အပိုင်း-၁၉ (Unicode)

8.3K 1.1K 126
                                    


 "စာကျက်ဖို့ဆို ခုနှစ်နာရီမှ ခုနှစ်နာရီကွက်တိဘဲနော်။ နည်းနည်းမှကို မစွန်းဘူး။"

ခုနှစ်နာရီကွက်တိထိုးမှ စာကြည့်ဝိုင်းထဲ ရောက်လာတဲ့ ထက်မာန်ဦးကို မိုးဝေက ချီးကျူးထောပနာပြုကြသည်။

"အဲ့တာအချိန်နဲ့ တပြေးညီအလုပ်လုပ်တတ်တယ်လို့ ခေါ်တယ်။သားကြီးရဲ့။"

ထက်မာန်ဦး မိုးဝေကို ခပ်ရွဲ့ရွဲ့လေး ပြန်ပြောလိုက်ရင်း ဝင်ထိုင်ဖို့ ပြင်တော့ လွှမ်းရှိနေတဲ့ စာကြည့်ဝိုင်းက လူပြည့်သိပ်ညပ်နေပြီဖြစ်သည်။

လူဆယ့်ရှစ်ယောက်အတွက် စားပွဲဝိုင်းသုံးဝိုင်း ချထားပေးကာ သူ့အစုနှင့်သူ စာလုပ်ရမည်ဖြစ်သည်။ သို့သော် လွှမ်းထိုင်နေတဲ့ ၀ိုင်းမှာက လူကခုနှစ်ယောက်တောင်ဖြစ်နေတာမို့ ဝင်ထိုင်စရာ နေရာလွတ်မရှိတော့။

"ဟိုဘက်နည်းနည်းတိုးပေး။ငါဒီမှာထိုင်မလို့။"

ထက်မာန်ဦး လွှမ်းနှင့် စိုင်းဝေယံကြားမှာ ဝင်ရပ်လိုက်ပြီး စိုင်းဝေယံကို ဟိုဘက်တိုးခိုင်းလိုက်သည်။ ပြီးလျှင် ထက်မာန်ဦးကလွှမ်းနှင့် စိုင်းဝေယံကြား ဝင်ထိုင်မည်ပေါ့။ သို့သော် စိုင်းဝေယံက လက်မခံ။

"ဟိုဘက်ဝိုင်းမှာနေရာလွတ်တွေရှိနေတာဘဲ။ အဲ့မှာသွားထိုင်။"

ဟာ။ ဒီကောင်ကတော့။

စိုင်းဝေယံသည် ထက်မာန်ဦးကိုပင် မော့မကြည့်ဘဲ သချင်္ာမေးခွန်းဟောင်းတွေကို တွက်ရင်း ပြန်ဖြေသည်။ စိုင်းဝေယံ ဟိုဘက်ကလေး နည်းနည်း တိုးပေးလိုက်လျှင် ထက်မာန်ဦး ထိုင်ဖို့ နေရာရသွားမည်ဖြစ်သော်လည်း စိုင်းဝေယံသည် သူ့ကိုယ်လုံးအကြီးကြီးနှင့် တမင်ပင် ဖြဲကားထိုင်နေလေသည်။ စိုင်းဝေယံ တမင်သပ်သပ်ကို ညစ်နေမှန်း ထက်မာန်ဦးသိသည်။ ဒီနေ့ညနေမှ အဆင်ပြေမလိုရှိနေသေးတာကို ဒင်းက ဗွေပြန်ဖောက်လာပြန်ပြီ။

"ဟိုဘက်မှာမထိုင်ချင်လို့ပေါ့။မင်းဖယ်ပေးမှာလား။ မဖယ်ပေးဘူးလား။"

"မဖယ်ပေးဘူး။"

"တကယ်မဖယ်ပေးဘူးလား။"

AFFECTION-နှောင်ကြိုး(နှောင်ကြိုး)Where stories live. Discover now