Chapter (5-6) - ရႊယ္က်င္းရီ... မင္းရူးသြားျပီလား

5.4K 948 14
                                    

Chapter (5-6) - ရႊယ္က်င္းရီ... မင္းရူးသြားျပီလား

႐ႊယ္ေလြ႕က ခုလို ပါးနပ္စြာ ေျပာလိုက္ေသာေၾကာင့္ က်ိဳးယြင္ရွန႔္က မျငင္းဆန္ႏိုင္ေတာ့ပဲ ေခါင္းၿငိမ့္လိုက္ရေတာ့သည္။ သူက ကားရွိရာကို လာခဲ့ၿပီး စိတ္ကို တင္းကာ ကားတံခါးကို နာခံစြာ ဖြင့္လိုက္သည္။

႐ြယ္ဇီ႐ြမ္က သူ၏လက္ေကာက္ဝတ္ကိုေနာက္ မွ ဆုပ္ကိုင္ကာ သူ၏ေခါင္းေပၚ၌ လက္ တင္ၿပီး ေျပာလိုက္သည္။

" ေခါင္းကိုမတိုက္မိေစဖို႔သတိထားဦး "

ေနာက္ဆုံး ႐ြယ္ဇီ႐ြမ္က က်ိဳးယြင္ရွန႔္  ၏ခရီးေဆာင္အိတ္မ်ားကို တင္ၿပီး အျခားဘက္မွကားထဲသို႔ ၀ င္ၿပီးစက္ကို ႏိုႈးလိုက္သည္။ 

ယခုအခ်ိန္အထိ တိတ္ဆိတ္စြာေနခဲ့သည့္ ႐ႊယ္က်င္းရီ က သတိဝင္လာၿပီး အလန႔္တၾကားလွမ္းေျပာလိုက္သည္။

" အစ္ကိုႀကီး ...ဟြမ္ရီကို လိုက္ပို႔ေပးၿပီးရင္ ညီမေလးဆီ အျမန္ဆုံး ျပန္လာခဲ့ေနာ္။ ညီမေလး ေနလို႔ သိပ္မေကာင္းဘူး။ "

သူမ ေဆး႐ုံမွာ သတိရလာေတာ့ သူမအစ္ကိုရဲ႕စိုးရိမ္ေနသည့္ မ်က္ႏွာကိုေတြ႕ျမင္မယ္လို႔  ထင္ခဲ့သည္။ သို႔ေသာ္ သူမ အိပ္ရာေဘး မွာ လူေတြနဲ႔ ျပည့္ေနေသာ္လည္း သူမ၏ အစ္ကို မရွိခဲ့ေပ။ သူ က သူမ အသက္ရွင္မလား မရွင္ဘူးလားဆိုတာမသိရသည့္ အခ်ိန္ ဟြမ္ရီကို ဆံပင္ညႇပ္ေပးဖို႔နဲ႔ ေယာက်ာ္းေလး အဝတ္စားေတြ ဝယ္ေပးဖို႔ သူမကို ထားရစ္ကာ ထြက္သြားခဲ့သည္။
 ဒါ ဘယ္လိုျဖစ္ႏိုင္မွာလဲ။

ဟြမ္ရီ ႏွင့္သူမအၾကား ဟြမ္ရီကို အစ္ကိုႀကီး ေ႐ြးခ်ယ္ခဲ့သည္။  သူမ သတိလစ္ေမ့ေျမာေနခ်ိန္မွာ သူမ ခ်စ္ရတဲ့ အစ္ကိုႀကီးက ေဆး႐ုံမွာေစာင့္ေပးဖို႔  မစဥ္းစားေပးခဲ့ေပ။ ႐ႊယ္က်င္းရီက သူမ ေသလုေမွ်ာပါး ႀကဳံခဲ့ရလို႔ စိတ္မေကာင္းျဖစ္ေနမိသည္။ သူမ ႏွလုံးသားက နာက်င္ရပါမ်ားလို႔ ထုံသြားၿပီး ဘယ္လိုမွေတာင္ မတုန႔္ျပန္ေတာ့ေပ။ အခု သူမ ေဆး႐ုံက ဆင္းၿပီးအိမ္ကို ျပန္ေရာက္လာေတာ့ အကိုႀကီးက ဟြမ္ရီကို အေဝးကို ပို႔ပစ္ မည္ကိုသိရေတာ့ သူမစိတ္ေလး တဖန္ အသက္ဝင္ လာခဲ့သည္။

