၉၆။

2.8K 356 20
                                    

❤စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး❤

ဥာဏ်ကောင်းလိုက်တဲ့မိန်းကလေး.....
ဘယ်စကားလုံးနဲ့ ကောင်းကောင်းချေပရမလဲဆိုတာကို သိသားပဲ။ ရီက ဒီလိုမိန်းကလေးမျိုးကို ရလိမ့်မယ်လို့ ထင်တောင်မထင်ထားဘူး....
လုချင်းယီ....ဒီအခန်းထဲကို ဝင်လာကတည်းက သူတို့နှစ်ယောက်ရဲ့ မေတ္တာတွေကို သူမမြင်နေရပါတယ်လေ.......

အဖွားက ချင်းယီနဲ့ စကားစပြောကတည်းက ရှန်းရီတစ်ယောက် ဘာဆက်ဖြစ်မလဲဆိုပြီး တိတ်နေလေသည်။

အာ...ငါ အချစ်နာကျရတော့မှာလား......

အဖွားက ချင်းယီကို ဝိုင်တစ်ခွက် ကမ်းပေးလိုက်ပြီး မေးခွန်းတွေ ဆက်မေးနေရင်းနဲ့ ဝိုင်ခွက်ဟာ တဖြည်းဖြည်းနဲ့ တစ်ဝက်ကျိုးလာ၏။ ထို့နောက် ရှန်းရီက သူမကို သတိပေးကာ သူမလက်ထဲက ဝိုင်ခွက်ကို လှမ်းယူလိုက်တော့သည်။

" ချင်းအာ.. ''
အဖွားရဲ့ ရုတ်တရက်ခေါ်သံကြောင့် ချင်းယီ အံ့ြ သ သွား၏။တကယ်ပဲ သူမကို အသိအမှတ်ပြုလိုက်ပြီလား...?

" မြေးမလေး ပြောသလိုပဲ...အဖွားရဲ့ မြေးတွေကို တသက်လုံး ပျော်ပျော်ရွှင်ရွှင်နဲ့ နေသွားစေချင်တာ.....သူတို့ ဘာပဲ ဆုံးဖြတ်ချက်ချချ အဖွားလက်ခံပေးတယ်......ဒါပေမယ့် အဖွားရဲ့ မြေးကိုတော့ နာကျင်အောင် လုပ်ခွင့်မပေးဘူး....''

" ဟုတ်ကဲ့ ကျွန်မနားလည်ပါပြီ...မဒမ်ရှန်း....''

လုချင်းယီ ခေါင်းငြိမ့်ပြလိုက်၏။ သူမက ရှန်းရီနဲ့ ပေါင်းသင်းရမယ့်သူဆိုတော့ မဒမ်ရှန်းက စိတ်ပူလို့ ဖြစ်ပါလိမ့်မည်။ အခုတော့ မဒမ်ရှန်းရဲ့ ရှေးရိုးမစွဲဘဲ သဘောထားပြည့်ဝမှုကို သူမတွေ့လိုက်ရပြီ။ မဒမ်ရှန်းရဲ့ ဥာဏ်ပညာကြောင့်ပဲ သူမတို့ရဲ့ အိမ်ထောင်ရေးကို သဘောတူလိုက်တာပဲ မဟုတ်ပါလား....

ထို့နောက် ရှန်းရီက သူမကို ပြုံးပြီးကြည့်လာတော့သည်။ဒါပေမယ့် ရုတ်တရက် ရှန်းရွှီဝင်လာပြီး.....

" တောင်းပန်ပါတယ် အစ်ကို....ကျွန်တော်တို့ မိန့်ခွန်းပြောရမယ့် အချိန်ရောက်လာပြီ....အဖေက အောက်ထပ်မှာစောင့်နေတယ်....''

ရွှီက ရှင်းပြလာ၏။

" ကဲ.... တို့သွားရအောင်....ဧည့်သည်တွေကို အကြာကြီးစောင့်ခိုင်းထားလို့မဖြစ်ဘူး...
မဒမ်ရှန်းက အစေခံတစ်ယောက်ကို ဖန်ခွက်ကမ်းပေးလိုက်ကာ VIPအခန်းကနေ ထွက်သွားဖို့ ပြင်နေ၏။

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၁)  ( ဘာသာပြန်- Zawgyi +Unicode)Where stories live. Discover now