးရောအရင်းရော ပေါင်းယူမှာနော်"
ချင်းစုယွဲ့က သူ့ကိုတွန်းလွှတ်လေ၏။
"မြန်မြန်ပြန်တော့ ... လမ်းမှာ ဂရုစိုက်အုန်းနော် ... အိမ်ပြန်ရောက်ရင် ဖုန်းခေါ်ဦး"