 

 သူမက ေရွာင္တိန႔္ကို ကားနား ဘီးတပ္ကုလားထိုင္ကို တြန္းပို႔ ေပးဖို႔ ေျပာလိုက္သည္။ သူမက ကားျပတင္းေပါက္ကို ျဖတ္ကာ အကိုႀကီးျဖစ္သူကို တည့္တည့္စိုက္ၾကည့္ၿပီး ေျပာလိုက္သည္။
 
"အစ္ကိုႀကီး ခဏေနရင္ ျပန္လာေတာ့ေနာ္။ ညီမေလး ေစာင့္ေနမယ္။"

သူမ၏အႁမႊာအစ္ကိုရင္းျဖစ္သူကို ူႏႈတ္ဆက္စကားတစ္ခြန္းမွ်ပင္ မေျပာလိုက္ေပ။

က်ိဳးယြင္ရွန႔္က သူမ လ်စ္လ်ဴရႈတာကို စိတ္ထဲမထားေပ။ သူ ေနဖို႔ မေနရဖို႔ဆိုတာ ႐ြယ္က်င္းရီေပၚမွာ မူတည္ေၾကာင္း သိသည္။ သူက ဒူးေခါင္းေလးကို လက္ႏွင့္ ပြတ္သပ္ရင္း ေခါင္းငုံ႔ကာ အျပစ္ကင္းဟန္ျဖင့္ ေမးလိုက္သည္။

 "  အစ္ကိုႀကီးက ကြၽန္ေတာ့္ကို ၿမိဳ႕ထဲမွာ ထားရစ္ၿပီး ျပန္လာမွာလားဟင္။ ကြၽန္ေတာ္ တစ္ေယာက္တည္း ေနရမွာလား။  "

"ဘယ္လိုလုပ္ တစ္ေယာက္တည္း ေနရမွာလဲ။ ေရွာင္က်ိဳးလည္း လိုက္သြားမွာပါ။ "

 ႐ြယ္ေလြ႕က သူ႔လက္ေထာက္ကို မ်က္စပစ္ကာ ေျပာလိုက္သည္။ ေရွာင္က်ိဳးက ကားအေနာက္ဘက္ခုံမွာ အေျပးလႊားဝင္ထိုင္ လိုက္သည္။

 ႐ႊယ္ဇီ႐ြမ္၏ မ်က္ဝန္းမ်ားက ေအးစက္လာေပမယ့္ သူ႔ရင္ထဲက စိတ္မရွည္မႈကို သည္းခံႏိုင္ေသးသည္။ သူက က်ိဳးယြင္ရွန႔္၏ ပါးေဖာင္းေဖာင္းေလးကို လက္ႏွင့္ အသာယာဖ်စ္ညစ္ကာ ႏူးညံ့စြာ ေျပာလိုက္သည္။


 " မင္းကို တစ္ေယာက္တည္း ဘယ္လိုေနခြင့္ျပဳႏိုင္မွာလဲ။ အကိုႀကီးက မင္းနဲ႔ အတူတူေနမွာေပါ့။ "

သူက ထိုစကားေျပာၿပီးေသာအခါ ႏူးညံ့ေပ်ာ့ေျပာင္းေသာ အမူယာက ေအးစက္စက္အသြင္ကို ေျပာင္းသြားၿပီး ကားအေနာက္ဘက္က ေရွာင္က်ိဳးကို အမိန႔္ေပးလိုက္သည္။

" ေရွာင္က်ိဳး ကားထဲက ထြက္စမ္း။ ႐ႊယ္က်င္းရီ..မင္းရဲ႕ေရာဂါကိုပဲ ေသခ်ာဂ႐ုစိုက္။ ငါတို႔ သြားေတာ့မယ္။ "
 
