ကားမှန်ထဲကနေ အပြင်ကိုလက်ထုတ်တော့
မိုးစက်တွေက တဖြောက်ဖြောက်ပဲ...။
သိပ်ချစ်ရတဲ့သူဟာ မိုးရွာရင်ပျော်နေတတ်တဲ့
နမော်နမဲ့လေးဆိုတာ သိပေမဲ့လည်း
တခုသောနေရာမှာ လုံခြုံနွေးထွေးစေချင်တယ်...။
ဘာပဲဖြစ်ဖြစ် ဒီလူကိုတော့ ခလုတ်မထိ ဆူးမငြိ
တကယ်စိတ်ရင်းအမှန်နဲ့ စိတ်ရောကိုယ်ပါ
အထိအခိုက်ကင်းစေချင်တယ်...။
#Meldian
#Meldian
