Chapter - 66

30.7K 4.4K 682
                                    

#Unicode

ချူးရှန့်ရဲ့ အလောင်းအစားလုပ်ထားတာက မင်းယွီတစ်ပတ်ကျော်သည်ထိ အလုပ်မထွက်ရ၍ ရှုံးသွားလေတော့တယ် …

" လက်ထောက်ချူး …ကျွန်မတို့ရဲ့ဆုကျေးဘယ်မှာလဲ "

" နေပါဦး … ငါ့မှာ အဲ့လောက်အများကြီး တစ်ခါတည်းပါမလာဘူး "

" မရဘူးနော် … ဒီညနေပဲ ကျွန်မတို့ ကလပ်သွားပြီးအောင်ပွဲခံမို့လုပ်ထားတာ …

ဒီငွေက လက်ထောက်ရဲ့ လစာတစ်ဝက်ပဲရှိတာကို "

" အေးပါဟာ … ငါပေးပါ့မယ် …

ဒါပေမယ့် ကျန် ၂ ယောက်က ဘယ်ရောက်သွားပြီလဲ "

" သူတို့လား … ရှုံးလို့ ချောင်ထဲမှာသွားပုန်းနေလောက်ပြီ "

ချူးရှန့်တစ်ယောက် လစာရဲ့တစ်ဝက်ကို လောင်းကစားရှုံးသွားတဲ့အတွက် ပေးလိုက်ရလေတယ် … ထိုအခါ ဘေးနားမှာပါလာတဲ့ ရှန်ဝေက ချူးရှန့်နား တိုးတိုးလေးကပ်ကာ မေးလိုက်တယ် …

" အကိုက အရမ်းရက်ရောတာပဲ …

ဒီလောက်အများကြီးကို ဘာလို့ပေးလိုက်တာလဲ "

" ကျေးဇူးရှင်ကြီးရဲ့ကောင်းမှုကြောင့် အလောင်းအစားလုပ်တာ ရှုံးသွားတယ်လေ …

ငါ့မှာဒီတစ်လလစာသုံးဖို့မကျန်တော့ဘူး "

" ဟား … ဒါဆိုကျွန်တော့ကိုပေးဖို့ရော မရှိတော့ဘူးပေါ့ "

" သခင်လေးဆီကတောင်းပေးမှာမို့ မပူနေနဲ့  "

ရှန်ဝေဟာ ယခင်ကလို ချူးရှန့်အနောက်တကောက်ကောက်လိုက်ရင်း သူ့ရဲ့အချိန်တွေကိုဖြုန်းတီးရတာ နှစ်သက်နေတယ် … ခု လုယီလေးကို Pre-School ကိုပို့ထားတာမို့ ရှန်ဝေက ချူးရှန့်နဲ့အတူ အလုပ်ကို လိုက်လာခြင်းဖြစ်တယ် …

ဓာတ်လှေကားအဝင်ဝမှာရပ်နေပြီး ၁၈ ထပ်ကိုသွားဖို့စိတ်ကူးထားပေမဲ့ ရုတ်တရပ် ရှန်ဝေသူနဲ့သိတဲ့လူတစ်ယောက်ကိုမြင်လိုက်ရ၍ အံ့ဩသွားလေတယ် …

" ဆောင်းယွန်ဆွန်း "

" နင် … ရှန်ဝေမဟုတ်လား "

ဆံပင်ဂုတ်ဝဲလေးနဲ့အနီရောင် ဂါဝန်အတိုလေးကိုဝတ်ထားပြီး လှပတဲ့သူမခြေထောက်တွေကိုဖော်ပြထားကာ ကြည့်ယုံနဲ့ မော်ဒယ်တစ်ယောက်ဆိုတာသိနိုင်တယ် … သူမက ရှန်ဖန်းဂူရွေးဂျယ်ထားတဲ့ SH Club ရဲ့ပင်တိုင်မော်ဒယ် ဆောင်းယွန်ဆွန်းဖြစ်ပြီး သူမရဲ့ကျော်ကြားမှုကလဲ မသေး၍ ချူးရှန့်ချက်ချင်းမှတ်မိသွားတယ် … သို့ပေမဲ့ရှန်ဝေနဲ့သူနဲ့က ဘာကြောင့်အရမ်းရင်းနီးတယ်လို့ ခံစားနေရတာပါလိမ့် …

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now