႐ႊယ္က်င္းရီက တခုခုမွားေနၿပီဟု ခံစားလိုက္ရသည္။ သူမက ကားျပတင္းေပါက္တြင္ လက္ေခ်ာင္းမ်ားျဖင့္ ကုတ္တြယ္ထားက ေမးလိုက္သည္။

  " ဘာကိုဆိုလိုတာလဲ။ အစ္ကိုႀကီး ျပန္မလာေတာ့ဘူးလား၊ အကိုႀကီးက ဟြမ္ရီနဲ႔အတူ ၿမိဳ႕ထဲမွာ ေနမွာလား။"

ေၾကာက္လန႔္ေနေသာ ေရွာင္က်ိဳး ကားထဲက ထြက္တာကို ေစာင့္ၿပီးေတာ့ ႐ႊယ္ဇီ႐ြမ္က ကားမွန္ကို ျဖည္းညႇင္းစြာ တင္လိုက္သည္။ သူက ႐ႊယ္က်င္းရီကို အေျဖမေပးသလို စိတ္ပ်က္စရာေကာင္းေသာ သူမ မ်က္ႏွာကို မၾကည့္ပဲ ကားကို ဂိတ္ဝဘက္ကို ဦးတည္ေမာင္းလိုက္သည္။

႐ႊယ္က်င္းရီ၏ လက္ေခ်ာင္းမ်ားကို ကားမွန္ညႇပ္သြားမွာ စိုးလို႔ ေဘးကလူေတြက သူမကို ဝိုင္းဆြဲလိုက္ရသည္။ သူမက ဂ႐ုမစိုက္ပဲ ကားလက္ကိုင္ကို အတင္းဖမ္းထားကာ ေအာ္ေျပာလိုက္သည္။

" ညီမကို  မထားခဲ့ပါနဲ႔၊ က်င္းရီ ကို ခ်န္မသြားရဘူး။  က်င္းရီ ေနလို႔မေကာင္းဘူး။ က်င္းရီ ဒီေန႔ ေသလုနီးပါးျဖစ္ခဲ့တာကို အကိုႀကီးသိရဲ႕လား။ က်င္းရီကို မထားခဲ့ပါနဲ႔။  " 

သူမ မ်က္ႏွာက ျဖဴေဖ်ာ့ကာ မ်က္လုံးမ်ားနီရဲေနၿပီး ဆံပင္ေတြက ေလထဲ ဖ႐ိုဖရဲလြင့္ကာ တေစၦလိုငိုယို ေအာ္ဟစ္လ်က္ ကားတံခါး   လက္ကိုင္ကိုဆြဲၿပီး ကားထြက္မသြားေစရန္ တားလိုက္သည္။  
႐ႊယ္ေလြႏွင့္အျခားသူမ်ားက သူမ၏႐ူးသြပ္သည့္ အျပဳမႈေၾကာင့္ ေတြေဝသြားၾကသည္။ သူတို႔  သတိရလာေသာအခါ ကား၏ အရွိန္ေၾကာင့္ သူမ၏ဘီးတပ္ကုလားထိုင္ ေရွ႕သို႔ ေ႐ြ႕သြားၿပီး ကားေနာက္ကို ပါသြားခဲ့သည္။ သူမရဲ႕ခႏၶာကိုယ္က စိုစြတ္ေနၿပီးေက်ာက္စရစ္ခဲေတြ ခင္းထားသည့္ လမ္းေပၚ လဲက်သြားခဲ့သည္။ တကယ္လို႔ ဒီလိုမ်ိဳး ကားေနာက္ တ႐ြတ္တိုက္ပါသြားလွ်င္ ေသခ်ာေပါက္ ဒဏ္ရာအႀကီးက်ယ္ ရသြားႏိုင္သည္။

႐ႊယ္ေလြ႕ႏွင့္ ႐ြယ္လီဒန္နီက ႐ႊယ္က်င္းရီကို အေျပးလႊား ေပြ႕ခ်ီလိုက္ၾကသည္။  သူတို႔က ကားျပတင္းေပါက္ကို ေခါက္ကာ သူတို႔သားကို ကားရပ္ဖို႔ ေအာ္ေျပာလိုက္သည္။ ဖူဘိုက ကားေရွ႕ ခုန္ဝင္တားဆီးလိုက္ၿပီး စိတ္ဆိုး ထိတ္လန႔္ေနပုံရသည္။

