Chapter - 75 ( Kiss 💑💕💕 )

42.6K 5.8K 1.1K
                                    

#Unicode

ရောင်စုံပန်းခင်းကြီးထဲမှာ ဖန်းဂူတစ်ယောက် ငွေရောင်အနားကွတ်ထားတဲ့ ထက်မြတ်လှတဲ့ မရဏဓားကိုကိုင်ဆောင်လျှက် ပန်းခူးဖို့ကြိုးစားနေတယ် …

ဆိုးတာက သူ့လက်ထဲက ဓားနဲ့ထိလိုက်တဲ့ပန်းပင်တိုင်းဟာ ပျက်စီးကုန်ကြတယ် … ဒါပေမဲ့လက်မလျော့ခဲ့ဘူး … သူဟာ လက်တစ်ဆုပ်မျှပန်းစည်းတစ်ခုရအောင်မနည်းကြိုးစားနေရရှာတယ် …

ပတ်ဒိုမင်းဟာ ဖန်းဂူရဲ့အကြီးမားဆုံးရန်သူဆိုပေမဲ့ ခုလိုမျက်နှာခြင်းဆိုင်တွေ့ရတော့ တချိန်က သွေးသံရဲရဲနဲ့မြင်ကွင်းက ဖန်းဂူအာရုံထဲပေါ်လာပြီး ခြောက်လှန့်နေခဲ့တယ် … ဖခင်ကိုသတ်မိ၍ ယူကြုံးမရဖြစ်ကာ ငိုကြွေးနေတဲ့ မင်းယွီရဲ့ပုံရိပ်တွေကိုမြင်မိတော့ ဖန်းဂူနာကျင်လာခဲ့တယ် …

ဒါတွေကို ကြေအေးဖို့ သူ့ဘက်ကစပြီး ခွင့်လွှတ်ဖို့ တောင်းပန်ရန်လိုအပ်သည်မို့ အကြံဉာဏ်တောင်းကြည့်တဲ့အခါ ချူးရှန့်က ရုပ်ရှင်တွေထဲကလို ပန်းစည်းလှလှလေးနဲ့တောင်းပန်ဖို့ပြောလာတယ် … ထိုအခါ လုယီလေးကပါ ပန်းခင်းထဲကပန်းတွေကိုခူးကာ သူကိုယ်တိုင်အလှဆင်ပေးမယ်ဆိုကာ သားအဖ ၂ ယောက်ပေါင်းကြံနေခြင်းပင် …

လုယီလေးက ခုံပေါ်ကနေရပ်ပြီး ပန်းခင်းထဲကဖန်းဂူကိုတစ်လှည့် လူလာမလာ အနောကိုလှည့်ကြည့်ရင်း ကင်းစောင့်ပေးနေတယ် … ထိုစဉ် ဒီနေ့အတွက် ပန်းရောင်းဖို့ လာခူးတဲ့မင်းယွီကိုတွေ့တဲ့အခါ လုယီလေးဘာလုပ်ရမည်မသိဖြစ်သွားပြီး သူ့ပါပါးပန်းခင်းစီမရောက်မှီ ရှေ့ကနေကြိုတားလိုက်တယ် …

" ပါပါး "

" လုယီ … ဒီကိုဘယ်လိုရောက်နေတာတာလဲ ,…

Boss မရှိဘူးလား "

" သူနယ်ချင်းBossလား … ပြင်ပြင်သွားတယ် "

" အလုပ်ကိစ္စရှိလို့တဲ့လား …

ဘာမှလဲပြောမသွားပါဘူး "

" ပါပါးလာ … YiYiနဲ့ ကချားမယ် "

အိမ်မှာက လူကြီးတွေအားလုံး လုယီမွေးနေ့လေးပြင်ဆင်ဖို့ လက်ဆောင်တွေဝယ်ရင်း အပြင်သွားကြတယ် … ချူးရှန့်နဲ့ရှန်ဝေကလဲ အလုပ်မှာ အစောင့်တွေလက်ထဲကိုလဲ သားလေးကိုမအပ်ထားချင်ဘူး … ဒါပေမဲ့ ခု အလုပ်ကရှိနေသေးတယ် …

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now