extra 3

31.6K 3K 134
                                    

" မောင်ရေ ... ထမင်းဗူးလေးလုပ်ပါဦး ၊ နောက်ကျကုန်တော့မှာပဲ ။ စောစောထပါလို့ပြောထားရက်သားနဲ့ အခုတော့ဟိုမမှီဒီမမှီဖြစ်ကုန်တော့မယ် "

စောစောစီးစီးပင် အဖွားကြီးတစ်ယောက်လို ဗျစ်တောက်ဗျစ်တောက်ပြောဆိုနေသည့်ရာပြည့်ကြောင့် ခိုင်မြဲခမျာအပျင်းဆုံးဖြစ်သည့် အိပ်ယာစောစောထရသည့်အလုပ်ကိုလုပ်ခဲ့တာတောင် အပြောအဆိုကမလွှတ် ။ အရင်တုန်းကကျ မောင်အိပ်ရေးပျက်မှာစိုးလို့မနိုးတာဆိုပြီး ဂရုစိုက်ခဲ့သမျှ ဒီကလေးနဲ့ကျမှ အောက်သက်ကိုကြေနေအောင်လုပ်ရတာပဲ ။ ထမင်းဘူးပါသည့်ခြင်းလေးကိုစားပွဲပေါ်တင်ပြီး ပူတူးလေး၏ပါးကိုညစ်ကာ ခိုင်မြဲကချစ်စနိုးနင့်ပြောလိုက်သည် ။

" ပါပါးလို့ခေါ်ကြည့် ၊ ပူတူးလေးစားချင်တဲ့မုန့်တွေအများကြီးဝယ်ကျွေးမယ် "

ကလေးကသူ့ကိုကြည့်ရုံကြည့်ပြီး နူတ်ခမ်းကလှုပ်လှုပ်ရွရွဖြစ်နေပေမယ့် စကားသံကတော့ထွက်မလာ ။ သူစကားပြောတာကရာပြည့်တစ်ယောက်တည်းကိုမလို့ သူနဲ့ဒီကလေးကြားမသိလိုက်တဲ့ရန်ညိုးတွေရှိနေလားဟု ခိုင်မြဲတွေးမိသွားသည် ။

" ပါပါးရာကိုချစ်လား "

ကလေးက ခေါင်းညိတ်သည် ။ ခိုင်မြဲကသူ့ကိုယ်သူလက်ညိုးထိုးပြလိုက်သည် ။

" ဒီကပါပါးကိုကော "

ကလေးဆီကဘာတုန့်ပြန်မှုမှမလာဘဲ နူတ်ခမ်းကလှုပ်စိလှုပ်စိနှင့်ပင် ။ သူသဘောပေါက်ပြီ ကလေးကသူ့ကိုမယုံကြည်သေးဘူးပဲ ။ သူကဒီကလေးကိုမချစ်တာမဟုတ် ၊ ချစ်ပေမယ့်ကလေးတစ်ယောက်ကိုဘယ်လိုပြုစုစောင့်ရှောက်ရမလဲဆိုတာကိုမသိတာကြောင့် သူနဲ့ကလေးကအနည်းငယ်စိမ်းနေသေးတာဖြစ်သည် ။ အချိန်တော့ယူရမှာပေါ့ ။ အခုမှ နှစ်ပတ်လောက်ပဲရှိသေးတာကို ။

ရာပြည့်ကထမင်းဘူးကိုတစ်ချက်စစ်ကြည့်ပြီးနောက် ပူတူးလေးကိုဖိနပ်ဝတ်ပေးလိုက်သည် ။

" ပူတူးလေးရဲ့ပထမဦးဆုံးကျောင်းတက်တဲ့နေ့ဆိုတော့ တခြားကလေးတွေနဲ့မိတ်ဆက်လို့ရအောင် စောစောသွားမှရမယ် ။ သူ့အခြေအနေကိုတစ်နာရီလောက်စောင့်ကြည့်ပြီးမှ အလုပ်ကိုသွားမလို့ ။ ဒါနဲ့လေ မောင်အလုပ်ကပြန်ရောက်ရင် ပူတူးလေးစားဖို့ မုန့်လေးတွေဝယ်လာပါဦး "

If only we breakup .. (Z+U) ( Completed)Where stories live. Discover now