က်ိဳးယြင္ရွန္ကက သူ၏မ်က္ႏွာကိုျပတင္းေပါက္နားကပ္ၿပီး ႐ႊယ္က်င္းရီ၏ လႈပ္ရွားမႈကို ၾကည့္ေနေသာေၾကာင့္ ဒီျမင္ကြင္းကိုေတြ႕ေတာ့ ကားကို ခ်က္ခ်င္း ရပ္ခိုင္းလိုက္သည္။

 ႐ႊယ္ဇီ႐ြမ္ က ႐ႊယ္က်င္းရီကို  မျမင္ သလိုဆက္ဆံခ်င္ေပမယ့္ အခုေတာ့ဒီအေတြးက သူ လုပ္ခ်င္တဲ့အေတြးသက္သက္ပဲျဖစ္ေနၿပီ ။ သူက ႐ႊယ္က်င္းရီကို လ်စ္လ်ဴရႈခ်င္ေပမယ့္ က ေသသည္အထိ သူ႔ေဘးမွာ ကပ္ေနမည့္ပုံေပၚသည္။ သူ႔ရင္ထဲက ေဒါသေတြေနရာမွာ သူ၏စိတ္ႏွလုံးထဲတြင္ ဖိႏွိပ္ထားရေသာ စက္ဆုပ္႐ြံရွာမႈမ်ားႏွင့္သူ ေမ့ေလ်ာ့ရန္ႀကိဳးစားေနသည့္ ႐ြံရွာဖြယ္ အျဖစ္ပ်က္မ်ားကို ျပန္သတိရလာၿပီး ရင္ထဲမွာ မီးေတာင္ ေပါက္ကြဲသလို ခံစားလိုက္ရသည္။

 သူ၏သည္းခံမႈက အဆုံးစြန္ထိ ေရာက္လာခဲ့လို႔ ႐ုတ္တရက္ သူက ကား စတီယာတိုင္ကို လက္သီးႏွင့္  တစ္ႀကိမ္ၿပီး တစ္ႀကိမ္ ႀကိတ္မႏိုင္ ခဲမရ ထုလိုက္သည္။ က်ယ္ေလာင္ေသာ ကားဟြန္းသံေပၚလာၿပီး ၿခံနီးခ်င္းက ေခြးေတြ ေဟာင္သံ ထြက္လာသည္။ ႐ႊယ္ေလြ႕ႏွင့္ အျခားလူမ်ားက ထိတ္လန႔္ တုန္လႈပ္ သြားေသာ္လည္း ႐ႊယ္က်င္းရီက ဘာမွ မၾကား  သကဲ့သို႔ျပဳမူ ေနခဲ့သည္။ သူမ၏အာ႐ုံကို  ႐ႊယ္ဇီ႐ြမ္ တစ္ေယာက္ တည္းဆီသာ အာ႐ုံစိုက္ထားသည္။

သူမ၏  လက္မ်ာက ကားလက္ကိုင္ကို ဆုပ္ကိုင္ထားျပီး ေသမွသာ သူမ အစ္ကိုနွင့္ ေဝးရာကို သြားမည္ဟု ဆံုးျဖတ္ထားသည္။ သူမ မ်က္စိေရွ႕မွာ အစ္ကိုႀကီးက ဟြမ္ရီနွင့္အ တူ သူမကို ထားျပီး ထြက္သြားမည္ကို မျမင္နိုင္ေပ။ သူမ၏ အျပဳမႈက သူမ၏ ေရာဂါနွင့္ မလုပ္သင့္ဘူးဆိုတာ သိလ်က္၊ ပံုမွန္မဟုတ္တာကို သိလ်က္နွင့္  သူမ မေျပာင္းလဲခ်င္ေပ။ သူမ ေသသည္အထိ ဖက္တြယ္ထားမည္ ျဖစ္သည္။

