Chapter - 67 ( 👪💕👪 )

41.2K 4.6K 1K
                                    

#Unicode

သံလိုက်တစ်ခုလိုမျိုး ဆွဲငင်နေတဲ့ ထိုသားအဖရဲ့ဆွဲအားတွေကြောင့် ဖန်းဂူ ပိုပိုပြီးသံသယဝင်လာခဲ့တယ် … နီးနီးကပ်ကပ်နေလိုက်ရတဲ့ ရက်ပေါင်းအနည်းငယ်အတွင်းမှာ သူတို့ရဲ့တွေ့ဆုံမှုက ပထမဆုံးအကြိမ်မဟုတ်သလို ရင်းနီးကြွမ်းဝင်လွန်းလှတယ် …

အိုမီဂါဟော်မုန်းတွေမရရှိပေမဲ့ ကလေးလေးကိုယ်ကရတဲ့အငွေ့အသက်တွေက ဘီတာတစ်ယောက်နဲ့မတူနေပဲ ဖန်းဂူကိုနွေးထွေးမှုအပြည့်ပေးနေတယ်လို့ခံစားနေရတယ် …

အရင်က ဘီတာအမတွေကိုပဲ ကစားဖို့အသုံးပြုခဲ့တာ … ဒါတောင် မရင့်ကျက်သေးတဲ့ အသက် ၂၀ အရွယ်တုန်းက အသဲကွဲပြီး နေခဲ့ဖူးတာပဲရှိတယ် … ခုအသက် ၃၀ ကျော်မှ ဘီတာအထီးတစ်ယောက်အပေါ် ထူးချားနေတဲ့ ကို့စိတ်ကိုမယုံကြည်နိုင်ဘူး … ပြီးတော့ သူမှာအိမ်ထောင်ရှိလို့ ကလေးလေးလဲရှိနေပြီ … ဒါက ဘယ်လိုမှမဖြစ်သင့်ဘူး …

" သခင်လေး "

ချူးရှန့်ခေါ်လိုက်တော့မှ ဖန်းဂူအသိပြန်ဝင်လာခဲ့တယ် … ထူးခြားတဲ့မိမိစိတ်ကိုနားမလည်နိုင်သလို ဒီနွေးထွေးမှုလေးကလဲ သူ့ကိုလုံခြုံသွားသလို ခံစားရစေတယ် …

" အဆင်သင့်ဖြစ်ပြီ …

ကျွန်တော်ကားပြင်ပေးထားတယ် "

သာမန်လူတန်းစားတွေရှိတဲ့နေရာဖြစ်တဲ့ကစားကွင်းကိုသွားမှာမို့ နောက်ဆုံးပေါ်အနီရောင်ကားကြီး စီးသွားလို့လဲမဖြစ်ပြန်ဘူး … ခုချိန်မှာ နာမည်ကြီးနေတဲ့ SH ရဲ့ ဥက္ကဌကို လူတိုင်းကသိနေ၍ ဖန်းဂူ ရုပ်ဖျက်ဖို့အတွက် ပေါ့ပါးတဲ့ ရှက်လက်ရှည်အနက်ရောင်တစ်ထည်နဲ့ အားကစားဘောင်းဘီအနက်ရောင်ကိုဝတ်ဆင်ပြီး ဆံပင်တွေကိုအရှေ့ကိုချထားလျှက် မျက်မှန်တစ်လပ်ကောက်တပ်လိုက်တယ် …

ပေါ့ပေါ့ပါးပါးဝတ်ဆင်လေ့မရှိတဲ့ သခင်လေးရဲ့ခုပုံစံက တစ်ခြားတစ်ယောက်ပြောင်းသွားသလိုထင်မှတ်စေပြီး ချူးရှန့်ပင် မအံ့ဩပဲမနေနိုင်ပေ …

" သခင်လေး … အရင်ကဘာလို့ဒီလိုပုံစံမျိုးမဝတ်တာလဲ …

အသက် ၂၀ တွေကတောင် သခင်လေးကိုအရှုံးပေးရလောက်တယ် "

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now