Chapter-9

22.2K 2.1K 46
                                    

Unicode

ရင်ခုန်သံတွေကများ ရောထွေးနေခဲ့သလား။
ဒီရင်ခုန်သံမှာ မင်းကပြောတယ်..
မျက်ရည်တွေက ရင်ကို အောင့်သက်စေတယ်တဲ့။

************

မိုးသည်းနေတဲ့ ညတစ်ညပေါ့။
လျှပ်စီးတွေလက်၊မိုးတွေခြိမ်းလို့ မီးကလည်း
ပျက်သည်။

ကိုကို စာလုပ်နေရင်းမီးပျက်သွားတော့
ဖုန်းရှိရာသို့ လက်စမ်းယူလိုက်ပြီး ဖုန်းမီးကို
ဖွင့်ရသည်။လုပ်လက်စ စာကို လက်စသတ်ပြီး
မောင့်အခန်းဆီကိုလည်း သွားမိသည်။မောင်များ အိပ်ပျော်နေပြီလား။

"မောင် ငါဝင်လာလို့ရမလားဟင်"

ကိုကို့ဆီ မီးအိမ်ယူပြီးသွားဖို့ ပြင်နေတုန်း
အခန်းအပြင်ဘက်မှ အသံငယ်တစ်ခုကိုကြား
သည်။အသံပေး၍ ဝင်လာဖို့လည်း ပြောရသည်။

"ဝင်လာခဲ့လေ ကိုကို"

"မောင် အိပ်နေပြီတောင်ထင်နေတာ"

ကိုကိုက ကုတင်ပေါ်ရှိအရုပ်ကိုပိုက်ပြီး
ဝင်ထိုင်လာသည်။အသက်နှစ်ဆယ်ကျော်
ဆိုတာ မှတ်ပုံတင်ပြမှသာယုံရပေမည်။
ချည်ထည် ကာတွန်းဝမ်းဆက်နှင့်ချစ်ဖို့ကောင်း
နေတာလည်း ဟုတ်သည်။

"မောင် ဘာလို့ငြိမ်နေတာလဲ"

ခေါ်သံကြားမှ ငေးကြည့်နေမိမှန်း သူ့ကိုယ်သူ
သိတော့သည်။

"အင်း ဟိုgroup project အတွက် အတွေး
လွန်သွားလို့"

ငေးကြည့်မိသွားမှန်း ဝန်မခံချင်တော့
ကျောင်းဘက်သို့ အကြောင်းပြချက်ပေး
ရသည်။ကိုယ်ပိုင်မူဖြင့် မျက်မှန်ကို ပင့်တင်ရင်း
ကိုကို့ဆီမှ စကားသံတို့လည်း ထွက်လာသည်။
နားမလည်သလိုလေး တွေးစစနှင့်မေးလာတော့
မောင်ပြုံးတာ နှစ်နှစ်ခြိုက်ခြိုက်။

"group project ??"

"ဒီလို ကိုကိုရဲ့ ကျောင်းပြီးခါနီးမှာ
လုပ်ရတဲ့group project"

"ဒါဆို မောင်ကကျောင်းပြီးတော့မှာလား"

"အင်းလေ ကိုကိုရဲ့၊ကျွန်တော်ကPrivate School တက်တာမို့လေ။HNDပြီးရင်BEဆက်တက်လို့
လည်းရတယ်"

ချစ်ရပါသောမောင် (ချစ်ရပါသောမောင် ){Completed}Where stories live. Discover now