ရႊယ္ဇီရြမ္၏ ဦးေနွာက္ထဲမွာ မုန္းတီးမႈေႀကာင့္ ဘယ္ေလာက္ ေဒါသေတြ ဆူေဝလာေပမယ့္ သူ ခ်စ္တဲ့ ေကာင္ေလးေရွ႕မွာ လူသတ္မႈကို မလုပ္ခ်င္ေသာေႀကာင့္ ကားထဲက မထြက္ခင္ ေကာင္ေလး၏ ျဖဴနုေသာ ပါးျပင္ကို လက္နွင့္ ညင္သာစြာ ထိေတြ႕ကာ ေျပာလိုက္သည္။

 " အကိုႀကီးကို ကားထဲမွာေစာင့္ေပးပါ။"

သူက ကားေပၚကဆင္းၿပီး ကားကို လွည့္ပတ္သြားကာ ရႊယ္က်င္းရီ၏ ေဘးကို သြားရပ္ကာ ေျပာလိုက္သည္။

 " ရႊယ္က်င္းရီ မင္း ႐ူးသြားၿပီလား!"

=========================

Chapter (5-6) - ရွှယ်ကျင်းရီ... မင်းရူးသွားပြီလား

ရွှယ်လွေ့က ခုလို ပါးနပ်စွာ ပြောလိုက်သောကြောင့် ကျိုးယွင်ရှန့်က မငြင်းဆန်နိုင်တော့ပဲ ခေါင်းငြိမ့်လိုက်ရတော့သည်။ သူက ကားရှိရာကို လာခဲ့ပြီး စိတ်ကို တင်းကာ ကားတံခါးကို နာခံစွာ ဖွင့်လိုက်သည်။

ရွယ်ဇီရွမ်က သူ၏လက်ကောက်ဝတ်ကိုနောက် မှ ဆုပ်ကိုင်ကာ သူ၏ခေါင်းပေါ်၌ လက် တင်ပြီး ပြောလိုက်သည်။

" ခေါင်းကိုမတိုက်မိစေဖို့သတိထားဦး "

နောက်ဆုံး ရွယ်ဇီရွမ်က ကျိုးယွင်ရှန့်  ၏ခရီးဆောင်အိတ်များကို တင်ပြီး အခြားဘက်မှကားထဲသို့ ၀ င်ပြီးစက်ကို နိုှုးလိုက်သည်။ 

ယခုအချိန်အထိ တိတ်ဆိတ်စွာနေခဲ့သည့် ရွှယ်ကျင်းရီ က သတိဝင်လာပြီး အလန့်တကြားလှမ်းပြောလိုက်သည်။

" အစ်ကိုကြီး ...ဟွမ်ရီကို လိုက်ပို့ပေးပြီးရင် ညီမလေးဆီ အမြန်ဆုံး ပြန်လာခဲ့နော်။ ညီမလေး နေလို့ သိပ်မကောင်းဘူး။ "

သူမ ဆေးရုံမှာ သတိရလာတော့ သူမအစ်ကိုရဲ့စိုးရိမ်နေသည့် မျက်နှာကိုတွေ့မြင်မယ်လို့  ထင်ခဲ့သည်။ သို့သော် သူမ အိပ်ရာဘေး မှာ လူတွေနဲ့ ပြည့်နေသော်လည်း သူမ၏ အစ်ကို မရှိခဲ့ပေ။ သူ က သူမ အသက်ရှင်မလား မရှင်ဘူးလားဆိုတာမသိရသည့် အချိန် ဟွမ်ရီကို ဆံပင်ညှပ်ပေးဖို့နဲ့ ယောကျာ်းလေး အဝတ်စားတွေ ဝယ်ပေးဖို့ သူမကို ထားရစ်ကာ ထွက်သွားခဲ့သည်။
 ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ။

