၁၁၀။

2.4K 296 5
                                    

❤စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး❤

အပိုင်း ၁၁၀။

' အခုတော့ အပြင်ထွက်လာတဲ့ ဆိုးကျိုးကို ခံစားရတော့မယ်မလား....ချင်းယီရဲ့..... နင့်ယောင်္ကျားက ကမ္ဘာပေါ်မှာ ဒေါသအကြီးဆုံးလူသားဆိုတာ မေ့သွားပြီလား....'

လုချင်းယီတစ်ယောက် ကိုယ့်ကိုယ်ကို အပြစ်တင်ရင်း သက်ပြင်းသာချနေ၏။ ရှန်းစံအိမ်မှာနေရတာလည်း အိမ်မှာလောက် သက်သောင့်သက်သာမရှိဘူးလေ...၊ သူမကတော့ သူတို့နှစ်ယောက်ရဲ့  သီးသန့် ကမ္ဘာ​လေးဖြစ်တဲ့  အိမ်လေးကိုသာ ပြန်ပြီး ပုံမှန်အတိုင်း အချိန်တွေကို ကုန်ဆုံးချင်သည်။

ထို့နောက် ချင်းယီမောင်းလာတဲ့ ကားက ရှန်းစံအိမ်ရဲ့ ဂိတ်တံခါးကနေ အထဲကို ဝင်လာပြီး ကားတွေထားတဲ့ နေရာကို ရောက်လာ၏။
ရှောင်လန်နဲ့ ချင်းယီတို့နှစ်ယောက်လုံး ကားပေါ်က ဆင်းလာတော့ အစေခံတစ်ယောက်က သူမတို့ဆီကို ပြေးလာပြီး အိတ်တွေကို ဝိုင်းသယ်၏။

" ဘယ်လို လုပ်ရမလဲဆိုတာကို သိပြီ....ချင်းချင်း...၊ ငါတို့နှစ်ယောက်လုံး ထွက်ပြေးရအောင်..
.....ငါ့ယောင်္ကျားကလည်း ခရီးသွားနေတယ်....ရှန်းရီက နင့်ကို ဝါးစားတော့မယ်ဆိုတာကို ငါကျိန်ပြောရဲတယ်.....''

ချင်းယီက ရှောင်လန်ကို သေချာကြည့်လိုက်ပြီး ပြုံးလိုက်ကာ....

" ဒီမှာ ရှောင်လန်....၊ ကျွန်မက ရှောင်လန်ကိုချစ်တယ်....အရာရာတိုင်းကိုလည်း ဂရုစိုက်တယ်....တကယ်လို့ ကျွန်မတို့ထွက်ပြေးရင် ရှန်းရီက ကျွန်မကို မတွေ့တွေ့အောင်လိုက်ရှာပြီး အမဲဖျက်မှာပေါ့......ဒါပေမယ့်.... .ရှောင်လန်က ကျွန်မကြိုက်တဲ့ပုံစံမျိုးမဟုတ်ဘူး....!.''
ချင်းယီက  ဇာတ်လမ်းတွဲကလို သမီးရည်းစားတွေ ခိုးမပြေးခင် ပြောဆိုတဲ့ စကားလုံးတွေသုံးကာ ပြန်စလာ၏။

" အို....ဟားဟား....''
ရှောင်လန်က....ကျယ်လောင်စွာ ရယ်လာလေ၏။

" ဒါဆို ဘယ်လိုပုံစံမျိုးကြိုက်လဲ....? အရပ်မြင့်မြင့် အသားညိုညို ရုပ်ချောတဲ့သူလို့တော့ လာမပြောနဲ့နော်....''

လုချင်းယီ...စဉ်းစားလိုက်၏။ ငါလည်း အဲ့လို တစ်ခါမှမတွေးဖူးပါလား.....

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၁)  ( ဘာသာပြန်- Zawgyi +Unicode)Where stories live. Discover now