extra 4

52.9K 3.3K 110
                                    

ဗေဒင်မေးရင် ဆန်ကုန်မယ်လေ ...

ပြန်မဆုံနိုင်သရွေ့မျှော်နေမယ် အချစ်ရေ ...

နင်ပြန်လာမယ် ယုံကြည်နေလို့ ၊ သိပ်ရက်စက်မယ်မထင်လို့ ...

ရာပြည့်သည်မှန်ရှေ့မှာရပ်နေရင်း သီချင်းသံကိုခပ်တိုးတိုးညည်းဆိုကာ သူ့ရဲ့ဆံပင်ကိုသေချာလေးပုံသွင်းနေလိုက်သည် ။ ပူတူးလေးကိုလက်ပေါ်တင်လျှက် ခိုင်မြဲကသူ့ကိုအနောက်ကနေကြည့်နေကာ မျက်နှာကအလိုမကျဟန်နှင့် ။

" ဒီနေ့ပူတူးလေးကို ကစားကွင်းလိုက်ပို့ပေးမယ်လို့ကတိပေးထားတယ်လေ ၊ ဒါကဘယ်ကိုလဲ "

" ဒီနားတစ်ချက်ပဲ ၊ တစ်နာရီလောက်ပဲကြာမယ် ၊ ပြီးရင်ကစားကွင်းသွားကြတာပေါ့ ၊ အခုကချိန်းထားပြီးသားဖြစ်နေလို့ပါ "

" ဘယ်သူမို့လဲ "

ခိုင်မြဲကရာပြည့်အား ဘောက်ဆတ်ဆတ်နဲ့မေးလိုက်သည် ။ ရာပြည့်သည်ပူတူးလေး၏ ဖောင်းကစ်ကစ်ပါးကိုတစ်ချက်ညစ်ပြီး စကားလမ်းကြောင်းလွဲသည် ။

" မိတ်ဆွေဟောင်းတစ်ယောက်ပါ ၊ ပါပါးအပြင်ခဏထွက်ဦးမယ်နော် ပူတူးလေး ၊ ပြန်လာရင်လျှောက်လည်ကြတာပေါ့ "

" ဟုတ်ကဲ့ ပါပါး "

ရာပြည့်၏အဖြေကြောင့် ခိုင်မြဲမှာမတင်မကျဖြစ်ကာ အီလည်လည်နှင့်ကျန်ခဲ့သည် ။ ဘယ်သူဘယ်ဝါလဲဆိုတာ အတိအကျမေးလိုက်ချင်ပေမယ့် သဘောထားသေးသိမ်တယ်ဖြစ်မှာစိုးလို့ ဆက်မမေးဘဲနေလိုက်ပေမယ့် ရာပြည့် အိမ်အပြင်ဖက်ကိုရောက်သွားတာနဲ့ ချက်ချင်းပင်ပူတူးလေးကို အပြင်ဝတ်အင်္ကျီဝတ်ပေးကာ ဦးထုပ်ဆောင်းပေးပြီး ဆင်တူမျက်မှန်အနက်တပ်ဆင်လျှက် ကားသော့ယူပြီးထွက်လာလိုက်သည် ။ နောက်ယောင်ခံလိုက်တာမျိုးမဟုတ်ပေမယ့် ပုံမှန်မိတ်ဆွေတစ်ယောက်နဲ့တွေ့ဆုံဖို့ကို သေချာပြင်ဆင်သွားတဲ့ ရာပြည့်ကြောင့်သ၀န်တိုတယ်လို့ ပြောဖို့သင့်လား ။ ဘာပဲဖြစ်ဖြစ် စိုးရိမ်ပြီးစိတ်မချတာတော့အမှန် ။ သူ့ထက်အသက်ပိုကြီးပေမယ့် ပိုပိုနုလာတဲ့ရာပြည့်အား အချိန်တိုင်းသ၀န်တိုစိတ်မချဖြစ်နေရတာအမောပင် ။ သူတို့နှစ်ဦးကြားမှာပြသနာသိပ်မရှိပေမယ့် ရှိလာတဲ့ပြသနာအသေးအဖွဲတိုင်းက သူသ၀န်တိုလို့ဖြစ်တာချည်းပင် ။

If only we breakup .. (Z+U) ( Completed)Where stories live. Discover now