PERFECT💙(Special Extra)

7K 399 10
                                    

Please play >>>Perfect🎶for this whole chapter💙

'မွ အချစ်ထတော့'
ကုတင်ဖြူလွလွပေါ်မှာ အိပ်မောကျနေတဲ့ အသည်းတုံးကြီးအား ပါးကြီးကိုညှစ်ကာ ညီဘုန်းမြတ်နှိုးလိုက်လေသည်

'အင်း မထချင်သေးဘူးကွာ လာ ညီလည်း ပြန်အိပ်'
ကုတင်စွန်းမှာထိုင်နေတဲ့သူ့ကိုခါးကနေဖက်ကာ အတင်းအိပ်ရာပေါ်ဆွဲလှဲနေတာကြောင့် ညီဘုန်းမြတ်ရဲ့ကိုယ်သေးသေးလေးမှာ မင်းခန့်ညားရဲ့လက်မောင်းတွေကြား ရုန်းကန်နေရလေသည်

'မဆိုးနဲ့ဗျာ ထတော့ လိမ္မာတယ် ဒီနေ့ဘာနေ့လဲသိတယ်မလား ထတော့နော်'
ပါး၂ဖက်ကိုလက်ဖဝါးသေးသေးလေး၂ဖက်ကအုပ်ကိုင်လာကာ အပြုံးလှလှလေးနဲ့ပြောလာတဲ့ကောင်လေးကိုကြည့်ကာ မင်းခန့်ညားနှစ်လိုသဘောကျစွာပြုံးလိုက်မိသည်
နေ့တိုင်း နေ့တိုင်း မနက်တိုင်း မနက်တိုင်း ပြုံးနေတဲ့မင်းမျက်နှာလေးကိုတွေ့ရတာ ငါ့အတွက်ဘယ်လောက်တောင် ကံကောင်းခြင်းလဲဆိုတာ မင်းဆံပင်လေးတွေကိုပွတ်သပ်ရင်း ပြောပြချင်တယ်

'Morning Kiss'
မျက်လုံးကိုမှိတ်ရင်း နှုတ်ခမ်းကိုစူကာ ခပ်ချွဲချွဲပြောမိတော့  ရယ်သံလွင်လွင်လေးကနားထဲကိုတိုးဝင်လာလေသည် မကြာမီ နှုတ်ခမ်းအစုံကနွေးထွေးခြင်းတစ်ခုနှင့်
မနက်ခင်းလေးဟာ လှပစွာပြည့်စုံသွားခဲ့လေသည်

'ဒီပုဆိုးလေး ဝတ်မှာလား'
ပုဆိုး အမည်းနဲ့အနီအကွက်စိပ်စိပ်လေးကို ထုတ်လာရင်းကြယ်သီးတပ်နေတဲ့ကိုယ့်ရှေ့မှာမတ်တပ်လာရပ်တဲ့သူဟာ ရှပ်အင်္ကျီအကွက်စိပ်စိပ်လေးကိုလက်တံတောင်ဆစ်အထိခေါက်ဝတ်ထားကာ ညှပ်ထားတာသိပ်မကြာသေးတဲ့ရှေ့ဆံပင်တွေကိုခပ်အုပ်အုပ်လေးချထားလေသည်

'အင်း ကိုယ့်ယောက်ျားလေးထုတ်ပေးတာပဲဝတ်ရမှာပေါ့ဗျ မဟုတ်ဘူးလား'

'ဟီး ဒါပေါ့ ကျွန်တော်ကဒါဝတ်စေချင်လို့ ဒါကိုထုတ်လာတာကို'
သူ့ဘာသာပြောပြီး မျက်လုံးလေးတွေမှိတ်ကျသွားတဲ့အထိ သဘောတကျရယ်မောနေတဲ့ကောင်လေးကို ခပ်ကြမ်းကြမ်းပဲဆွဲပွေ့ဖက်လိုက်ကာ ပါးနုနုလေးတွေကိုနှာခေါင်းနစ်ဝင်သွားအောင်အထိ ဘယ်ပြန်ညာပြန်နမ်းလိုက်မိသည်

Mistakes!Where stories live. Discover now