Part 19 ( မင်းသမီး ချင်းယာ)

4.6K 659 33
                                    

အပိုင်း ၁၉ ( မင်းသမီး ချင်းယာ)

"အဟမ်း..."

အကြည့်တိုက်ပွဲတွင် နောက်ဆုံးတော့ အန်းလုကသာ မျက်နှာကြီးရဲလာပြီး အရှုံးသမားဖြစ်ကာ အကြည့်လွှဲလျက် ခေါင်းကိုငုံ့လိုက်ရတော့သည်။ သူ၏မျက်နှာက ရှက်သွေးဖြာနေသည်မှာသိသာ၏။ ချီရှန်းကအန်းလုကို ငုံ့ကာဆက်ကြည့်နေသေးသည်။ အန်းလုက ချက်ချင်းပတ်ဝန်းကျင်ကို ထပ်စူးစမ်းလိုက်ပြီးနောက် သူတစ်ခုခုကိုတွေ့လိုက်ပုံရ၏။ သူက ချီရှန်းကိုပြန်ကြည့်သည်။

"ရှန်းရှန်း.... ရှန်းရှန်း အချိန်ရသေးလား။"

"အချိန်လား.......

အင်း... ရတယ်။ ဘာလုပ်ချင်လို့လဲ။"

ချီရှန်းက တခဏတော့စဥ်းစားလိုက်ပြီးတဲ့နောက် ပြန်ဖြေလိုက်သည်။ အန်းလက အမြန်ပင် တတ်ကြွစွာပြောသည်။

"ခဏလောက်လည်ရအောင်လို့........

ဒီနေရာက အသစ်အဆန်းဆိုတော့ ဗဟုသုတလေးဘာလေးရှာသင့်တယ်လေ။ ဟုတ်တယ်မလား........ လက်ပေး။"

အန်းလုက ပြုံးစစနှင့်ပင် သူ၏လက်ကိုမြှောက်ကာ လက်ဖဝါးဖြန့်ပေးလိုက်သည်။ ချီရှန်းကလည်း ချက်ချင်းပင် သူ၏လက်ကို အန်းလု၏လက်ဖဝါးပေါ်တွင်တင်လိူက်ပြီးနောက် ဆုပ်ကိုင်လိုက်သည်။ အန်းလုကလည်း ပြန်လည်ဆုပ်ကိုင်လိုက်ပြီးနောက် ချီရှန်းကိုဆွဲကာ ထိုလူအုပ်ကြားမှထွက်လာလေတော့သည်။

အန်းလုက ချီရှန်းကိုဆွဲကာ တခြားတစ်ဖက်သို့ထွက်သွားသည်ကို သူတိူ့နှင့်မလှမ်းမကမ်းတွင်ရှိနေသော ရှောင်ရှင်းနှင့် ကျီချန်းတို့က မြင်းများကိုဘေးတွင် ရပ်ကာထားရင်း ရပ်ကြည့်နေကြသည်။

" အန်းလုက အမြဲတမ်း တတ်ကြွနေတော့တာပဲ။"

ကျီချန်းက ပြုံးလျက်ရေရွတ်လိုက်သည်။ သူ၏နှုတ်ခမ်းထက်တွင် သဘောကျနေသည့် မြတ်နိုးဖွယ်ရာ အပြုံးမျိုးက ထင်ဟပ်နေလေ၏။ ရှောင်ရှင်းက လက်ပိုက်ထားလျက်ပင် ကျီချန်းကို ကြည့်လိုက်ပြီးနောက် အန်းလုတို့အားပြန်ကြည့်သည်။

"ကိုယ်သဘောကျတဲ့သူနဲ့အခြားတစ်ယောက်ကိုတွဲမြင်ရတာက ပျော်စရာကောင်းတဲ့ခံစားချက်တစ်ခုမဟုတ်မှန်း........ ကျွန်တော်သိပါတယ်။ ပြီးတော့ အဲ့တာကိုမသိတာကလည်း ကိုယ်လုပ်တော်လု တစ်ယောက်ပဲရှိလိမ့်မယ်လို့ထင်တယ်။"

LOVE, BUT HURT (Season 3)_ The Last Begin_[Completed] Where stories live. Discover now