part 19

2.5K 289 20
                                        

Unicode&Zawgyi

(Unicode)

လူသွားလူလာ ပြတ်လပ်ပြီး မှောင်မဲနေသော လမ်းဘေးတစ်နေရာတွင် လူငယ်တစ်ယောက် ကျုံ့ကျုံ့လေးထိုင်ကာ တရှုံ့ရှုံ့ ငိုနေသည်....

"အကျင့်မကောင်းတဲ့ မကောင်းဆိုးဝါး စုတ်...
ငါ့သခင်ကို အနိုင်ကျင့်ရုံတင်မလုံလောက်လို့ ..
ငါ့ကိုပါ အဝေးကို လွှင့်ပစ်လိုက်တယ်...အခု ဒီနေရာက ဘယ်နေရာမှန်းလည်း မသိဘူး....ဒင်းထက် စာရင် လူသား ရိပေါ်က မှ ကြင်နာတတ်သေးတယ်....ဟမ်...လူသား ရိပေါ်... ???...
ဟုတ်သားပဲ...အဲ့ဒါကြောင့် အဲ့ဒီ အစုတ်အပြတ်မကောင်းဆိုးဝါးကို မြင်ဖူးပါတယ် မှတ်နေတာ....
နိမ့်ကျတဲ့ အကျင့်မကောင်းတဲ့ လူသားနဲ့ ရုပ်တူနေတာကို....ဒါနဲ့ သူတို့က လုံးဝ ဆန့်ကျင်ဖက်ကို ဘာလို့ ရုပ်တူနေတာလည်း....မသိဘူးကွာ  ...ဒါ ငါနဲ့ မဆိုင်ဘူး.....သခင်စဥ်းစားလိမ့်မယ်....အခု ငါပြန်ဖို့ကိုပဲ လုပ်ရမယ်..."

အားကျိ ထိုင်နေရင်း ပွစိပွစိနဲ့ ရေရွတ်နေသည်...
မိစ္ဆာ သခင်ငယ်မှာ ရှောင်းကျန့် အခန်းထဲသို့ ဝင်ရောက်ကတည်းက အရှုပ်အထုပ် အားကျိကို ဆုပ်ကိုင်ကာ အဝေးသို့ လွှင့်ပစ်လိုက်ခြင်းပင်...

"ဟေး.... အလှလေး ဘာလို့ ငိုနေတာ လဲကွ..."

အားကျိအနားသို့ လူတစ်စု ရောက်လာကာ မေးလိုက်သည်....

ထိုလူစုမှာ အနည်းငယ် ထွေနေပုံရသည်...

"ဟေ့ကောင်...မင်းကန်းသွားပြီလားဟ...မင်းအလှလေးက ယောကျာ်း ကြီး...."

"ယောကျာ်း ကြီး တော့ရော ဘာဖြစ်လဲ... ဒီလောက် ဖြူနု ဥရွပြီး မိန်းကလေး တောင် ရှုံးလောက်တာကို..."

ထို လူစုထဲက အသက်နည်းနည်း ကြီးဟန်ရသော လူက အားကျိ ကို ထိတွေ့ရန် လက်လှမ်းလိုက်သည်...

"နိမ့်ကျတဲ့ လူသားတွေက ငါလို နတ်ဘုရားတစ်ပါးရဲ့ ပိုင်ဆိုင်မှုကို
ထိတွေ့ချင်နေတယ်တဲ့လား...
ရိုင်းစိုင်းလိုက်တာ..."

အားကျိ နောက်သို့ ဆုတ်လိုက်ရင်း ပြောလိုက်သည်.....

"နိမ့်ကျတဲ့ လူသားတွေ....ဟားဟား....ကြည့်ရတာ
စိတ်မမှန်ဘူးပဲ...လာလာ...ကိုကိုကြီးတို့က အလှလေးကို ပျော်စရာလေးတွေ ဖန်တီးပေးမယ်..."

The Same L💗VE (completed )Donde viven las historias. Descúbrelo ahora