အခန်း (၃၉) (ဇာတ်သိမ်း)/အခန်း (၃၉) (ဇာတ်သိမ်း)

15.2K 789 31
                                    

Zawgyi~

အခန်း (၃၉) (ဇာတ်သိမ်း)  Extra of Their First Night

အိပ်ယာပေါ်တွင် တုလင်းလန် ဟန်လော့ထင်း၏ ဖိထားခြင်းကို ခံရချိန်တွင် သူမ၏ ခေါင်းထဲ၌ ဗလာဖြစ်၍နေသည်။

အင်မတန်မူးနေသည့် သူ့ကို လိုက်ပို့ရုံသာဖြစ်သည်။

ဘာကြောင့်များ အိပ်ယာပေါ်တွင် သူ၏ ဖိထားခြင်းကို ခံရပြီး မလှုပ်နိုင်ရတော့တာလဲ?

သူ့ရင်ခွင်ထဲမှာ ဖိထားခြင်းခံရသော်ငြား သူမ ခေါင်းကို ယမ်းလိုက်ရင်း သူ၏ အနမ်းတို့ကို ရှောင်ရှားနေမိသည်။

သူ့အောက်မှ အမျိုးသမီးသည် လုံဟူ ဟူ၍ သူ အထင်မှားနေလေမှန်း သူမ သိနေခဲ့သည်။ မဟုတ်လျှင် သူမကို သူ ဒီလိုမျိုး စိတ်အားထက်သန်စွာ နမ်းမည်မဟုတ်သလို ထိပင်ထိမည်မဟုတ်။

သူမ လွတ်မြောက်ချင်သည်...

သို့သော် သူမနှလုံးသား၏ ဟိုးအောက်ဆုံးဆီမှ အသံတစ်သံကတော့ သူမကို ထွက်မပြေးဖို့ရာ ပြောနေသလို... သူမ ကလည်း ထွက်ပြေးချင်စိတ်ရှိမနေပေ။

သူထံမှ ပွေ့ဖက်ခြင်းခံရဖို့ နောက်ထပ်တစ်ကြိမ် အခွင့်အရေးဆိုတာ ရှိလာပါဦးတော့မလား?

သူမ ၀န်မခံချင်သည့် အဖြေကို သူမ ကောင်းကောင်းသိနေသည်။

သူမသည် စက်ဆုပ်ဖွယ်ကောင်းသလို အရှက်မရှိသူ တစ်ယောက်ပင်။ တစ်ညတာပင်ဆိုဆို သူမ သူ့ကို ပိုင်ဆိုင်ချင်လှသည်မဟုတ်ပါလား?

တုလင်းလန် မရုန်းတော့ပဲ ဟန်လော့ထင်း၏ အနမ်းတို့ကို လက်ခံနေမိသည်။ သူ၏ အနမ်းတို့က သူ၏ ပုံမှန်သဘောထားကဲ့သို့ပင်။ သူဆိုသည်မှာ ရှုတည်တည်နေတတ်သော၊ တည်ငြိမ်သည့်သူတစ်ယောက်ပင်။ သူ၏ နူးညံ့မှုဆိုသည်မှာ အပြစ်ကင်းစင်ပြီး လှပသည့် ထိုမိန်းကလေး တစ်ယောက်ထဲ အတွက်သာပင်။

သို့သော်ငြား အခုလက်ရှိ သူ၏ အနမ်းတို့ကတော့ စိတ်အားထက်သန်မှုပြည့်စွာ၊ အရိုင်းဆန်စွာဖြင့် ရေခဲတုံးကိုတောင် အရည်ပျော်သွားစေနိုင်သည့် ပြင်းပြမှုတို့ပါဝင်နေသည်။ မတတ်နိုင်စွာဖြင့် သူမ ခန့်မှန်းမိသည်ကတော့ ဒါသည် သူမ အပေါ် သူ၏ တကယ့်အစစ်အမှန် ခံစားချက်ဟူ၍ ခန့်မှန်းနေမိသည်။

Who Allowed you to Get on the Bed? |Completed|Where stories live. Discover now