ဟွမ်ရီ နှင့်သူမအကြား ဟွမ်ရီကို အစ်ကိုကြီး ရွေးချယ်ခဲ့သည်။  သူမ သတိလစ်မေ့မြောနေချိန်မှာ သူမ ချစ်ရတဲ့ အစ်ကိုကြီးက ဆေးရုံမှာစောင့်ပေးဖို့  မစဉ်းစားပေးခဲ့ပေ။ ရွှယ်ကျင်းရီက သူမ သေလုမျှောပါး ကြုံခဲ့ရလို့ စိတ်မကောင်းဖြစ်နေမိသည်။ သူမ နှလုံးသားက နာကျင်ရပါများလို့ ထုံသွားပြီး ဘယ်လိုမှတောင် မတုန့်ပြန်တော့ပေ။ အခု သူမ ဆေးရုံက ဆင်းပြီးအိမ်ကို ပြန်ရောက်လာတော့ အကိုကြီးက ဟွမ်ရီကို အဝေးကို ပို့ပစ် မည်ကိုသိရတော့ သူမစိတ်လေး တဖန် အသက်ဝင် လာခဲ့သည်။

 

 သူမက ရှောင်တိန့်ကို ကားနား ဘီးတပ်ကုလားထိုင်ကို တွန်းပို့ ပေးဖို့ ပြောလိုက်သည်။ သူမက ကားပြတင်းပေါက်ကို ဖြတ်ကာ အကိုကြီးဖြစ်သူကို တည့်တည့်စိုက်ကြည့်ပြီး ပြောလိုက်သည်။
 
"အစ်ကိုကြီး ခဏနေရင် ပြန်လာတော့နော်။ ညီမလေး စောင့်နေမယ်။"

သူမ၏အမြွှာအစ်ကိုရင်းဖြစ်သူကို ူနှုတ်ဆက်စကားတစ်ခွန်းမျှပင် မပြောလိုက်ပေ။

ကျိုးယွင်ရှန့်က သူမ လျစ်လျူရှုတာကို စိတ်ထဲမထားပေ။ သူ နေဖို့ မနေရဖို့ဆိုတာ ရွယ်ကျင်းရီပေါ်မှာ မူတည်ကြောင်း သိသည်။ သူက ဒူးခေါင်းလေးကို လက်နှင့် ပွတ်သပ်ရင်း ခေါင်းငုံ့ကာ အပြစ်ကင်းဟန်ဖြင့် မေးလိုက်သည်။

 "  အစ်ကိုကြီးက ကျွန်တော့်ကို မြို့ထဲမှာ ထားရစ်ပြီး ပြန်လာမှာလားဟင်။ ကျွန်တော် တစ်ယောက်တည်း နေရမှာလား။  "

"ဘယ်လိုလုပ် တစ်ယောက်တည်း နေရမှာလဲ။ ရှောင်ကျိုးလည်း လိုက်သွားမှာပါ။ "

 ရွယ်လွေ့က သူ့လက်ထောက်ကို မျက်စပစ်ကာ ပြောလိုက်သည်။ ရှောင်ကျိုးက ကားအနောက်ဘက်ခုံမှာ အပြေးလွှားဝင်ထိုင် လိုက်သည်။

 ရွှယ်ဇီရွမ်၏ မျက်ဝန်းများက အေးစက်လာပေမယ့် သူ့ရင်ထဲက စိတ်မရှည်မှုကို သည်းခံနိုင်သေးသည်။ သူက ကျိုးယွင်ရှန့်၏ ပါးဖောင်းဖောင်းလေးကို လက်နှင့် အသာယာဖျစ်ညစ်ကာ နူးညံ့စွာ ပြောလိုက်သည်။


 " မင်းကို တစ်ယောက်တည်း ဘယ်လိုနေခွင့်ပြုနိုင်မှာလဲ။ အကိုကြီးက မင်းနဲ့ အတူတူနေမှာပေါ့။ "

သူက ထိုစကားပြောပြီးသောအခါ နူးညံ့ပျော့ပြောင်းသော အမူယာက အေးစက်စက်အသွင်ကို ပြောင်းသွားပြီး ကားအနောက်ဘက်က ရှောင်ကျိုးကို အမိန့်ပေးလိုက်သည်။

" ရှောင်ကျိုး ကားထဲက ထွက်စမ်း။ ရွှယ်ကျင်းရီ..မင်းရဲ့ရောဂါကိုပဲ သေချာဂရုစိုက်။ ငါတို့ သွားတော့မယ်။ "
 
ရွှယ်ကျင်းရီက တခုခုမှားနေပြီဟု ခံစားလိုက်ရသည်။ သူမက ကားပြတင်းပေါက်တွင် လက်ချောင်းများဖြင့် ကုတ်တွယ်ထားက မေးလိုက်သည်။

