၁၀၈။

2.3K 261 0
                                    

❤စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး❤

အပိုင်း ၁၀၈။

အခြေအနေတွေ တည်ငြိမ်သွားတော့မှ လုချင်းယီ.....သက်ပြင်းချနိုင်တော့သည်။

" ချင်းချင်းရယ်....အကုန်လုံးကို ဘာလို့ ရှင်းပေးတာလဲ....? အားနာစရာကြီး....''

" ရပါတယ် အစ်မရယ်....''
ချင်းယီက ရှောင်လန်ရဲ့ ခါးကို ဖက်လိုက်၏။ ရှောင်လန်က သူမကို အမြဲ ဖေးမ ကူညီပေးခဲ့တာပဲလေ....

" ရှောင်လန်နဲ့ ဟောဒီက ဘေ ဘီလေးကို လက်ဆောင်ပေးတယ်လို့ပဲ မှတ်လိုက်ပါ....''

ရှားယုဟန်တစ်ယောက် ရိုင်းစိုင်းတဲ့မိန်းမငယ်လေးတွေကို မောင်းထုတ်ပြီးနောက် ကောင်တာဘက်ထွက်လာတော့ ရှောင်လန်နဲ့ ချင်းယီကို တွေ့လိုက်ရသည်။ ရုတ်တရက်ဆိုတော့ ရှားယုဟန်လည်း ခပ်တန်းတန်းဖြစ်သွားပြီး ထို့နောက် ချင်းယီတို့ဆီကို လျှောက်သွားလိုက်သည်။

" မိန်းကလေး လု...''

" ဘာများဖြစ်လို့ပါလဲ....မစ္စစ်ရှား...''
ချင်းယီက ရှောင်လန်လက်ထဲက အိတ်ကိုယူလိုက်ကာ ရှားယုဟန်ကို မေးလာ၏။

" အာ..ကျွန်မတို့ စကားပြောကြမလား...? အရင်တုန်းက ဖြစ်ပျက်ခဲ့တာ အတွက် တောင်းပန်ချင်လို့ပါ...''

---------------

မွှေးပျံ့တဲ့ ပေါင်မုန့်နံ့ လေးကြောင့် လုချင်းယီတစ်ယောက် ပိုဆာလောင်လာသလိုပင်။ ရှောင်လန်က သူမဘေးမှာထိုင်နေပြီး ကော်ဖီလေးသောက်ကာ ​မေးလေးထောက်ပြီး....အပြင်က ရှုခင်းကို ငေးကြည့်နေသည်။ နေဝင်ဆည်းဆာချိန်ရဲ့ အရမ်းလှပတဲ့ မြင်ကွင်းကြောင့် နှစ်ယောက်လုံး ငေးမောကြလျက်....

ထို့နောက် ချင်းယီက တိတ်ဆိတ်မှုကို ဖြိုခွဲကာ...

" ဘာပြောမလို့လဲ....?''

" အာ...ကျွန်မတောင်းပန်ချင်လို့ပါ....ရှန်းရီ.. ဘာကြောင့် လက်ထပ်တာကို ငြင်းဆန်လဲဆိုတာကို အဖိုးပြောပြလို့ ကျွန်မသိပြီးပြီ...''

လုချင်းယီ ပြုံးလာလေ၏။ဒီမိန်းကလေးက တကယ်ကို ပြောင်းလဲသွားတာပဲ.....သူမ စတွေ့တုန်းကလို မိန်းမဆိုးလေးလည်း မဟုတ်တော့ဘူး....အဲ့လိုဆိုတော့လည်း ကောင်းတာပဲလေ....

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၁)  ( ဘာသာပြန်- Zawgyi +Unicode)Where stories live. Discover now