.. ၁၆၂ ..
9.6K 1K 36
《Zawgyi》
အပိုင်း - ၁၆၂
[ခါးနာတယ် - ၁]
ချန်းစီနျန်ဟာ သူမကို ရဲစခန်းကိုလာကြိုပြီး မြောက်ဘက်သို့ ကားကိုဦးတည်လိုက်သည်။ ချင်းစုယွဲ့က မရင်းနီးတဲ့ လမ်းကိုကြည့်ပြီးတော့ မေးမြန်းလိုက်၏။
"ကျွန်မတို့က ဘယ်ကိုသွားနေကြတာလဲ?"
"ကိုယ်တို့အိမ်"
"..."
ချင်းစုယွဲ့ရဲ့ မျက်ဝန်းတွေက အနည်းငယ်လင်းလက်သွားကာ ထိုတခဏ၌ သူမ ဘာမှတော့ ပြန်မပြောမိပေ။
ချင်းစုယွဲ့ရဲ့တုံ့ပြန်မှုကိုတွေ့တော့ သူတို့အိမ်ကို ကိုယ်တိုင် မြင်လိုက်ရရင် ချင်းစုယွဲ့တစ်ယောက် ဒီထက်ပိုအံ့ဩသွားလိမ့်မည်ဆိုတာ ချန်းစီနျန်က သိလေသည်။ သူမရဲ့ ချစ်စရာကောင်းစွာ တုံ့ပြန်မည့်ပုံလေးကို စိတ်ကူးကြည့်လိုက်တာနှင့် ချန်းစီနျန်မှာ ထိုအမူအယာလေးကို တွေ့ချင်လှပြီဖြစ်သည်။
ထိုနေရာသို့ ရောက်သွားကြတော့ မိုးပင်ချုပ်သွားလေပြီ။ ချန်းစီနျန်က ကားထဲမှထွက်ပြီး ပြုံးလျက်ဆိုသည်။
"ကိုယ်တို့နောက်ကျမှ ရောက်လာရတာ စိတ်မကောင်းစရာပဲ ... မနက်ဖြန်မနက်ကျရင် ကိုယ် မင်းကို နောက်ဖေးက ဥယျာဉ်ကို ကြည့်ဖို့ လိုက်ပို့ပေးမယ်"
ချန်းစီနျန် သူမကို ခေါ်လာပေးသည့်နေရာဟာ ရှန်ကျင်းမြို့ လူစည်ကားရာ အချက်အချာနေရာရဲ့ မြောက်ဘက်နည်းနည်းကျ၏။ ချင်းစုယွဲ့က ရှန်ကျင်းမြို့မှာ အကြာကြီး မနေခဲ့ရပေမယ့် လွန်ခဲ့တဲ့၂နှစ်လောက်ထဲက ဒီနေရာကို တည်ဆောက်နေတယ်ဆိုတာ ကြားဖူးခဲ့လေသည်။ ကြီးကျယ်ခမ်းနားသည့် စံအိမ်တော်အဖြစ် ဆောက်လုပ်နေတာဖြစ်ကာ တန်ဖိုးပင်မဖြတ်နိုင်ပေ။
ချင်းစုယွဲ့မှာ သူမရှေ့တည့်တည့်ရှိ ရှုခင်းအား ငေးစိုက်ကြည့်နေမိသည်။ ၎င်းမှာ ကြီးကျယ်ခမ်းနားလှသည်မှန်း အရမ်းကို ထင်ရှားသိသာလွန်းလှပေ၏။ သူမက မယုံကြည်နိုင်စွာဖြင့် မေးမိသည်။
"ဒါ......က ရှင်ပိုင်တာ?"
အဲ့တာဆိုရင် ချန်းစီနျနိက ဒီမြေမှာ ဆောက်လုပ်ခဲ့တာလား?
ချန်းစီနျန်က ရှေ့သို့လျှောက်လာကာ သူမလက်ကိုဆွဲလျက် အတွင်းသို့ ဝင်လိုက်ပြီး သူမအား အလေးအနက်ဖြင့် စကားကို ပြန်ပြင်ပြောပေး၏။
"ကိုယ်ပိုင်တာ မဟုတ်ပါဘူး ... ကိုယ်တို့ ပိုင်တာပါ ... လက်ထပ်ရင် ကိုယ်တို့ပိုင်ဆိုင်သမျှတွေကို မျှဝေပိုင်ဆိုင်ကြရမှာလေ"