  " ဘာကိုဆိုလိုတာလဲ။ အစ်ကိုကြီး ပြန်မလာတော့ဘူးလား၊ အကိုကြီးက ဟွမ်ရီနဲ့အတူ မြို့ထဲမှာ နေမှာလား။"

ကြောက်လန့်နေသော ရှောင်ကျိုး ကားထဲက ထွက်တာကို စောင့်ပြီးတော့ ရွှယ်ဇီရွမ်က ကားမှန်ကို ဖြည်းညှင်းစွာ တင်လိုက်သည်။ သူက ရွှယ်ကျင်းရီကို အဖြေမပေးသလို စိတ်ပျက်စရာကောင်းသော သူမ မျက်နှာကို မကြည့်ပဲ ကားကို ဂိတ်ဝဘက်ကို ဦးတည်မောင်းလိုက်သည်။

ရွှယ်ကျင်းရီ၏ လက်ချောင်းများကို ကားမှန်ညှပ်သွားမှာ စိုးလို့ ဘေးကလူတွေက သူမကို ဝိုင်းဆွဲလိုက်ရသည်။ သူမက ဂရုမစိုက်ပဲ ကားလက်ကိုင်ကို အတင်းဖမ်းထားကာ အော်ပြောလိုက်သည်။

" ညီမကို  မထားခဲ့ပါနဲ့၊ ကျင်းရီ ကို ချန်မသွားရဘူး။  ကျင်းရီ နေလို့မကောင်းဘူး။ ကျင်းရီ ဒီနေ့ သေလုနီးပါးဖြစ်ခဲ့တာကို အကိုကြီးသိရဲ့လား။ ကျင်းရီကို မထားခဲ့ပါနဲ့။  " 

သူမ မျက်နှာက ဖြူဖျော့ကာ မျက်လုံးများနီရဲနေပြီး ဆံပင်တွေက လေထဲ ဖရိုဖရဲလွင့်ကာ တစ္ဆေလိုငိုယို အော်ဟစ်လျက် ကားတံခါး   လက်ကိုင်ကိုဆွဲပြီး ကားထွက်မသွားစေရန် တားလိုက်သည်။  
ရွှယ်လွေနှင့်အခြားသူများက သူမ၏ရူးသွပ်သည့် အပြုမှုကြောင့် တွေဝေသွားကြသည်။ သူတို့  သတိရလာသောအခါ ကား၏ အရှိန်ကြောင့် သူမ၏ဘီးတပ်ကုလားထိုင် ရှေ့သို့ ရွေ့သွားပြီး ကားနောက်ကို ပါသွားခဲ့သည်။ သူမရဲ့ခန္ဓာကိုယ်က စိုစွတ်နေပြီးကျောက်စရစ်ခဲတွေ ခင်းထားသည့် လမ်းပေါ် လဲကျသွားခဲ့သည်။ တကယ်လို့ ဒီလိုမျိုး ကားနောက် တရွတ်တိုက်ပါသွားလျှင် သေချာပေါက် ဒဏ်ရာအကြီးကျယ် ရသွားနိုင်သည်။

ရွှယ်လွေ့နှင့် ရွယ်လီဒန်နီက ရွှယ်ကျင်းရီကို အပြေးလွှား ပွေ့ချီလိုက်ကြသည်။  သူတို့က ကားပြတင်းပေါက်ကို ခေါက်ကာ သူတို့သားကို ကားရပ်ဖို့ အော်ပြောလိုက်သည်။ ဖူဘိုက ကားရှေ့ ခုန်ဝင်တားဆီးလိုက်ပြီး စိတ်ဆိုး ထိတ်လန့်နေပုံရသည်။

ကျိုးယွင်ရှန်ကက သူ၏မျက်နှာကိုပြတင်းပေါက်နားကပ်ပြီး ရွှယ်ကျင်းရီ၏ လှုပ်ရှားမှုကို ကြည့်နေသောကြောင့် ဒီမြင်ကွင်းကိုတွေ့တော့ ကားကို ချက်ချင်း ရပ်ခိုင်းလိုက်သည်။

