.. ၁၆၀ ..
9.7K 1.1K 25
《Zawgyi》
အပိုင်း - ၁၆၀
[ဒီကမ္ဘာရဲ့ တည်ရှိမှု - ၁]
ချင်းစုယွဲ့က ချန်းစီနျန်အား နားမလည်နိုင်စွာ ကြည့်လိုက်တော့ သူကပြုံးလိုက်ပြီး သူမရဲ့သံသယတွေ ပျောက်သွားစေ၏။
ချင်းစုယွဲ့က အထိတ်တလန့်ဖြင့် ထိုနှစ်ယောက်ထံသို့ လိုက်ကြည့်လိုက်သည်။ ထိုနှစ်ဦးထဲမှ တစ်ယောက်က အိပ်ကပ်ထဲမှ လက်ထိပ်တစ်စုံကို ထုတ်လိုက်သည်အား သူမ မြင်လိုက်ရလေသည်။
ချင်းစုယွဲ့က သူတို့ကို ကြည့်ပြီး တွေးလိုက်မိလေသည်။
ရဲတွေများလား?
သူမ ထင်လိုက်သလိုပါပင်။ စောနက ချန်းစီနျန်နှင့် ရင်းနီးပုံပေါ်သည့် ခေါင်းညိတ်ပြသွားသူက သူ့ရဲ့ ဝန်ထမ်းကတ်ကို ထုတ်ပြလိုက်ကာ ခန့်ညားတည်တံ့စွာဖြင့် ပြောလိုက်လေ၏။
"ရှီမိန်းကလေး ... ကျွန်တော်က ရှန်ကျင်းမြို့ မှုခင်းရဲတပ်ဖွဲ့ခေါင်းဆောင်ပါ ... ကျွန်တော်တို့မှာ မိန်းကလေးက နှစ်ကြိမ်တိုင်တိုင် လူသတ်ဖို့ ကြံစည်ကြိုးပမ်းကြောင်း ခိုင်လုံတဲ့ သက်သေ အထောက်အထားတွေ ရှိတဲ့အတွက် အခု မင်းကို ဖမ်းဆီးလိုက်ပါပြီ"
ထိုအမျိုးသား စကားပြောပြီးတဲ့ တခဏမှာပဲ ရှီရှီမှလွဲ၍ ဘေးမှာရှိနေကြသည့် ရိုက်ကူးရေးဝန်ထမ်း အားလုံးမှာ ပင့်သက်ရှိုက်မိကြလေသည်။ ရှီရှီကတော့ မတုန်မလှုပ် ဖြစ်နေဆဲ။
"ရှင်တို့မှာ ကျွန်မ လူသတ်တယ်ဆိုတဲ့ အထောက်အထားတွေ ရှိလို့လား? မဟုတ်လို့ကတော့ ကျွန်မကို ဖမ်းဖို့အတွက် စဉ်းတောင်စဉ်းစားမနေနဲ့!"
"ကျွန်တော်တို့နဲ့ စခန်းကို လိုက်ခဲ့ပါ .. မင်း ကိုယ်တိုင် သိရမှာပါ"
"ကျွန်မ မသွားဘူး!" ရှီရှီ့ရဲ့ မျက်ဝန်းတောက်တောက်တွေက ပြူးကျယ်လာ၏။
"ငါတစ်ယောက်ထဲ နေပါရစေ! နင်တို့မှာ ငါ့ကို ဖမ်းခွင့်မရှိဘူး! ငါ့ကို သွားခွင့်ပေးပါ!"
ခေါင်းဆောင်ရဲ့ဘေးမှာ ရပ်နေတဲ့ လူငယ်လေးက ထွက်လာကာ ထွက်ပြေးဖို့ ကြိုးစားနေသည့် ရှီရှီအား အလွယ်တကူပဲ ဖမ်းဆီးလိုက်သည်။ လက်ထိပ်ခတ်လိုက်သံက ရှင်းလင်းပီသစွာ ထွက်ပေါ်လာ၏။ ချင်းစုယွဲ့ဟာ သူမပေါ် ကျရောက်လာပါသည့် ရှီရှီ့ရဲ့ ထူးဆန်းပြီး ကြောက်မက်ဖွယ် အကြည့်တို့အား မြင်တွေ့လိုက်ရလေသည်။
"နင်တို့တွေ! နင်တို့တွေပဲ ဖြစ်ရမယ်! ချန်းစီနျန် ချင်းစုယွဲ့ နင်တို့တွေ ငါ့ကို ချောက်ချဖို့ ကြိုးစားကြတာမလား?! ငါ ဘယ်တုန်းကမှ ဘယ်သူ့ကိုမှ မသတ်ခဲ့ဖူးဘူး ... ငါ ဘယ်သူ့ကိုမှ မသတ်ခဲ့ဖူးဘူး"