Ep25❣️

6.5K 290 4
                                        

#unicode

"ရှိုင်းလေးရေ ခွန်းဆက်ကော"

"ကိုကိုက ရှိုင်းအတွက် ဖုန်းသွားဝယ်တယ်"

"အရင်ဖုန်းကဘာဖြစ်လို့တုန်း"

"ကိုကိုပစ်ပေါက်လိုက်တာ သုံးမရတော့ဘူး အဲ့ဒါကြောင့် သွားဝယ်တာ ရှိုင်းကကျောင်းသွားရင်းတူတူဝယ်မယ်ဆိုတာကို ကိုကိုက ကျောင်းမသွားခင် သူ့ဟာသူသွားဝယ်ပေးမယ်ဆိုပြီး ထွက်သွားတာ ပြန်လာတော့မှာပါ ခနလေးစောင့်ပေး‌ေနာ်"

"ရပါတယ် ရှိုင်းလေးရယ် ကျောင်းသွားဖို့ စောပါသေးတယ်"

ပြောနေရင်းပြန်ရောက်လာတဲ့ကိုကို

"ကိုကိုပြန်လာပြီလား"

"အင်း ဒီမှာ ခလေးအတွက်ဖုန်း ခလေးဖုန်းထဲ ဟိုကောင့်ဖုန်းနံပါတ်မမြင်ချင်ဘူးနော်"

"ဟုတ်"

ကိုကို့ဆီက ဖုန်းယူပြီး အခန်းထဲကိုဝင်လာကာ ကျောင်းသွားဖို့ ယူစရာရှိတာ ယူပြီး ထွက်လာခဲ့လိုက်တယ်

"ကိုကို ကျောင်းသွားလို့ရပြီ ကိုကို"

"အင်း သွားမယ်"

ကိုကို့မျက်နှာ အနေအထားအရ ကိုကိုမကျေနပ်သေးတဲ့ပုံပဲ မနေ့က ရှိုင်းမေ့လဲလို့သာ ကိုကို့ဘက်က စိတ်လျှော့ပေးထားတာ ကိုကိုက အခု စိတ်ဆိုးနေပြန်ပြီထင်တယ် မနက်ထဲက စကားကောင်းကောင်းမပြောဘူး ရှိုင်းကိုကြည့်တောင်မကြည့်ဘူး

"အဲ့နားမှာ ရပ်ပြီးဘာလုပ်နေတာလဲ သွားမယ်လေ"

"ဟုတ် လာပြီ ကိုကို"

အတွေးလွန်နေတာ ကိုကိုလှမ်းခေါ်မှပဲ သတိရတော့တယ်
ကိုကို့နောက် မြန်မြန်ပြေးလိုက်ပြီး ကိုကိုစိတ်မဆိုးတော့အောင် အရိပ်တကြည့်ကြည့်နဲ့ နေနေရတယ်

****

"ဘယ်သွားမှာလဲ"

"အတန်းထဲလေ ကိုကို"

"မသွားနဲ့အုန်း ကျောင်းမတက်သေးဘူး အတန်းထဲ ဘာသွားလုပ်မှာလဲ"

"ခလေးမသွားတော့ပါဘူး"

ကျောင်းရောက်တော့လဲ အတန်းထဲ မသွားရဘူးတဲ့ ဘယ်လောက်တောင်ရစ်နိုင်တဲ့ ကိုကိုလဲ

ကိုကိုနဲ့သာဆို~~~~❣️(Complete)Donde viven las historias. Descúbrelo ahora