Arc(2.14)

8.5K 1.4K 4
                                    

Unicode

Arc(2.14) - Saint Magus

ကောင်းကင်မှာတိမ်တစ်ခုတစ်လေ တောင်မရှိပဲနေရောင်ကမိုင်တစ်ထောင် လောက်ထိတောက်ပစွာထွန်းလင်းနေ လေသည်။

မှော်ဝတ်စုံများကိုဝတ်ဆင်ထားသည့် လူငယ်တစ်ထောင်လောက်ကကန်အနီးရှိ အစိမ်းရောင်မြက်ခင်းပေါ်တွင်မတ်တပ် ရပ်နေကြပြီးစိန့်ဟယ်လာအကယ်ဒမီ သို့တက်ရောက်နိုင်ရန်နောက်ဆုံးစမ်းသပ် မှုမတိုင်ခင်တွင်စုဝေးနေကြသည်။လက်ရှိ အခြေအနေကဟိုတစ်ခေါက်ကပုံစံနှင့် တူညီသော်လည်းမတူညီတာကသူတို့က အခုအကယ်ဒမီသို့ဝင်ရောက်ပြီးနေကြပြီ ဖြစ်ပြီးစာသင်နှစ်အဆုံးရဲ့အကဲဖြတ်မှု ကိုခံကြရမှာဖြစ်သည်။

ထိုမျှသာမကဘယ်တပည့်မှတစ်ခြား တပည့်များရဲ့သတ်မှတ်ထားသော ပစ္စည်းများကိုလုယူခွင့်မရှိဘဲအကယ်၍ လုယူခံလိုက်ရသည်နှင့်အလုခံလိုက်ရ သည့်တပည့်ကစမ်းသပ်မှုကိုကျဆုံးမည် သာမကအတင်းအကျပ်လုယူသည့် သူသည်လည်းထုတ်ပယ်ခံရမှာဖြစ်သည်။ ထို့ကြောင့်ဒီတစ်ခေါက်မှာတော့တပည့် များအားလုံးမှော်သားရဲတောင်တန်းသို့ အတူတကွဝင်ကြမှာဖြစ်သည်။

ထို့အပြင်ဒီတစ်ခေါက်ရဲ့အချိန်အကန့် အသတ်ကတစ်လဖြစ်ပြီးအရင်တစ် ခေါက်ကထက်နှစ်ဆပိုကြာရှည်သည်။

အဲလ်ဗစ်ကလူအုပ်ရဲ့နောက်မှအလျင် မလိုစွာဖြင့်နှေးကွေးစွာလိုက်ပါနေဆဲ ဖြစ်ပြီးသူကထိုစမ်းသပ်မှုအတွက် အနည်းငယ်မျှသောတင်းကြပ်မှုကို ပင်မခံစားရပေ။

တေလ်းကလည်းလူအုပ်နောက်မှာ မတ်တပ်ရပ်နေပြီးအေးအေးဆေးဆေး လမ်းလျှောက်နေသောအဲလ်ဗစ်အား ကြည့်နေကာသူ့မျက်လုံးများကနားမ လည်နိုင်လောက်သည့်အရောင်တစ် ခုဖြင့်တောက်ပနေပြီးမှမျက်လွှာပြန်ချ လိုက်ပြီးအဲလ်ဗစ်နောက်မှတိတ်တဆိတ် လိုက်ပါသွားလိုက်သည်။

သူတို့မှော်သားရဲတောင်တန်းထဲသို့ ဝင်သွားပြီးအကွာအဝေးတစ်နေရာသို့ ရောက်သောအခါသူကသူ့ရဲ့မှော်ဝတ်ရုံ ထဲမှမှော်ဆန်သောပတ်ဝန်းကျင်ရှိသည့် ကျောက်တုန်းတစ်တုံးအားထုတ်ယူ လိုက်သည်။အကယ်၍ဒီပစ္စည်းကို သိသည့်သူသာမြင်ရင်ဒါကဝေါ့အင်ပါယာ ရဲ့ဆက်သွယ်ရေးကျောက်တုံးဆိုတာ သေချာပေါက်သိနိုင်သည်။

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now