15

5.1K 352 14
                                    

"မာမီ အခုတလောကျန့်ကဟိုကောင်လေးနဲ့ခဏခဏတွေ့နေသလိုပဲ"

"ဘယ်ကကောင်လေးလဲသမီး"

"ဟာ မာမီကလဲမေ့တတ်လိုက်တာ ဟိုတစ်ခါ luxury ပစ္စည်းတွေဝယ်တဲ့ဆိုင်ကကောင်လေးလေ"

"အော် ဖြူဖြူသေးသေးကောင်လေးကိုပြောတာလား"

"ဟုတ်တယ်"

"ကျန့်ကသမီးကိုဘာမှမပြောဘူးလား"

"အဲ့ကောင်လေးက company မှာအလုပ်လာလျှောက်ဖူးတယ်တဲ့။ကလေးတစ်ယောက်အဖေ။single father တဲ့လေ"

"သမီးကိုသားကျန့်ကပြောပြတာလား"

"ဟုတ်တယ်လေမာမီရဲ့"

"သမီးကဘာတွေစိတ်ပူနေတာလဲသူကကလေးအဖေလေ။နောက်ပြီးတော့ယောက်ျားလေး။သားကျန့်နဲ့ကရိုးရိုးသားသားနေမှာပါ"

"မာမီကဘာသိလို့လဲ အလုခေတ်က LGBT ခေတ်လေ တောင်အဲ့ကောင်လေးဘက်ကကြိုက်နေရင်ဘယ်လိုလုပ်မလဲ။နောက်ပြီးကျန့်ကချမ်းသာတော့အပိုင်ဖမ်းချင်နေမှာပေါ့"

"သမီးပြောတာလဲဖြစ်နိုင်တာပဲ အဲ့တာဆိုမာမီတို့ဘာလုပ်ကြမလဲ"

"သမီးတို့အဲ့ကောင်လေးကိုသွားတွေ့ရင်ကော"

"သွားကြတာပေါ့"

'ကောင်လေးရေ ကျန့်ကငါ့အပိုင် ကျန့်ကိုအပိုင်ဖမ်းချင်မနေနဲ့ ကျန့်ကငါ့အပိုင်'

မျန်မျန်စိတ်ထဲကျိန်းဝါးနေသည်။

××××××××××××××××××××××××××××

ရှောင်းကျန့်လဲရိပေါ်အကြောင်းတွေသိပြီးတဲ့နောက်ပိုင်းရိပေါ်ကိုမတွေ့ဖြစ်။
လုပ်ငန်းအသစ်တွေထပ်ချဲ့ထွင်နေတော့အလုပ်တွေတအားရှုပ်နေလေသည်။

'ဒီနေ့တော့ ဝမ်ဝမ်လေးရဲ့ကျောင်းမှာသွားစောင့်ရမည်။အဲ့တာဆိုသားသားနဲ့လဲတွေ့။ရိပေါ်နဲ့လဲတွေ့။သူတို့မိသားစုသုံးယောက်စားသောက်ဆိုင်သွားပြီးသားသားစားချင်တာဝယ်ကျွေးရမည်။*မိသားစု* ဟုတ်တယ် မိသားစုဆိုတဲ့အသုံးအနှုန်းလေးကြောင့်ရှောင်းကျန့်အရမ်းကြည်နူးမိသည်။'

"CEO Xiao လက်မှတ်‌လေးထိုးပေးပါအုံး"

"ပေးပေး ဒီနေ့ဘာတွေလုပ်စရာရှိသေးလဲ"

I Like Your Body Scent❤️💚(Complete)Tempat cerita menjadi hidup. Temukan sekarang