Arc(2.11)

10.2K 1.5K 11
                                    

Unicode

Arc(2.11) - Saint Magus

အကယ်ဒမီရဲ့ဝင်ပေါက်ကရောက်ခါနီးနေပြီဖြစ်သော်လည်းတပည့်အသစ်များကိုဦးဆောင်ခေါ်လာသည့်ခေါင်းဆောင်ဆရာကသူတို့ကိုအကယ်ဒမီထဲသို့ခေါ်သွားဖို့ရည်ရွယ်ချက်မရှိပေ။

ခေါင်းဆောင်ဆရာကနောက်သို့လှည့်လိုက်ပြီးသူ့နောက်မှာရပ်နေသည့်တပည့်တစ်ထောင်ကျော်ကိုကြည့်လိုက်သည်။သူ့ရဲ့ထက်ရှနေသည့်အညိုရောင်မျက်လုံးများကလူအုပ်ကိုကျော်ကြည့်လိုက်သောကြောင့်သူတို့အားလုံးသူတို့ရဲ့ကျောကုန်းကိုချက်ချင်းဖြောင့်တန်းလိုက်မိပြီးခေါင်းဆောင်ဆရာအားမျက်တောင်မခတ်ကြည့်လိုက်မိကြတော့သည်။

"မင်းတို့အားလုံးစမ်းသပ်မှုတွေကိုကျော်ဖြတ်ပြီးသွားပြီဆိုပေမယ့်ငါတို့ကောလိပ်မှာရှိတဲ့စည်းမျဉ်းတွေကိုလည်းသိသင့်တယ်..အကယ်ဒမီကိုမဝင်ခင်မှာမင်းတို့ရဲ့စွမ်းရည်ကိုအကဲဖြတ်ဖို့နဲ့ကျောင်းသားတွေဝင်ရမယ့်အဆင့်တွေကိုခွဲခြားနိုင်ဖို့အတွက်နောက်ထပ်စမ်းသပ်မှုတစ်ခုပြုလုပ်ဖို့လိုသေးတယ်...မင်းတို့အတွက်တော့ဒီစမ်းသပ်မှုကမင်းတို့အနာဂတ်အတွက်အရေးကြီးဆုံးပဲ...လူတိုင်းကိုယ်တတ်နိုင်သမျှအကောင်းဆုံးစွမ်းရည်တွေကိုထုတ်ပြီးအကောင်းဆုံးအရင်းအမြစ်တွေနဲ့အတန်းတက်နိုင်ဖို့ကြိုးစားကြမယ်လို့မျှော်လင့်မိပါတယ်"

သူကလက်ကိုမြှောက်လိုက်ပြီးတပည့်များရဲ့အနောက်ကိုလက်ညှိုးထိုးပြလိုက်သည်။

"ဒီသစ်တောကလည်းမှော်သတ္တဝါသစ်တောတောင်တန်းရဲ့အစိတ်အပိုင်းတစ်ခုပဲ...ဒါပေမဲ့မင်းတို့အရင်တုန်းကနေခဲ့တဲ့လုံခြုံမှုရှိတဲ့မြို့ရဲ့ပတ်လည်ဧရိယာလိုမျိုးတော့မဟုတ်ဘူး...မင်းတို့နောက်ကသစ်တောကြီးကမှော်သတ္တဝါတောင်တန်းရဲ့အလယ်အစွန်းမှာတည်ရှိနေတာဖြစ်ပြီးတော့ဘေးကင်းလုံခြုံမှုသိပ်မရှိဘူး....အဲ့ဒီမှာအမြဲတမ်းသုံးဆင့်ဒါမှမဟုတ်လေးဆင့်လောက်ရှိတဲ့မှော်သတ္တဝါတွေလှည့်ပတ်သွားလာနေကြတာ...မင်းတို့ဝင်လာပြီးနောက်ပိုင်းကျရင်မင်းတို့လုံးဝလုံခြုံမှုရှိစေရမယ်ဆိုပြီးငါအာမမခံနိုင်ဘူး...အကယ်၍တစ်စုံတစ်ယောက်ကစမ်းသပ်မှုကိုမခံလိုဘူးဆိုရင်အခုချိန်မှာစမ်းသပ်မှုကနေနှုတ်ထွက်လို့ရသေးတယ်.......သေချာပေါက်အဓိပ္ပါယ်ကတော့မင်းတို့အကယ်ဒမီကိုဝင်ခွင့်ရမယ့်အခွင့်အရေးကိုတော့ဆုံးရှုံးလိုက်ရမှာပေါ့...တကယ်လို့ကန့်ကွက်မှုမရှိဘူးဆိုရင်စမ်းသပ်မှုရဲ့စည်းမျဉ်းတွေကိုရှင်းပြပေးမယ်"

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now