My Heart💘Extra >1(U&Z)

5.2K 318 5
                                    

(Uni)

My Heart Extra >1

ပခုံးပေါ်မှီပြီးငိုနေတဲ့ကောင်လေးကို
အသည်းယားစွာ လည်တိုင်လေးတွေကို
ဖွဖွလေးအနမ်းပေးရင်း ချော့နေလိုက်တော့
ခေါင်းလေးထောင်ကာ မျက်နှာကိုလာကြည့်တဲ့ယုန်ပေါလေးရဲ့
ပါးနှစ်ဖက်ကို အုပ်ကိုင်လိုက်တယ်
လက်မလေးနဲ့ မျက်ရည်လေးတွေကိုသုတ်ပေးရင်း
မငိုတော့ဖို့ချော့နေရသည်။

"ကဲပါကြာ... မငိုနဲ့တော့နော်...''

ဘာမှပြန်မပြောရှာပဲ မျက်ရည်ဝဲတဲတဲနဲ့ကြည့်ကာ
ပြုံးပြီး အဆက်မပျက် ခေါင်းညိတ်ရှာသည်။
ငိုထားလို့များ ပို၍ကြည့်ကောင်းနေသည်လား
မျက်ရည်ဝေ့နေတဲ့ မျက်လုံးလေးတွေကအရောင်တလက်လက်တောက်ပနေပြီး
နှာခေါင်းထိတ်လေးကနီလို့ နုဖတ်နေတဲ့မျက်နှာလေးက
ဆွဲဆောင်မှုအားပြင်းလွန်းနေသည်
နီရဲနေတဲ့နှုတ်ခမ်းချွန်ချွန်လေးတွေက
ဝမ်ရိပေါ်ရဲ့သမာဓိအားကိုဖြိုခွင်းပစ်လိုက်သလို
ထိန်းချုပ်နိုင်စွမ်းတွေ လွှင့်စင်သွားသည့်အခါမှာတော့....
ရှောင်းကျန့်ရဲ့နှုတ်ခမ်းလေးတစ်စုံလုံးကိုငုံခဲလိုက်တယ်

နွေးအိအိနှုတ်ခမ်းသားတွေက
ရူးလောက်အောင်နုညံ့လွန်းတာမို့
မလွတ်တမ်း ထိကပ်ထားချင်တဲ့လောဘတွေနဲ့
ဖြည်းဖြည်းချင်း အရှိန်တက်လာကာ
အနမ်းတွေကို
အငမ်းမရ သုံးဆောင်နေသည်။

အသက်ရှူသံပြင်းပြင်းတွေကြား.....

"အွင်း...အွင့်...ကော...ကောဝမ်....''

ရှောင်းကျန့် မျက်မှောင်ကြုံ့ကာ
ဝမ်ရိပေါ်နဲ့ခန္ဓာကိုယ်ချင်းခွာလိုက်တယ်
အကြောင်းရင်းက ဝမ်ရိပေါ်ရဲ့
အငယ်ကောင်လာထောက်နေသောကြောင့်
...

"ဟိုလေ...ကိုယ်...ကိုယ်မရတော့ဘူး....ဟို.....ရေချိုးခန်းထဲဝင်လိုက်အုံးမယ်နော်....''

"ဟမ်.....ကော...ကောဝမ်..အာ....''

"ဟီး......''

ဝမ်ရိပေါ် ရှက်ရှက်နဲ့ သူ့ဟာလက်နှင့်အုပ်ကိုင်ကာ
ရှိသမျှသွားတွေအကုန်ပေါ်သည့်ထိ
ပြုံးဖြီးပြနေသည်လေ..

ရှက်တယ် ဒါတကယ်ရှက်စရာကြီး
ဒီအခြေအနေက
ခုနကပဲ ကိစ္စရှင်းထားတာသုံးချီတောင်ရှိပြီကို
ကျစ်......
ငါ့သမာဓိအားက မင်းနဲ့တွေ့ရင်
တက်တက်စင်အောင်နည်းနည်းလေးမှကိုထိန်းချုပ်လို့မရတော့တာပဲ....

My Heart 💘 (Uni & Zaw) (Completed)Where stories live. Discover now