.. ၁၆၆ ..
8.9K 1K 50
《Zawgyi》
အပိုင်း - ၁၆၆
[သူ ဒီည ဧည့်သည်ခန်းမှာ အိပ်နိုင်တယ်-၁]
ရှန်ဝမ်းယန့်က အတန်ကြာ တုံ့ဆိုင်းနေမိပြီးမှ သဘောတူလိုက်သည်။ ထို့နောက်မှာ သူမက သူ့အား ခါးသီးစွာ မော့ကြည့်လျက် ခေါ်လိုက်ပါ၏။
"ချန်းသခင်လေး"
မရင်းနှီးသည့်နာမ်စားက နှုတ်မှထွက်သွားပြီးသည်နှင့် ရှန်ဝမ်းယန့်ရဲ့ မျက်ဝန်းတွေက နီရဲလို့လာသည်။ ကျွန်မတို့က အရင်လို ပြန်မဖြစ်နိုင်တော့ဘူးပေါ့ ... ပြန်မဖြစ်နိုင်တော့ဘူး ....
သူမရဲ့ချန်းစီနျန်ဟာ ဟိုးအဝေးကြီးဆီသို့ ဝေးလွင့်သွားခဲ့လေပြီ။ သူ့နှလုံးသားဟာ သူမနှင့်အတူ လုံးဝမရှိတော့ပေ။ သူ့အကြည့်ကပင်လျှင် သူမပေါ် ထပ်မကျရောက်လေတော့။ အရင်ကလို ရိုးရိုးသားသား အကြည့်ကိုပင် သူမ ဆက်ပြီး မရရှိနိုင်တော့ပြီ ဖြစ်လေရာ...
ရှန်ဝမ်းယန့် နင်ရှုံးသွားပြီ။ နင် တကယ်ကြီး ချင်းစုယွဲ့ကို ရှုံးသွားတာ။ အစထဲက ဒီကမ္ဘာကို နင်နဲ့ချန်းစီနျန်အတွက် ဖန်တီးပေးထားတာတောင်မှ နင်ကတော့ ရှုံးနေမြဲပဲ။
ရှန်ဝမ်းယန့်တစ်ယောက် သူ့နှုတ်ခမ်းသူကိုက်နေလျက် သနားစဖွယ် ဖြစ်နေသည့် ပုံစံကို ချန်းစီနျန် တွေ့လိုက်ရတော့ စိတ်မရှည်တော့ပေ။
"ရှန်မိန်းကလေး ... မင်း ပြောစရာရှိတယ်ဆိုရင် ပြောပါ"
ရှန်ဝမ်းယန့်က အတော်ကြာ တုံ့ဆိုင်းနေ၏။ သူမရဲ့လည်ချောင်း၌ တစ်ဆို့နေသည့် အစိုင်အခဲကို မြိုချလျက် ချိုသာပျော့ပြောင်းစွာ ပြောလာသည်။
"ကျွန်မ ရှီရှီနဲ့ သွားတွေ့လာတယ် ... သူပြောတာက ဒီကမ္ဘာဟာ တကယ်မတည်ရှိဘူး ... သူရေးခဲ့တဲ့ စာအုပ်တစ်အုပ်ပဲတဲ့ ... ရှင်နဲ့ကျွန်မက ဒီကမ္ဘာရဲ့ အဓိကဇာတ်ဆောင်တွေဖြစ်ပြီးတော့ ချင်းစုယွဲ့ကြောင့် ဒီကမ္ဘာရဲ့လမ်းကြောင်းက တစစီပြောင်းလဲသွားခဲ့တယ် ... အဲ့တာကြောင့် အားနျန် .. ချင်းစုယွဲ့က တကယ့်ချင်းစုယွဲ့အစစ် လုံးဝမဟုတ်ဘူး!"
ချန်းစီနျန်ဟာ လူကြီးလူကောင်းတစ်ယောက်ဟန် ထိန်းသိမ်းလျက် သူမ ကရားရေလွှတ် ပြောသမျှကို နားထောင်နေလေ၏။ သူမရဲ့ "အားနျန်"ဟု ခေါ်သံကိုကြားရတဲ့အခါမှာတော့ မျက်ခုံးအနည်းငယ်ပင့်ကာ မျက်ဝန်းအိမ်တွေက နက်မှောင်လို့လာသည်။ ရှန်ဝမ်းယန့်က သူမ ဘာမှားသွားတာလဲဆိုတာကို ချက်ချင်း နားလည်လိုက်ပြီး သူ့အမှားသူ ပြန်ပြင်သည်။
"ချန်းသခင်လေး ... ကျွန်မ ပြောခဲ့သမျှတွေ အကုန်လုံးက အမှန်တွေပါပဲ!"