 ရွှယ်ဇီရွမ် က ရွှယ်ကျင်းရီကို  မမြင် သလိုဆက်ဆံချင်ပေမယ့် အခုတော့ဒီအတွေးက သူ လုပ်ချင်တဲ့အတွေးသက်သက်ပဲဖြစ်နေပြီ ။ သူက ရွှယ်ကျင်းရီကို လျစ်လျူရှုချင်ပေမယ့် က သေသည်အထိ သူ့ဘေးမှာ ကပ်နေမည့်ပုံပေါ်သည်။ သူ့ရင်ထဲက ဒေါသတွေနေရာမှာ သူ၏စိတ်နှလုံးထဲတွင် ဖိနှိပ်ထားရသော စက်ဆုပ်ရွံရှာမှုများနှင့်သူ မေ့လျော့ရန်ကြိုးစားနေသည့် ရွံရှာဖွယ် အဖြစ်ပျက်များကို ပြန်သတိရလာပြီး ရင်ထဲမှာ မီးတောင် ပေါက်ကွဲသလို ခံစားလိုက်ရသည်။

 သူ၏သည်းခံမှုက အဆုံးစွန်ထိ ရောက်လာခဲ့လို့ ရုတ်တရက် သူက ကား စတီယာတိုင်ကို လက်သီးနှင့်  တစ်ကြိမ်ပြီး တစ်ကြိမ် ကြိတ်မနိုင် ခဲမရ ထုလိုက်သည်။ ကျယ်လောင်သော ကားဟွန်းသံပေါ်လာပြီး ခြံနီးချင်းက ခွေးတွေ ဟောင်သံ ထွက်လာသည်။ ရွှယ်လွေ့နှင့် အခြားလူများက ထိတ်လန့် တုန်လှုပ် သွားသော်လည်း ရွှယ်ကျင်းရီက ဘာမှ မကြား  သကဲ့သို့ပြုမူ နေခဲ့သည်။ သူမ၏အာရုံကို  ရွှယ်ဇီရွမ် တစ်ယောက် တည်းဆီသာ အာရုံစိုက်ထားသည်။

သူမ၏  လက်မျာက ကားလက်ကိုင်ကို ဆုပ်ကိုင်ထားပြီး သေမှသာ သူမ အစ်ကိုနှင့် ဝေးရာကို သွားမည်ဟု ဆုံးဖြတ်ထားသည်။ သူမ မျက်စိရှေ့မှာ အစ်ကိုကြီးက ဟွမ်ရီနှင့်အ တူ သူမကို ထားပြီး ထွက်သွားမည်ကို မမြင်နိုင်ပေ။ သူမ၏ အပြုမှုက သူမ၏ ရောဂါနှင့် မလုပ်သင့်ဘူးဆိုတာ သိလျက်၊ ပုံမှန်မဟုတ်တာကို သိလျက်နှင့်  သူမ မပြောင်းလဲချင်ပေ။ သူမ သေသည်အထိ ဖက်တွယ်ထားမည် ဖြစ်သည်။

ရွှယ်ဇီရွမ်၏ ဦးနှောက်ထဲမှာ မုန်းတီးမှုကြောင့် ဘယ်လောက် ဒေါသတွေ ဆူဝေလာပေမယ့် သူ ချစ်တဲ့ ကောင်လေးရှေ့မှာ လူသတ်မှုကို မလုပ်ချင်သောကြောင့် ကားထဲက မထွက်ခင် ကောင်လေး၏ ဖြူနုသော ပါးပြင်ကို လက်နှင့် ညင်သာစွာ ထိတွေ့ကာ ပြောလိုက်သည်။

 " အကိုကြီးကို ကားထဲမှာစောင့်ပေးပါ။"

သူက ကားပေါ်ကဆင်းပြီး ကားကို လှည့်ပတ်သွားကာ ရွှယ်ကျင်းရီ၏ ဘေးကို သွားရပ်ကာ ပြောလိုက်သည်။

 " ရွှယ်ကျင်းရီ မင်း ရူးသွားပြီလား!"

=========================


ရွှယ်ဇီရွမ် (Completed) (MM Translation)Where stories live. Discover now