Chapter-8

23.2K 2.2K 82
                                    

Unicode

အခြားလူတွေအရှေ့မှာလည်း..
ခေါ်နေကျအတိုင်း မောင် လို့ပဲခေါ်ပါ။

                            **********

ကားမှတ်တိုင်တွင် ဖြစ်​၏။

"ကိုကိုလိုင်းကားစီးချင်တာ သေချာရဲ့လား"

မောင်က ကိုကို့ကိုကျောင်းလာကြိုတော့
ကားဌားမပြန်ဘဲ လိုင်းကားစီးချင်ပါတယ်
ဆိုတာကြောင့် ကားမှတ်တိုင်ကို ရောက်နေ
ခြင်းဖြစ်သည်။မောင့်ကားကိုပြင်ထားတာ
သုံးလေးရက်နေမှပြန်ရမည်မို့ ကျောင်းသွား
ကျောင်းပြန် Taxiဖြင့်သွားနေရခြင်းလည်းဖြစ်သည်။ကိုကိုမှ ဘေးပတ်ဝန်းကျင်သို့
တစ်ချက်ကြည့်ကာ မောင့်အား ကြည့်လာ၍ ပြန်ဖြေသည်။

"အင်း တကယ်စီးဖူးချင်လို့"

ရာသီဥတုက ပူပြင်းလှတာကြောင့်
နှစ်ယောက်စလုံးချွေးတို့ ထွက်သည်။
အမှန်တော့ မောင် ထိုသို့သောအခြေအနေကို သဘောမကျပါလေ။ပူအိုက်အိုက်နှင့်စီးရမည့်
ကားကို စောင့်နေရသည်မှာ ငရဲလို့ပင်ထင်မှတ်
ပစ်တာ မကြာခဏဆိုသလိုပင်။
ကိုကိုက စီးချင်နေတော့လည်း စိတ်ချမ်းသာ
အောင်လိုက်စီးပေးတာလည်းဖြစ်သည်။

"ကိုကို ဒီဘက်လှည့်"

မောင့် အသံကြောင့်လှည့်ကြည့်ဖြစ်တော့
တစ်ရှူးဖြင့် မျက်နှာသို့ချွေးသုတ်ပေးလာသည်။
မျက်မှန်ကို ချွတ်ပေးမိတော့ မောင်က သဘော
တကျရယ်သည်။

နီးကပ်နေတဲ့အနေအထားမို့ ရင်တွေခုန်
လိုက်တာ မောင်ရယ်။ပြုစားနိုင်လွန်းပါတယ်။

ကားမှတ်တိုင်မှာ ဂရုတစိုက်နဲ့ချွေးသုတ်ပေး
မိတော့ တချို့ကောင်မလေးတွေက မသိမသာ
ကြည့်ကာ တီးတိုးပြောရင်းပြုံးကြသည်။
ဘယ်ကားစီးရမယ်ဆိုတာ မူယာ့ကိုမေးထားလို့
သာတော်ကာကျပေသည်။

"မူယာ့ကို မေးထားရတယ်"

မူယာဆိုတဲ့ နာမည်ပါလာတာနှင့်တစ်ပြိုင်နက်
မောင့် မျက်ခုံးတို့က တွန့်ချိုးလာသည်။
ခဏ..ဒါ မောင်သဝန်တိုသွားတာလား။
မဖြစ်နိုင်ပါဘူးလို့သာ စိတ်ကိုဖြေလျှော့ချ
လိုက်ရသည်။ဒီထက် လောဘတက်မိလို့လည်း
မဖြစ်ပါ။ဒါ ကျေးဇူးရှင်ရဲ့ သား။

ချစ်ရပါသောမောင် (ချစ်ရပါသောမောင် ){Completed}Where stories live. Discover now