၁၀၀။

2.7K 356 8
                                    


❤စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး...❤

အပိုင်း ၁၀၀။

ချင်းယီရဲ့ ရောင်ကိုင်းနေတဲ့ ခြေကျင်းဝတ်ကို ဆရာဝန်က စမ်းသပ်နေတဲ့ အချိန်မှာ ရှန်းရီရဲ့ စိတ်အခြေအနေက မကောင်းနေပေ။ ချင်းယီက နာကျင်လွန်းလို့ မျက်ရည်မကျအောင် အံကိုကြိတ်ထားသည်။

ဆရာဝန်က ခြေကျင်းဝတ်ကို ညင်သာစွာကိုင်ပေမယ့် သူမရဲ့ ခြေကျင်းဝတ်က အရမ်းရောင်နေတာကြောင့် ထိတာနဲ့ အရမ်းနာလှသည်။ လုချင်းယီတစ်ယောက် ညည်းတွားနေပြီး သူမယောင်္ကျရဲ့ လက်မောင်းကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားတော့သည်။

" အရိုးမကျိုးသွားလို့ တော်သေးတယ်....မိန်းကလေးလု....ခြေကျင်းဝတ်က ခေါက်သွားတဲ့အတွက် ငါးရက်လောက်တော့ လမ်းလျှောက်လို့ရသေးမှာ မဟုတ်ဘူး......ခြေကျင်းဝတ်ကို အနား​ပေးတဲ့အနေနဲ့ လမ်းမလျှောက်တာက အကောင်းဆုံး ဖြစ်လိမ့်မယ်....''
ဆရာဝန်က ပြောရင်း အစေခံတွေကို ရေခဲအိတ်ယူခိုင်းလိုက်၏။

" နာကျင်တာ သက်သာအောင် ကျွန်တော် အကိုက်အခဲပျောက်ဆေးတွေ ပေးသွားမယ်....မှန်မှန်သောက်လိုက်ပါ....''

ဆရာဝန်က ပြောလိုက်ကာ ပြီးနောက် သူ့ရဲ့ လက်ထောက်တွေနဲ့ VIPအခန်းထဲကနေ ထွက်ခွာသွားတော့သည်။

" ချင်းချင်း....နာနေသေးလားဟင်...? အိမ်ပြန်ချင်လား....?''
ရှောင်လန်က စိတ်ပူစွာနဲ့ မေးလာသည်။

" အခုတော့ နည်းနည်းသက်သာလာပါပြီ....''

" ဒီအိမ်မှာပဲ ခဏလောက် နေလိုက်တော့...''
မဒမ်ရှန်းက ပြောရင်း သူမမျက်လုံးက စိတ်ပူနေတဲ့ ရှန်းရွှီဆီရောက်သွား၏။ သူမက ရွှီဆီသွားလိုက်ကာ......

" ကိုယ့်ကိုယ်ကို အပြစ်မတင်နေပါနဲ့....ချင်းအာကို ဘယ်သူကမှ နာကျင်အောင်မလုပ်နိုင်တော့ဘူး.....အောက်ထပ်မှာ ဧည့်သည်တွေရှိသေးတယ်...သွားစို့...''

သူ့အဖွားရဲ့ စကားကြောင့် ရွှီတစ်ယောက် မျက်ခုံးမြင့်တက်သွား၏။ တကယ်လည်း သူ့အစ်ကိုက မရီးကို စောင့်ရှောက်ထားဖို့ အကြိမ်ကြိမ်မှာထားပေမယ့် သူ သတိလက်လွတ်ဖြစ်သွားခဲ့သည်။ အဲ့တာကြောင့် သူ့ကိုယ်သူ အပြစ်တင်နေခြင်းပင်။ ရှန်းရွှီက ခေါင်းညိမ့်လိုက်ကာ အဖွားနောက်ကနေ လိုက်သွားသည်။

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၁)  ( ဘာသာပြန်- Zawgyi +Unicode)Where stories live. Discover now