Part 1 (unicode)

47.5K 2.8K 112
                                    

Chapter 1;နောက်ကျသွားပြီ,ငါ သူ့ကို
သတ်လိုက်ပြီ။

သူ့အိပ်ကပ်ထဲမှvibration လုပ်ထားသော ဖုန်းက ဆက်တိုက်တုန်ခါလျှက်ရှိ၏။ ဤမိနစ်ပိုင်း အတွင်းဖုန်းသည်ငါးကြိမ်ထက်မကတုန်ခါနေ၏။ထို့ကြောင့် မှိတ်ထားသော မျက်လုံးများကို ဖွင့်လိုက်ဖို့ ကျန်ချန် ဆုံးဖြတ်လိုက်သည်။

အဝေးပြေးရထားသည် လမ်းမထက်တွင် ပြေးဆွဲနေသည်မှာနာရီပေါင်းသုံးနာရီကျော်ကြာပြီ ဖြစ်၏။ပြတင်းပေါက်မှလှမ်းမြင်နေရသည့်ကောင်းကင်၏ တရိပ်ရိပ်နှင့်ကျန်နေရစ်ခဲ့တဲ့မြင်ကွင်းကဝေဝါးမှုကို ဖန်တီးနေသည်။သူ့ဘေးခုံတွင် အိပ်မောကျနေသော မိန်းကလေးရဲ့နဖူးက ခရီးသွားခေါင်းအုံးအား မှီအိပ်နေသကဲ့သို့ သူ့ညာဘက်ပုခုံးပေါ်သို့စိတ်ရှုပ်ဖို့ကောင်း
အောင်လာပြီးထိကပ်နေ၏။

သူ စိတ်တိုတိုနှင့်ပခုံးကိုအနည်းငယ်တွန့်လိုက်လိုက်
သောအခါကျမှ လှုပ်လှုပ်ရှားရှားဖြစ်လာသောသူမရဲ့ခေါင်းအား လက်တစ်ဖက်ဖြင့် တွန်းဖယ်လိုက်သည်။
သို့သော်စက္ကန့်ပိုင်းအတွင်း ထိုမိန်းကလေးရဲ့ဦးခေါင်းကကျောက်ဆူးချထားသကဲ့သို့သူ့ပခုံးပေါ်ပြန်ကျလာသည်။

ထိုကဲ့သို့ဆက်တိုက် ဖြစ်လာသည်နှင့်အမျှ ,ထိုမိန်းကလေးသည် အိပ်မောကျနေတာ မဟုတ်ပဲ
ကိုမာဝင်နေခြင်းလို့သာကျန်ချန်မှတ်ယူလိုက်၏။

စိတ်ရှုပ်စရာကောင်းလိုက်တာ !!

သူ့လက်တွင်းသို့ ရထားလက်မှတ် ရောက်လာသည့်အချိန်မှစ၍  နာရီကိုမကြည့်မိခဲ့ခြင်းဖြစ်တာကြောင့် ဘူတာရုံသို့ ရောက်လာသည့် တိုင်အောင်၊ ဤအဖြစ်
အပျက်တစ်ခုလုံးက ​အချိန် မည်မျှ ကြာသွားမှန်း သူ
မသိချေ။သူတစ်ခါမှတောင် မကြားခဲ့ဖူးသည့်မြို့ဆီသို့ ခရီးရှည်ထွက်လာခဲ့ရသောကြောင့်,ဤမြို့အခြေ
အနေကို သူ ရေရေရာရာ မသိရပေ။

ဘဝက တကယ့်ကိုဆန်းကြယ်၏။

သူ့ဖုန်းကခြောက်ကြိမ်မြောက်တုန်ခါလာပြီးနောက်,
ကျန်ချန် လေပူတစ်ချို့အားမှုတ်ထုတ်ပြီး အင်္ကျီအိပ်ကပ်ထဲမှဖုန်းကိုထုတ်ပြီးကြည့်လိုက်သည်။

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း ]Where stories live. Discover now