.. ၁၆၅ ..
9.1K 973 27
《Zawgyi》
အပိုင်း - ၁၆၅
"ငါ မသေသေးဘူး ... အဲ့တာကြောင့်မလို့ နင် ငါ့အတွက် စိတ်မကောင်းဖြစ်စရာ မလိုပါဘူး-၂"
ငယ်ရွယ်ပြီး ချမ်းသာတဲ့ မမလေးတစ်ယောက်က ရာဇဝတ်မှု ကျူးလွန်သည့် ပြစ်ဒဏ်ခံနေရတာတောင် မငိုမယိုပဲ ဒီလိုဖြစ်နေလိမ့်မည်ဟု ရှန်ဝမ်းယန့်က မထင်ထားခဲ့ပေ။ သူမက ရယ်ပင်ရယ်မောနေသေးတော့သည်။ ရှန်ဝမ်းယန့်က မတတ်သာစွာပြော၏။
"နင် ဒီကိစ္စတွေ ကျူးလွန်ခဲ့တုန်းက ဒီလိုကြုံရမယ်မှန်း သိနှင့်ပြီးသားနဲ့ တူတယ်"
ရှီရှီ့ရဲ့လက်မှ လက်ထိပ်နှင့် စားပွဲတို့ ထိခတ်သံက ဘန်းခနဲ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
သူမက မျက်နှာကို မော်ချီထားလေသည်။
"ဘယ်သူကတော့ ထောင်ထဲသွားချင်မှာတုန်း? နင်ရော? ဒါပေမယ့် ငါ အဲ့ဒီကိစ္စတွေ လုပ်ခဲ့ချိန်တုန်းက အများကြီး မတွေးခဲ့မိဘူး ... နင်က ချန်းစီနျန်ကို လိုချင်ခဲ့ရုံပဲမလား? ငါ နင့်ဆန္ဒကို ဖြည့်စည်းပေးမယ်! တကယ်တော့ နင်က ငါဖန်တီးပေးထားတဲ့ အဓိကဇာတ်ဆောင်ပဲလေ ... အနည်းနဲ့အများတော့ နင့်အပေါ် ငါ တွေးပေးနိုင်ပါသေးတယ်"
ရှန်ဝမ်းယန့်ရဲ့ အမူအယာက ပြောင်းလဲသွား၏။
"နင် ဘာတွေပြောနေတာလဲ?"
"လူတော်တော်များများက ငါ့ကိုရူးနေတယ် ထင်ကြပေမယ့် ငါက လုံးဝအကောင်းကြီးပါ .. ရှန်ဝမ်းယန့် ..  ငါ့ နင့်ကို အမှန်အတိုင်း ပြောပြမယ် ... ဒီကမ္ဘာက တကယ့်ကမ္ဘာအစစ် မဟုတ်ဘူး ... ဒါက ငါရေးထားတဲ့ဝတ္ထုရဲ့ စိတ်ကူးယဉ် အတုအယောင်ကမ္ဘာသပ်သပ်ပဲ"
"မဖြစ်နိုင်ဘူး!"
"နင် မယုံနိုင်ဘူးမလား? ဒါပေမယ့် ဒါကအမှန်တရားပဲ ... ငါ့စာအုပ်ထဲမှာ ချန်းစီနျန်က ထုံးစံအတိုင်း ရိုမန့်တစ်ဝတ္ထုထဲက အဓိကဇာတ်ဆောင်တစ်ယောက် ... သူက ချမ်းသာတယ် .. ချောမောတယ် ... အာဏာကြီးတယ် ... လူတွေအများကြီးက သူ့ကိုချစ်ကြတယ်  နင်ကလည်း အဲဒီလူတွေထဲက တစ်ယောက်ပဲ ... အင်း နင်က အဓိကဇာတ်ဆောင် မိန်းကလေးပေါ့ ... အဓိကဇာတ်ဆောင်နဲ့ အဓိကဇာတ်ဆောင်မိန်းကလေးအတွဲ .. အရံဇာတ်ကောင်နဲ့ အရံဇာတ်ကောင် မိန်းကလေးအတွဲ .. အစရှိသဖြင့်ပေါ့လေ ...
မော့ပေက ဘာအကြောင်းပြချက်မှ မရှိပဲ နင့်ကိုချစ်တယ် .. နင့်ကိုချစ်တဲ့ သူ့အချစ်တွေကိုလည်း သူပြန်ထိန်းလို့မရတော့ဘူး .. ငါက သူ့ကို ဒီလိုဇာတ်ကောင်မျိုးဖြစ်အောင် တမင် ဖန်တီးခဲ့တာပဲ ... နင်က ချန်းစီနျန်ကို လေးစားပြီး တစ်ဖက်သတ် ချစ်နေရတယ် ... တစ်ဖက်မှာလည်း နင်က မော့ပေကို လှေကားအဖြစ် အသုံးချပြီး အဆက်အသွယ် အပေါင်းအသင်းတွေ ရအောင်လုပ် သူ့ကိုအသုံးချပြီး ချန်းစီနျန်နဲ့ နီးစပ်ခွင့်ရအောင် လုပ်ခဲ့တယ် ... ထပ်ပြီးတော့ နင်က ချင်းစုယွဲ့ရဲ့ ဦးနှောက်မရှိတဲ့ ဗီလိန်နည်းလမ်းတွေကိုသုံးပြီး ချန်းစီနျန်ရှေ့မှာ နင့်ကိုယ်နင် အပြစ်ကင်းပြီး ကြင်နာတတ်တဲ့ပုံစံအဖြစ် မြင်ရအောင် အောင်အောင်မြင်မြင် လုပ်နိုင်ခဲ့တယ် .....
အခုလို အခြေအနေနဲ့ မတူပဲ နင်က အောင်မြင်စွာနဲ့ ချန်းကတော်နေရာကို ယူနိုင်ခဲ့တယ် ... နင် ကိုယ်ဝန်ပျက်ကျတဲ့အဖြစ်မှာ ချင်းစုယွဲ့ကို တရားခံလုပ်လိုက်တယ် ... နောက်ဆုံးတော့ ချင်းစုယွဲ့က သူ့မိသားစုတစ်ခုလုံးကို ဆုံးရှုံးရပြီး ဆန်ကုန်မြေလေးကောင်နဲ့ လက်ထပ် .. အဲ့ကောင်လက်ထဲမှာပဲ သေသွားခဲ့တယ် ... နင်နဲ့ချန်းစီနျန်ကတော့ လက်ထပ်ပြီး ၂နှစ်အကြာမှာ သားတစ်ယောက်ရခဲ့တယ် ..  နင်တို့ရဲ့ ပျော်စရာဇာတ်သိမ်းလေးပေါ့"