၁၁၂။

2.4K 289 7
                                    

❤စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး❤

အပိုင်း ၁၁၂။

ရက်အနည်းငယ် ကြာပြီးနောက်......

ရှန်းရီနဲ့ လုချင်းယီတို့နှစ်ယောက်လုံး အိမ်ကို အမွှာလေးတွေ လာမှာဖြစ်တဲ့အတွက် မနက်ကနေ နေ့လည်အထိ အိမ်သန့်ရှင်းရေးတွေလုပ်....ကလေးတွေကို ထိခိုက်စေမယ့်အရာမှန်သမျှကို ဖယ်ရှားနေကြသည်။

သူတို့ရဲ့ ညဘက်ကိစ္စတွေကို ကလေးတွေမကြားရအောင်လို့ ရှန်းရီ အလုပ်ခန်း​ဘေးက အခန်းပိုကို ရွေးချယ်ဖြစ်ကြ၏။ထို့နောက် အခန်းပိုကို ပြင်ဆင်ဖို့အတွက် အပြေးလေး ဈေးထွက်ကြရပြန်သည်။

........

" ချင်းယီ.....ထတော့...၊ ကိုယ်တို့အိမ်ပြန်ရောက်ပြီ.....''
ရှန်းရီက သူမပုခုံးကို လှုပ်ကာ နှိုးလေ၏။စောစောတုန်းက သူမကိုမနှိုးရက်လို့ သူ့ရဲ့ အိပ်ပျော်နေတဲ့ အလှလေးကို ငေးကြည့်နေသေးသည်။ ဒါပေမယ့် မနှိုးလို့လည်း မရ.... သူမကို ဒီညစောစောပေးအိပ်ရမယ်ဆိုပြီး စတင်လှုပ်နှိုးလာခြင်းပင်။

လုချင်းယီတစ်ယောက် မျက်နှာမဲ့လာကာ ဘာတွေ ရေရွတ်မှန်းမသိဘဲ ပြန်အိပ်ပျော်သွားပြန်သည်။ ရှန်းရီအဖို့ သူမကိုနှိုးရတာ...သိပ်ပြီး မလွယ်ကူနေပေ။

နောက်ဆုံးတော့ သူမကို ကားထဲကနေ ချီထုတ်လာပြီး အိမ်ထဲမှာလည်း မဒမ်ဂျင်ရှိနေသည့်အတွက် တံခါးဖွင့်တာတွေအတွက် အဆင်ပြေသွားပေသည်။ ထို့နောက် သူမကို အိပ်ခန်းထဲ ချီလာကာ ကုတင်ပေါ်မှာ လဲလျောင်းစေသည်။
သူမ....အိပ်နေတဲ့ပုံစံကိုကြည့်ပြီး  ရှန်းရီ ပြုံးလိုက်၏။ ဒီမိန်းကလေးကို စတွေ့တဲ့အချိန်ကစပြီး စိတ်ဝင်စားစရာတွေ..... ကြည်နူးစရာတွေ...ပျော်စရာတွေကို သူရှာတွေ့ခဲ့တယ် မဟုတ်ပါလား.....

ရှန်းရီ.....လက်ထဲကနာရီကို တစ်ချက်ကြည့်လိုက်ပြီး...... အမွှာလေးတွေမရောက်ခင်...သူမကို တရေးလောက် ပေးအိပ်မယ်ဆိုပြီး ဆုံးဖြတ်လိုက်၏။

ပြီးနောက် သူမရဲ့ ဖိနပ်ကိုချွတ်ပေးလိုက်ကာ  စောင်ခြုံပေးလိုက်ပြီး  မပြီးပြတ်သေးတဲ့ အလုပ်တွေကို ပြင်ဆင်ဖို့ အခန်းထဲကနေ ထွက်သွားတော့သည်။

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၁)  ( ဘာသာပြန်- Zawgyi +Unicode)Where stories live. Discover now